ချစ်သူတရုတ်လေးနဲ့ အတူ တရုတ်နှစ်သစ်ကူးအချိန်အခါကို အတူတူဖြတ်သန်းနေတဲ့ “မြတ်သူသူ”

ပရိသတ်ကြီးရေ…MRTV-4 ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေမှ တစ်ဆင့်လူသိများကျော်ကြား လာခဲ့တဲ့ မင်းသမီးလေး မြတ်သူသူ ကိုတော့ အားလုံးပဲချစ်ခင်အားပေးနေမှာ အသေအချာပါပဲ။သူမကိုပိုမိုလူသိများလာစေတဲ့ ပျားရည်အိုင် ဇာတ်လမ်းတွဲလေးကလဲ ပရိသတ်တွေ ကြားမှာ အတော်လေး ရေပန်းစားအောင်မြင်ခဲ့ပါတယ်။သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေကြောင့်လဲ အားလုံးကချစ်ခင်အားပေးကြပြီးတော့ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတိုင်းဟာ အောင်မြင်ခဲ့ပါတယ်။

ဒီကနေ့မှာလည်း မြတ်သူသူက သူမချစ်ရတဲ့ ရှမ်းတရုတ်ကပြားချစ်သူနဲ့ အတူရိုက်ကူးခဲ့တဲ့ အမှတ်တရဓာတ်ပုံတွေကို ဝေမျှလာပါတယ်။ မြတ်သူသူက မနက်ဖြန်မှာကျရောက်တော့မယ့် တရုတ်နှစ်သစ်ကူးပွဲတော်ကိုကြိုဆိုတဲ့အနေနဲ့ သူမရဲ့ချစ်သူနဲ့အတူ တရုတ်ဝတ်စုံလေးတွေဝတ်ပြီး ဓာတ်ပုံ ရိုက်ကူးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

မြတ်သူသူတို့ချစ်သူနှစ်ယောက်ကတော့ တရုတ်နှစ်သစ်ကူးကို တရုတ်ဝတ်စုံလေးတွေ ဝတ်ပြီး ကြိုဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ မြတ်သူသူတို့ချစ်သူနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။

Credit