အသည်းကွဲသီချင်းတွေဆိုရင်း ဝမ်းနည်းမျက်ရည်တသွင်သွင်စီးခဲ့တဲ့ “လွှမ်းပိုင်” ရဲ့ ဗီဒီယို

Posted on

လွှမ်းပိုင်နဲ့ Bobby Soxer တို့ ကတော့ ဂီတလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲတစ်တွဲပါ။တွဲလာတဲ့ ချစ်သူသက်တမ်း ကလည်း ကြာခဲ့ပါပြီ။ နှစ်ယောက်လုံးကလည်း Hip-Hop ဂီတလောကရဲ့ နာမည်ကြီး aတွပါ။ဂီတလောက ထဲကို စတင်ဝင်ရောက်လာခဲ့တည်း သူတို့နှစ်ဦးကြားက ပတ်သက်မှုကို အတိအလင်း အသိပေးပြီး တွဲလာခဲ့ပြီးနောက် ချစ်သူသက်တမ်း (၁၃) နှစ်ကျော်အကြာမှာ လမ်းခွဲပြတ်ဆဲလိုက်ကြတာပဲ ဖြစ်ပါတယ်။ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ အချစ်ရေး အခုလိုဆုံးခန်းတိုင်သွားခဲ့ပြီ ဆိုပေမယ့် ပရိသတ်တွေကတော့ နှမြောတသရှိကြတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း လွှမ်းပိုင်ရော Bobby Soxer ရောက အလုပ်တွေကိုရှေ့ဆက်လုပ်ကိုင်နေကြပြီး အေးအေးဆေးဆေးရှိကြတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ လွှမ်းပိုင်ဟာ နိုက်ကလပ်တစ်ခုမှာ သီချင်းသွားဆိုခဲ့ရာ သူ့ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “ကာဗွန်ဒိုင်အောက်ဆိုက်” သီချင်းလေးကို သီဆိုခဲ့ပါတယ်။ အဆိုပါသီချင်းဆိုနေရင်း နဲ့ လွှမ်းပိုင်ဟာ ခံစားချက်တွေပြင်းထန်လာပြီး မျက်ရည်တွေကျလာခဲ့တာကို အဆိုပါရှိုးပွဲကိုကြည့်ခဲ့တဲ့ ပရိသတ်တွေက မိမိရရမှတ်တမ်းတင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။

လွှမ်းပိုင်ကတော့ သီချင်းဆိုနေရင်းနဲ့ ဘာအကြောင်းကြောင့် မျက်ရည်ကျလာခဲ့ရတယ်ဆိုတာကို မသိရပေမယ့် ပရိသတ်တွေ ကတော့ လွှမ်းပိုင်နဲ့ Bobby Soxer ကို ပြန်လည်အဆင်ပြေစေချင်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွှမ်းပိုင်နဲ့ Bobby Soxer တို့နှစ်ယောက်စလုံးက သူတို့ရဲ့ဆုံးဖြတ်ချက်ကို သေချာနှစ်ရှည်စဉ်းစားပြီးမှ လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

Credit