အဝါရောင် ဝတ်စုံလေး နဲ့ အရမ်း လှလွန်း နေတဲ့ ဆေးကျောင်း သူလေး ဟေလရီစိုး

ပရိတ်သတ်ကြီးရေ အခုတစ်ခါ ချစ်စရာ အရမ်းကောင်းတဲ့ ပုံရိပ်လေးတွေ ကြောင့် ပရိသတ်တွေ ကြားမှာ နာမည် အရမ်းကြီးနေတဲ့ ဆေးကျောင်းသူ Photo Modelလေး Hillary Soe(ဟေလရီစိုး)နဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးလေးတစ်ယောက်လို ချစ်စရာအပြုံး၊ ဖြူဝင်းနုဖတ်တဲ့အသားအရေနဲ့ အရမ်းကိုချစ်စရာကောင်းတ ဲ့ကောင်မလေး တစ်ယောက်ကတော့ ရခိုင် တိုင်းရင်း သူလေး ဟေလရီစိုး(မေသဒ္ဓါ) ဘဲဖြစ်ပါတယ်။

စကားသံဝဲဝဲလေးနဲ့သူမကတော့ ၂၀၁၈ ကနေစပီး သူမရဲ့ အလှပုံလေးတွေကို ဆိုရှယ်မီဒီယာကနေ ပရိတ်သတ်ကိုချပြလေ့ရှိပါတယ်။ ချစ်စရာကောင်းလှတဲ့ သူမရဲ့ပုံရိပ်လေးတွေကြောင့် ယောင်္ကျားလေး မိန်းကလေးပရိတ်သတ်တွေကြား လူကြိုက်များလှပါတယ်။ အနုပညာအနေနဲ့တော့ သရုပ်ဆောင်ပိုင်းကိုပိုမိုနှစ်သက်ပြီး တစ်ဖြည်းဖြည်းချင်း သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနေပါတယ်တဲ့။

သူမက ရုပ်ရည်လေးလဲ လှသလို ပညာအရည် အချင်း ကလည်း ဆေးတက္ကသိုလ်(၂)မှာ ဒုတိယနှစ်တက်နေတဲ့ ဆရာဝန်လောင်း ကျောင်းသူလေးဘဲဖြစ်ပါတယ်။ အမေကနှလုံးမကောင်းတော့ နှလုံးအထူးကုဖြစ်အောင်လုပ်မယ်ဆိုပီးလည်း ရည်မှန်းထားတဲ့ စိတ်ထားလည်းလှတဲ့ ဆရာဝန်မလေး တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo- Hillary So

Add a Comment

Your email address will not be published.

14 − 13 =