







လေးစားစွာဖြင့်

unicode

လော့ဒေါင်း ဆိုပြီး တာဝန် မယူတဲ့ အာဏာပိုင်တွေကြောင့် ပြည်သူတွေ ဒုက္ခရောက် ရတဲ့အဖြစ်

လော့ဒေါင်း ချထားသည့် ပန်းဘဲတန်းမြို့နယ် အတွင်း အရေးပေါ်လူနာသယ်ယူရန် အရေးပေါ်ယာဉ် ဝင်မရအောင် လမ်းများ ကို ပိတ်ဆို့ထားသည့် မြင်ကွင်းများ

၁၆.၀၅.၂၀၂၀ ညသန်းခေါင်းယံ ၁း၁၅ မိနစ်အချိန် လူစိတ်မရှိတဲ့ လူတွေကြောင့် ရပ်ကွက်နေပြည်သူတွေ အသက်အန္တရာယ် ပါ စိုးရိမ်ရတယ်။ မနက်ပိုင်းကြတော့ လမ်းထိပ်တွေမှာ ထိုင်တယ် ညကြတော့ပျောက်နေတယ် မနက်ကြတော့ တာဝန်အရတဲ့ လူတွေကို စိတ်ဒုက္ခပေး အခုလူတွေ ဒုက္ခရောက် တာဝန်အရ ဆိုသူတွေ ဘယ်မှာလဲ?

ပန်းဘဲတန်း အမှတ် (၁) ရပ်ကွက် ၂၅လမ်း အောက်လမ်း မှာ အရေးပေါ် အမောဖောက် လူနာတင်ဖို့ လမ်းထိပ် ကားတွေပိတ်ထားတော့ လူနာတင်ဖို့ အရေးပေါ်ကား ဝင်မရ ဘယ်သူက လမ်းထဲ ဝင်မရအောင် လမ်းထိပ်မှာ ကားပိတ်ရပ်ခိုင်းလဲ အခုလို လုပ်ရပ်မှာ ဘယ်သူတွေ တာဝန်ရှိလဲ တစ်ခြားကိစ္စ မဟုတ်ဝူးနော် အခုက သေရေးရှင်ရေး မှာတော့ လမ်းထဲ ဝင်မရအောင် ပိတ်ထားတယ်ဆိုကတည်းက အရမ်းများသွားပြီး ကိုယ်ချင်းစာ တတ်ကြပါစေဗျာ

မိမိ အိမ်က တစ်ဦးတစ်ယောက် အခုလို အသက်လု ရတဲ့ အဖြစ်မျိုးနဲ့ မကြုံစေနဲ့ လမ်းဝင်ဝ ကို ပိတ်ရပ်ဖို့ ခွင့်ပြုတဲ့ ရပ်ကွက်တာဝန်ရှိသူကိုကော လမ်းဝင်ဝကို ပိတ်ရပ်တဲ့ စာနာစိတ်မရှိတဲ့ သူတွေကိုကော မြို့နယ်တာဝန်ရှိသူများ မည်ကဲ့သို့ ကိုင်တွယ်အရေးယူမည်ကို စောင့်မျှော်ကြည့်ရူ ပါရစေ။

ယနေ့ ပန်းဘဲတန်းရဲ့ အလွဲအမှား စောစော စီးစီး မြင်လိုက်ရတာ အတော် ဒေါသ ထွက်မိတယ်။ လော့ဒေါင်း အစ မှာ အလွဲ အမှားတွေမြင်လို့ ပို့စ်ရေးခဲ့သေးတယ် အဲ့နောက်ပိုင်း ပန်းဘဲတန်းနဲ့ပတ်သက်ပြီး အလွဲအမှားတွေ မြင်ပါလျက်နဲ့ တစ်ခွန်းမှ မပြောပဲ အေးဆေးနေခဲ့တယ် အခုက မပြောလို့ကို မဖြစ်ဝူး စာနာစိတ်မရှိတဲ့ လူတစ်ချို့ကြောင့် လူနာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အဆင့်ထိ ဖြစ်နိုင်တယ် အဲ့တာကြောင့်ကို ရေးတာပါ။

မြို့နယ်တာဝန်ရှိသူများ အမြန်ဆုံး ယခုကဲ့သို့ လုပ်ဆောင်ထားသော မြို့နယ်အတွင်းရှိ လမ်းများကို အရေးယူဆောင်ရွက် နိုင်ပါစေ။

လေးစားစွာဖြင့်
ဇော်မင်းထွန်း @ ပရဟိတကိုကို

Add a Comment

Your email address will not be published. Required fields are marked *

one × four =