ကို႐ိုနာ ကပ္ေဘး ၿပီးဆုံးေၾကာင္း ဆလိုေဗးနီးယားႏိုင္ငံ ပထမဆုံး ေၾကညာ

ကို႐ိုနာ ကပ္ေဘး ၿပီးဆုံးေၾကာင္း ဆလိုေဗးနီးယားႏိုင္ငံ ပထမဆုံး ေၾကညာ

ဆလိုေဗးနီးယားႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ၿပီးဆုံးၿပီလို႔ ေမလ ၁၄ ရက္မွာ အစိုးရ က တရားဝင္ ေၾကညာလိုက္ရာ ကပ္ေရာဂါၿပီးဆုံးေၾကာင္း ေၾကညာတဲ့ ပထမဆုံး ဥေရာပႏိုင္ငံ ျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ သီတင္းႏွစ္ပတ္အတြင္း ေန႔စဥ္ ကူးစက္သူ ၇ ေယာက္ေအာက္ ေလ်ာ့နည္း တယ္လို႔ တာဝန္ရွိသူေတြက အတည္ျပဳေျပာဆိုခဲ့ပါတယ္ ဥေရာပမွာ ဆလိုေဗးနီးယားရဲ႕ ကပ္ေရာဂါ ျဖစ္ပြားမႈအေျခအေနက အသက္သာဆုံး အေနအ ထားမွာ ရွိတယ္လို႔ ေမလ ၁၄ ရက္မွာ ဝန္ႀကီးခ်ဳပ္ ယြန္းနက္စ္ဂ်န္ဆာက ပါလီမန္ကို ေျပာၾကား ခဲ့ပါတယ္။

အီတလီ၊ ၾသစႀတီးယား၊ ဟန္ေဂရီ၊ ခ႐ိုေအးရွား ႏိုင္ငံေတြ နဲ႔ ထိစပ္ေနၿပီး လူဦးေရ ႏွစ္သန္း ရွိတဲ့ ဆလိုေဗးနီးယားႏိုင္ငံ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္သူ ၁,၄၀၀ ေက်ာ္ရွိၿပီး ေသဆုံးသူ ၁၀၃ ေယာက္ ရွိပါတယ္။ဆလိုေဗးနီးယားႏိုင္ငံမွာ ကပ္ေရာဂါျဖစ္ပြားမႈကို မတ္လ ၁၂ ရက္က ေၾကညာခဲ့ၿပီး မတ္လ အလယ္ပိုင္းကတည္းက တႏိုင္ငံလုံး ေလာ့ေဒါင္းခ်ခဲ့ပါတယ္။ အမ်ားျပည္သူဆိုင္ရာေနရာေတြကို ပိတ္ခဲ့ သလို အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရးေတြ ကိုလည္း ပယ္ဖ်က္ခဲ့ပါတယ္။

ေမလ ၁၅ ရက္က ၿမိဳ႕ေတာ္ လူဘလီယာနာ မွာ ႏွာေခါင္းစည္း နဲ႔ လက္အိတ္ဝတ္သူေတြ မရွိသေလာက္ ျဖစ္ေနၿပီး အသက္ ၈၁ ႏွစ္အ႐ြယ္ ေဒသခံအမ်ိဳးသမီး ကေတာ့ အစိုးရရဲ႕ ကပ္ေရာဂါ ၿပီးဆုံးေၾကာင္း ေၾကညာခ်က္ဟာ သိပ္ကို ေစာလြန္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

crd : panpyoelat

unicode

ကိုရိုနာ ကပ်ဘေး ပြီးဆုံးကြောင်း ဆလိုဗေးနီးယားနိုင်ငံ ပထမဆုံး ကြေညာ

ဆလိုဗေးနီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြီးဆုံးပြီလို့ မေလ ၁၄ ရက်မှာ အစိုးရ က တရားဝင် ကြေညာလိုက်ရာ ကပ်ရောဂါပြီးဆုံးကြောင်း ကြေညာတဲ့ ပထမဆုံး ဥရောပနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နေ့စဉ် ကူးစက်သူ ၇ ယောက်အောက် လျော့နည်း တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုခဲ့ပါတယ် ဥရောပမှာ ဆလိုဗေးနီးယားရဲ့ ကပ်ရောဂါ ဖြစ်ပွားမှုအခြေအနေက အသက်သာဆုံး အနေအ ထားမှာ ရှိတယ်လို့ မေလ ၁၄ ရက်မှာ ဝန်ကြီးချုပ် ယွန်းနက်စ်ဂျန်ဆာက ပါလီမန်ကို ပြောကြား ခဲ့ပါတယ်။

အီတလီ၊ သြစတြီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား နိုင်ငံတွေ နဲ့ ထိစပ်နေပြီး လူဦးရေ နှစ်သန်း ရှိတဲ့ ဆလိုဗေးနီးယားနိုင်ငံ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်သူ ၁,၄၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၃ ယောက် ရှိပါတယ်။ဆလိုဗေးနီးယားနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားမှုကို မတ်လ ၁၂ ရက်က ကြေညာခဲ့ပြီး မတ်လ အလယ်ပိုင်းကတည်းက တနိုင်ငံလုံး လော့ဒေါင်းချခဲ့ပါတယ်။ အများပြည်သူဆိုင်ရာနေရာတွေကို ပိတ်ခဲ့ သလို အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

မေလ ၁၅ ရက်က မြို့တော် လူဘလီယာနာ မှာ နှာခေါင်းစည်း နဲ့ လက်အိတ်ဝတ်သူတွေ မရှိသလောက် ဖြစ်နေပြီး အသက် ၈၁ နှစ်အရွယ် ဒေသခံအမျိုးသမီး ကတော့ အစိုးရရဲ့ ကပ်ရောဂါ ပြီးဆုံးကြောင်း ကြေညာချက်ဟာ သိပ်ကို စောလွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

twelve − one =