ဘယ္လိုလူေတြ ျမန္ျမန္ ဆန္ဆန္ ခ်မ္းသာေလ့ ရွိသလဲ … သင့္ကို လူခ်မ္းသာ ျဖစ္ေစမယ့္ နည္းလမ္း

ဘယ္လိုလူေတြ ျမန္ျမန္ ဆန္ဆန္ ခ်မ္းသာေလ့ ရွိသလဲ … သင့္ကို လူခ်မ္းသာ ျဖစ္ေစမယ့္ နည္းလမ္း

ျမန္ျမန္ ဆန္ဆန္ ခ်မ္းသာႏိုင္မယ့္ နည္းလမ္းေတြ ရွိပါတယ္။ ဓားျပတိုက္မွ၊ ေမွာင္ခိုလုပ္မွ၊ ခိုးမွ ခ်မ္းသာမွာ မဟုတ္ပါဘူး။ ဒီလို ရာဇဝတ္မႈနဲ႔မကင္းတဲ့ ခ်မ္းသာမႈမ်ိဳးကို သင္လည္း လိပ္ျပာသန႔္မွာ မဟုတ္ပါဘူး။ ဒီေတာ့ D Nae Khit က ျမန္ျမန္ဆန္ဆန္ ခ်မ္းသာႏိုင္မယ့္ နည္းလမ္းေတြကို မွ်ေဝခ်င္ပါတယ္။ ဒီအေလ့ အက်င့္ေကာင္းေတြက သင့္ကို လူခ်မ္းသာ ျဖစ္ေစမွာပါ။

(၁) လစဥ္ ဝင္ေငြရဲ႕ (၁၅)%ကေန (၂၀)%အတြင္း ရေအာင္မျဖစ္ေနစုပါ

သင္ဝင္ေငြ နည္းတာမ်ားတာက သင္လက္ရွိ လုပ္ေနတဲ့အလုပ္နဲ႔ သက္ဆိုင္ ပါတယ္။ ဝင္ေငြေကာင္းဖို႔အတြက္ သင့္မွာ ပုဂၢိဳလ္ေရးအရည္အေသြးေတြ စံခ်ိန္မီေနရင္၊ လက္ရွိထက္ပိုေကာင္းတဲ့ လုပ္ငန္းေတြ သင္ရွာေဖြႏိုင္ပါလိမ့္မယ္။ ဘာပဲျဖစ္ျဖစ္ လစဥ္ သင့္ဝင္ေငြရဲ႕ (၁၅)%ကေန၊ (၂၀)%အထိ စုျဖစ္ေအာင္ စုပါ။

(၂) အခ်ိန္ရဲ႕တန္ဖိုး၊ ေငြရဲ႕တန္ဖိုးကို သိေအာ င္သင္ယူပါ

လူဆင္းရဲေတြက ေန႔တြက္၊ လတြက္နဲ႔ အလုပ္လုပ္ၾက ပါသတဲ့။ လူခ်မ္းသာေတြက အခ်ိန္နဲ႔ အလုပ္လုပ္ၾကပါတယ္။ မတူညီတဲ့ အလုပ္လမ္းေၾကာင္းတစ္ခုမွာ အခ်ိန္ကို တန္ဖိုးထားမႈနဲ႔ ေငြရဲတန္ဖိုးကို သိမႈကလည္း ကြာျခားပါလိမ့္မယ္။ အခ်ိန္ရဲ႕တန္ဖိုးကို သိေလ၊ ေငြရဲ႕တန္ဖိုးကို သင္စရာမလိုပဲ သိလာမွာပါ။

တကယ္ခ်မ္းသာေနသူေတြဟာ အခ်ိန္နဲ႔ ေငြ ရဲ႕တန္ဖိုးကို သိပါတယ္။ သူတို ႔ရဲ႕အခ်ိန္ကို အလဟသ ျဖဳန္းတီးလိုက္တာမ်ိဳး မရွိသလို၊ ဒီလိုပဲ သူတို႔ရဲ႕အခ်ိန္နဲ႔ညီမွ်တဲ့ ေငြေၾကးကိုလည္း ေတာ္႐ုံအေၾကာင္းအရာတစ္ခုနဲ႔ အလဟသ ျဖဳန္းတီးတာမ်ိဳး မရွိပါဘူး။

(၃) မပိုင္ဘဲ ျခင္မ႐ိုက္ပါနဲ႔

ျမန္မာစကားပုံေလးကေတာ့ မပိုင္ဘဲ ျခင္ေတာင္ မ႐ိုက္ဘူး-ဆို ပါတယ္။ တကယ္က စီးပြားေရးလုပ္တဲ့အခါမွာ ပုဂၢိဳလ္ေရး ယုံၾကည္မႈေၾကာင့္၊ ဒါမွမဟုတ္ တစ္ဖက္လူက ယုံေလာက္ေအာင္ေျပာလို႔ ေရာေယာင္ၿပီး စီးပြားေရးလုပ္တာမ်ိဳး မလုပ္ပါနဲ႔။ ကိုယ္လည္း တကယ္သိတယ္၊ ကြၽမ္းတယ္၊ က်င္လည္တယ္ ဆိုတဲ့ အပိုင္ေသျခာတဲ့ ဂြင္မ်ိဳးကိုသာ ရင္းနီးျမႇဳပ္ႏွံဖို႔ ဆုံးျဖတ္ပါ။

(၄) အေပ်ာ္အပါး ေလာင္းကစား အဆက္ျဖတ္ ထားပါ

ကမာ ၻ႔ဒိတ္ဒိတ္က်ဲ သူေဌးႀကီးေတြဟာ အေပ်ာ္အပါး၊ ေလာင္းကစား ဝါသနာမပါၾကပါဘူး။ သူတို႔ဟာ သူတို႔ ႀကိဳးစားအားထုတ္မႈေၾကာင့္မဟုတ္တဲ့ ပိုက္ဆံျခဴးတစ္ျပားကို မက္ေမာသူေတြမဟုတ္သလို၊ သူတို႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြက ထီထိုးစရာ၊ ဖဲ႐ိုက္စရာ၊ ေလာင္းကစား လုပ္စရာမလိုေအာင္ထိ ေသခ်ာပါတယ္။ အေပ်ာ္အပါးလည္း မလိုက္စားၾကပါဘူး။ သူတို႔ အားလပ္တဲ့အခ်ိန္ကို စာဖတ္ျခင္း၊ ေအးေအးလူလူ အေႏွာက္ယွက္ကင္းကင္း အနားယူျခင္းနဲ႔ အသုံးျပဳေလ့ ရွိၾကပါတယ္။

(၅) စိတ္ကူးယဥ္တာထက္၊ လက္ေတြ႕အေကာင္ အထည္ေဖာ္ရတဲ့အက်င့္

စိတ္ကူးကေတာ့ လူတိုင္း ယဥ္ၾကတာပါဘဲ။ ဒါေပမယ့္ စိတ္ကူး ကို လက္ေတြ႕အေကာင္အထည္ေဖာ္ဖို႔ ပ်က္ကြက္ရင္ အက္ဒီဆင္ဆိုတာကိုလည္း ခင္ဗ်ားတို႔ ၾကားဖူးမွာ မဟုတ္ပါဘူး။ အိုင္ဆက္နယူတန္ကိုလည္း သိေတာင္မွ သိခ်င္မွ သိမွာပါ။ သူတို႔ဟာ စိတ္ကူးစိတ္သန္းေတြကို တကယ္လက္ေတြ႕ျဖစ္လာေအာင္ အေကာင္အထည္ ေဖာ္ခဲ့သူေတြပါ။

ဒါေၾကာင့္ မဟတၱမဂႏၵီက စကားလုံးေပါင္း တစ္ေထာင္ထက္၊ လက္ေတြ႕လုပ္ေဆာင္မႈတစ္ခုက ပိုၿပီးအက်ိဳးရွိတယ္လို႔ ဆိုခဲ့တာပါဘဲ။ လက္ေတြ႕အေကာင္အထည္မပါတဲ့ စိတ္ကူးယဥ္မႈသက္သက္ဟာ ဘယ္သူ႔ကိုမွ အက်ိဳးမျပဳႏိုင္ပါဘူး။ ဒီေတာ့ ေတြးသင့္သေလာက္ေတြး၊ ထိေရာက္ေအာင္ အေကာင္ထည္ေဖာ္ ဖို႔လည္း မေမ့ပါနဲ႔။

ဘာသာျပန္-လင္းေဇာ္ကို

unicode

ဘယ်လိုလူတွေ မြန်မြန် ဆန်ဆန် ချမ်းသာလေ့ ရှိသလဲ … သင့်ကို လူချမ်းသာ ဖြစ်စေမယ့် နည်းလမ်း

မြန်မြန် ဆန်ဆန် ချမ်းသာနိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။ ဓားပြတိုက်မှ၊ မှောင်ခိုလုပ်မှ၊ ခိုးမှ ချမ်းသာမှာ မဟုတ်ပါဘူး။ ဒီလို ရာဇဝတ်မှုနဲ့မကင်းတဲ့ ချမ်းသာမှုမျိုးကို သင်လည်း လိပ်ပြာသန့်မှာ မဟုတ်ပါဘူး။ ဒီတော့ D Nae Khit က မြန်မြန်ဆန်ဆန် ချမ်းသာနိုင်မယ့် နည်းလမ်းတွေကို မျှဝေချင်ပါတယ်။ ဒီအလေ့ အကျင့်ကောင်းတွေက သင့်ကို လူချမ်းသာ ဖြစ်စေမှာပါ။

(၁) လစဉ် ဝင်ငွေရဲ့ (၁၅)%ကနေ (၂၀)%အတွင်း ရအောင်မဖြစ်နေစုပါ

သင်ဝင်ငွေ နည်းတာများတာက သင်လက်ရှိ လုပ်နေတဲ့အလုပ်နဲ့ သက်ဆိုင် ပါတယ်။ ဝင်ငွေကောင်းဖို့အတွက် သင့်မှာ ပုဂ္ဂိုလ်ရေးအရည်အသွေးတွေ စံချိန်မီနေရင်၊ လက်ရှိထက်ပိုကောင်းတဲ့ လုပ်ငန်းတွေ သင်ရှာဖွေနိုင်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လစဉ် သင့်ဝင်ငွေရဲ့ (၁၅)%ကနေ၊ (၂၀)%အထိ စုဖြစ်အောင် စုပါ။

(၂) အချိန်ရဲ့တန်ဖိုး၊ ငွေရဲ့တန်ဖိုးကို သိအော င်သင်ယူပါ

လူဆင်းရဲတွေက နေ့တွက်၊ လတွက်နဲ့ အလုပ်လုပ်ကြ ပါသတဲ့။ လူချမ်းသာတွေက အချိန်နဲ့ အလုပ်လုပ်ကြပါတယ်။ မတူညီတဲ့ အလုပ်လမ်းကြောင်းတစ်ခုမှာ အချိန်ကို တန်ဖိုးထားမှုနဲ့ ငွေရဲတန်ဖိုးကို သိမှုကလည်း ကွာခြားပါလိမ့်မယ်။ အချိန်ရဲ့တန်ဖိုးကို သိလေ၊ ငွေရဲ့တန်ဖိုးကို သင်စရာမလိုပဲ သိလာမှာပါ။

တကယ်ချမ်းသာနေသူတွေဟာ အချိန်နဲ့ ငွေ ရဲ့တန်ဖိုးကို သိပါတယ်။ သူတို့ရဲ့အချိန်ကို အလဟသ ဖြုန်းတီးလိုက်တာမျိုး မရှိသလို၊ ဒီလိုပဲ သူတို့ရဲ့အချိန်နဲ့ညီမျှတဲ့ ငွေကြေးကိုလည်း တော်ရုံအကြောင်းအရာတစ်ခုနဲ့ အလဟသ ဖြုန်းတီးတာမျိုး မရှိပါဘူး။

(၃) မပိုင်ဘဲ ခြင်မရိုက်ပါနဲ့

မြန်မာစကားပုံလေးကတော့ မပိုင်ဘဲ ခြင်တောင် မရိုက်ဘူး-ဆို ပါတယ်။ တကယ်က စီးပွားရေးလုပ်တဲ့အခါမှာ ပုဂ္ဂိုလ်ရေး ယုံကြည်မှုကြောင့်၊ ဒါမှမဟုတ် တစ်ဖက်လူက ယုံလောက်အောင်ပြောလို့ ရောယောင်ပြီး စီးပွားရေးလုပ်တာမျိုး မလုပ်ပါနဲ့။ ကိုယ်လည်း တကယ်သိတယ်၊ ကျွမ်းတယ်၊ ကျင်လည်တယ် ဆိုတဲ့ အပိုင်သေခြာတဲ့ ဂွင်မျိုးကိုသာ ရင်းနီးမြှုပ်နှံဖို့ ဆုံးဖြတ်ပါ။

(၄) အပျော်အပါး လောင်းကစား အဆက်ဖြတ် ထားပါ

ကမာ ္ဘ့ဒိတ်ဒိတ်ကျဲ သူဌေးကြီးတွေဟာ အပျော်အပါး၊ လောင်းကစား ဝါသနာမပါကြပါဘူး။ သူတို့ဟာ သူတို့ ကြိုးစားအားထုတ်မှုကြောင့်မဟုတ်တဲ့ ပိုက်ဆံခြူးတစ်ပြားကို မက်မောသူတွေမဟုတ်သလို၊ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေက ထီထိုးစရာ၊ ဖဲရိုက်စရာ၊ လောင်းကစား လုပ်စရာမလိုအောင်ထိ သေချာပါတယ်။ အပျော်အပါးလည်း မလိုက်စားကြပါဘူး။ သူတို့ အားလပ်တဲ့အချိန်ကို စာဖတ်ခြင်း၊ အေးအေးလူလူ အနှောက်ယှက်ကင်းကင်း အနားယူခြင်းနဲ့ အသုံးပြုလေ့ ရှိကြပါတယ်။

(၅) စိတ်ကူးယဉ်တာထက်၊ လက်တွေ့အကောင် အထည်ဖော်ရတဲ့အကျင့်

စိတ်ကူးကတော့ လူတိုင်း ယဉ်ကြတာပါဘဲ။ ဒါပေမယ့် စိတ်ကူး ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ပျက်ကွက်ရင် အက်ဒီဆင်ဆိုတာကိုလည်း ခင်ဗျားတို့ ကြားဖူးမှာ မဟုတ်ပါဘူး။ အိုင်ဆက်နယူတန်ကိုလည်း သိတောင်မှ သိချင်မှ သိမှာပါ။ သူတို့ဟာ စိတ်ကူးစိတ်သန်းတွေကို တကယ်လက်တွေ့ဖြစ်လာအောင် အကောင်အထည် ဖော်ခဲ့သူတွေပါ။

ဒါကြောင့် မဟတ္တမဂန္ဒီက စကားလုံးပေါင်း တစ်ထောင်ထက်၊ လက်တွေ့လုပ်ဆောင်မှုတစ်ခုက ပိုပြီးအကျိုးရှိတယ်လို့ ဆိုခဲ့တာပါဘဲ။ လက်တွေ့အကောင်အထည်မပါတဲ့ စိတ်ကူးယဉ်မှုသက်သက်ဟာ ဘယ်သူ့ကိုမှ အကျိုးမပြုနိုင်ပါဘူး။ ဒီတော့ တွေးသင့်သလောက်တွေး၊ ထိရောက်အောင် အကောင်ထည်ဖော် ဖို့လည်း မမေ့ပါနဲ့။

ဘာသာပြန်-လင်းဇော်ကို

Add a Comment

Your email address will not be published. Required fields are marked *

seventeen − ten =