စစ္တပ္ လွ်ဳိ႕ဝွက္ခ်က္ ေပါက္ၾကားမႈေၾကာင့္ တရုတ္ ရဲ႕ ကူးစက္သူ စာရင္းအမွန္ ထြက္ေပၚလာ

စစ္တပ္ လွ်ဳိ႕ဝွက္ခ်က္ ေပါက္ၾကားမႈေၾကာင့္ တရုတ္ ရဲ႕ ကူးစက္သူ စာရင္းအမွန္ ထြက္ေပၚလာ

တရုတ္စစ္တပ္ ရဲ႕ လွ်ဳိ႕ဝွက္ စာရင္းေပါက္ၾကားမႈကေန သိရတဲ့ တရုတ္ႏုိင္ငံရဲ႕ အံ့အား သင့္ဖြယ္ရာ ကူးစက္သူဦးေရ…

တ႐ုတ္တပ္မေတာ္ နည္းပညာတကၠသိုလ္တစ္ခု ရဲ႕ ေပါက္ၾကားလာတဲ့ စာရင္းေတြအရ တ႐ုတ္ႏိုင္ငံ ရဲ႕ ကူးစက္သူစာရင္းေတြဟာ လက္ရွိထုတ္ျပန္ထားတာထက္ ပိုမ်ားေနေၾကာင္း သိရွိရပါတယ္။ တ႐ုတ္အစိုးရရဲ႕ တရားဝင္စာရင္းေတြအရ ကို႐ိုနာကူးစက္သူ ၈၄၀၂၉ ဦးသာရွိၿပီး အဆိုပါစာရင္းကို လူအမ်ားစုက မယုံၾကည္ႏိုင္ျဖစ္ေန ပါတယ္။

အခုေတာ့ နည္းပညာ တကၠသိုလ္ရဲ႕ ေပါက္ၾကားမႈေၾကာင့္ ကူးစက္ခံရသူအေရအတြက္ ၆၄၀၀၀၀ (ေျခာက္သိန္းေလးေသာင္း) ေက်ာ္ရွိေၾကာင္း ေတြ႕ရွိရပါတယ္။ ၿဗိတိန္မီဒီယာတစ္ခုရရွိခဲ့တဲ့ ေဒတာေတြမွာ ကူးစက္ခံရသူစာရင္းအပါအဝင္ ကူးစက္မႈအေျခအေန သုံးသပ္ခ်က္ေတြ လည္း ပါဝင္ပါတယ္။

စာရင္းဇယားေတြမွာ တ႐ုတ္ၿမိဳ႕ေတာ္ ၂၃၀ ရဲ႕ စာရင္းအေသးစိတ္ပါဝင္ၿပီး ခန္႔မွန္းေျခ ၆၄၀၀၀၀ ေက်ာ္မယ္လို႔ သိရပါတယ္။ မွတ္တမ္းေတြကို ေဖေဖာ္ဝါရီလ ကတည္းက ေကာက္ယူခဲ့တာျဖစ္ၿပီး ေရာဂါျဖစ္ပြားတဲ့ ေနရာကို ေလာင္ဂ်ီက်ဳ၊ လက္တီက်ဳေတြအျပင္ ရက္စြဲအတိအက်နဲ႔မွတ္တမ္း တင္ထားတာ ေတြ႕ရွိရပါတယ္။

တည္ေနရာျပတဲ့ေနရာေတြမွာ ေဆး႐ုံေတြအျပင္ တိုက္ခန္း၊ ဟိုတယ္၊ စူပါမားကတ္၊ ဘူတာ႐ုံ၊ စားေသာက္ဆိုင္၊ ေက်ာင္းနဲ႔ KFC ဆိုင္ေတြမွာပါ ပါဝင္ ပါတယ္။ တခ်ိဳ႕စာရင္းေတြမွာ စာရင္းထပ္တိုးေတြေပါင္းမွတ္ထားတာေတြ႕ရပါတယ္။ ဥပမာ။ မတ္လ ၁၇ ရက္ေန႔က ဟာဘင္ဘုရားေက်ာင္း ကူးစက္မႈမွာ တစ္ဦးထက္ပိုတဲ့ မွတ္တမ္းတင္မႈေတြ ေတြ႕ရ ပါတယ္။

ဒီေဒတာေတြကို ဘယ္လိုစုေဆာင္း ခဲ့သလဲဆိုတာ အတိအက်မပါေပမဲ့ ေဆး႐ုံနဲ႔ ရဲစခန္းေတြက တဆင့္ စုေဆာင္းခဲ့တာျဖစ္ႏိုင္တယ္ ေလ့လာသူေတြက ဆိုပါတယ္။ ထုိ႔ျပင္ တျခားႏိုင္ငံေတြလို ကူးစက္ခံရမႈ အတည္ျပဳခ်က္စာရင္းမ်ိဳးမဟုတ္ဘဲ ကနဦးစာရင္းသြင္းခ်က္ အေျခအေနမ်ိဳးျဖစ္ပါတယ္။

စာရင္းေတြမွာ ကူးစက္ခံရသူ အမည္နဲ႔လိပ္စာ မပါဝင္ဘဲ ကူးစက္မႈတည္ေနရာနဲ႔ အေရအတြက္သာ ပါဝင္လို႔ သီးျခားအတည္ျပဳလို႔ မရခဲ့ပါဘူး။ ေရာဂါေတြ႕ရွိသူအမ်ားစုဟာ ေရာဂါလကၡဏာမေတြ႕ဘဲကူးစက္ခံရသူေတြျဖစ္လို႔ အခ်က္အလက္ ေကာက္ယူရာမွာ အခက္အခဲေတြေတြ႕ႏိုင္တယ္လို႔ ေဒတာမွာ မွတ္တမ္း တင္ထားပါတယ္။

အေမရိကန္နဲ႔ WHO ကေတာ့ တ႐ုတ္တကၠသိုလ္ေဒတာေပါက္ၾကားမႈ နဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံဘက္ေတာ့ ေဒတာေပါက္ၾကားမႈနဲ႔ပတ္သက္ၿပီး ေျဖရွင္း ထားျခင္း မရွိေသးပါဘူး။

crd : whitesone

unicode

စစ်တပ် လျှို့ဝှက်ချက် ပေါက်ကြားမှုကြောင့် တရုတ် ရဲ့ ကူးစက်သူ စာရင်းအမှန် ထွက်ပေါ်လာ

တရုတ်စစ်တပ် ရဲ့ လျှို့ဝှက် စာရင်းပေါက်ကြားမှုကနေ သိရတဲ့ တရုတ်နိုင်ငံရဲ့ အံ့အား သင့်ဖွယ်ရာ ကူးစက်သူဦးရေ…

တရုတ်တပ်မတော် နည်းပညာတက္ကသိုလ်တစ်ခု ရဲ့ ပေါက်ကြားလာတဲ့ စာရင်းတွေအရ တရုတ်နိုင်ငံ ရဲ့ ကူးစက်သူစာရင်းတွေဟာ လက်ရှိထုတ်ပြန်ထားတာထက် ပိုများနေကြောင်း သိရှိရပါတယ်။ တရုတ်အစိုးရရဲ့ တရားဝင်စာရင်းတွေအရ ကိုရိုနာကူးစက်သူ ၈၄၀၂၉ ဦးသာရှိပြီး အဆိုပါစာရင်းကို လူအများစုက မယုံကြည်နိုင်ဖြစ်နေ ပါတယ်။

အခုတော့ နည်းပညာ တက္ကသိုလ်ရဲ့ ပေါက်ကြားမှုကြောင့် ကူးစက်ခံရသူအရေအတွက် ၆၄၀၀၀၀ (ခြောက်သိန်းလေးသောင်း) ကျော်ရှိကြောင်း တွေ့ရှိရပါတယ်။ ဗြိတိန်မီဒီယာတစ်ခုရရှိခဲ့တဲ့ ဒေတာတွေမှာ ကူးစက်ခံရသူစာရင်းအပါအဝင် ကူးစက်မှုအခြေအနေ သုံးသပ်ချက်တွေ လည်း ပါဝင်ပါတယ်။

စာရင်းဇယားတွေမှာ တရုတ်မြို့တော် ၂၃၀ ရဲ့ စာရင်းအသေးစိတ်ပါဝင်ပြီး ခန့်မှန်းခြေ ၆၄၀၀၀၀ ကျော်မယ်လို့ သိရပါတယ်။ မှတ်တမ်းတွေကို ဖေဖော်ဝါရီလ ကတည်းက ကောက်ယူခဲ့တာဖြစ်ပြီး ရောဂါဖြစ်ပွားတဲ့ နေရာကို လောင်ဂျီကျု၊ လက်တီကျုတွေအပြင် ရက်စွဲအတိအကျနဲ့မှတ်တမ်း တင်ထားတာ တွေ့ရှိရပါတယ်။

တည်နေရာပြတဲ့နေရာတွေမှာ ဆေးရုံတွေအပြင် တိုက်ခန်း၊ ဟိုတယ်၊ စူပါမားကတ်၊ ဘူတာရုံ၊ စားသောက်ဆိုင်၊ ကျောင်းနဲ့ KFC ဆိုင်တွေမှာပါ ပါဝင် ပါတယ်။ တချို့စာရင်းတွေမှာ စာရင်းထပ်တိုးတွေပေါင်းမှတ်ထားတာတွေ့ရပါတယ်။ ဥပမာ။ မတ်လ ၁၇ ရက်နေ့က ဟာဘင်ဘုရားကျောင်း ကူးစက်မှုမှာ တစ်ဦးထက်ပိုတဲ့ မှတ်တမ်းတင်မှုတွေ တွေ့ရ ပါတယ်။

ဒီဒေတာတွေကို ဘယ်လိုစုဆောင်း ခဲ့သလဲဆိုတာ အတိအကျမပါပေမဲ့ ဆေးရုံနဲ့ ရဲစခန်းတွေက တဆင့် စုဆောင်းခဲ့တာဖြစ်နိုင်တယ် လေ့လာသူတွေက ဆိုပါတယ်။ ထို့ပြင် တခြားနိုင်ငံတွေလို ကူးစက်ခံရမှု အတည်ပြုချက်စာရင်းမျိုးမဟုတ်ဘဲ ကနဦးစာရင်းသွင်းချက် အခြေအနေမျိုးဖြစ်ပါတယ်။

စာရင်းတွေမှာ ကူးစက်ခံရသူ အမည်နဲ့လိပ်စာ မပါဝင်ဘဲ ကူးစက်မှုတည်နေရာနဲ့ အရေအတွက်သာ ပါဝင်လို့ သီးခြားအတည်ပြုလို့ မရခဲ့ပါဘူး။ ရောဂါတွေ့ရှိသူအများစုဟာ ရောဂါလက္ခဏာမတွေ့ဘဲကူးစက်ခံရသူတွေဖြစ်လို့ အချက်အလက် ကောက်ယူရာမှာ အခက်အခဲတွေတွေ့နိုင်တယ်လို့ ဒေတာမှာ မှတ်တမ်း တင်ထားပါတယ်။

အမေရိကန်နဲ့ WHO ကတော့ တရုတ်တက္ကသိုလ်ဒေတာပေါက်ကြားမှု နဲ့ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်တော့ ဒေတာပေါက်ကြားမှုနဲ့ပတ်သက်ပြီး ဖြေရှင်း ထားခြင်း မရှိသေးပါဘူး။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

17 + 9 =