ျမန္မာျပည္ က လုပ္စား အန္ဂ်ီအုိ အဖြဲ႕ေတြ ရဲ႕ ေနာက္ကြယ္က အမွန္တရား
|ျမန္မာျပည္က လုပ္စား အန္ဂ်ီအုိ အဖြဲ႕ေတြရဲ႕ ေနာက္ကြယ္ က အမွန္တရား (၂၀၁၇ ခုႏွစ္က ေရးသား ထားတာကုိ ျပန္လည္ေဖာ္ျပလို္က္ပါတယ္)
အိမ္ကကားကို နိုင္ငံျခား NGO အဖြဲ႕တစ္ခုက ငွားေတာ့ ၁၄ သိန္းတဲ့ (တလစာ/ အသားတင္) ကိုယ္ကလည္း မလိုက္နိုင္ေလာက္တာနဲ႔ ဒရိုင္ဘာလိုက္မလား ေမးၾကည့္ေတာ့ တစ္လလံုး ၄ သိန္းေလာက္ေပးမွ လိုက္နိုင္မယ္ဆိုေတာ့ ကိုယ္ဖာကိုပဲေမာင္းေတာ့မယ္ဆိုၿပီး လိုက္လာရင္း ရန္ကုန္မွာ ေသာင္တင္ေနတာေပါ့ ၁၀ ရက္ေလာက္ေတာ့ၾကာၿပီထင္ပါတယ္ ျမင္ရေတြ႕ရတာလည္း အသည္းနာရတယ္။
ဒီ NGO က ျပင္သစ္ အေျခစိုက္ကို ရန္ကုန္ ( ….. ) စင္တာမွာ လာခြဲတာ ရံုးခန္းငွားခနဲ႔ တင္ မစားသာေလာက္ဘူး ဒါေပသိ သူတို႔က Online မွာ page ေထာင္ၿပီး နိုင္ငံတကာကို အလွဴခံတာဆိုေတာ့ တစ္နွစ္တစ္နွစ္ ေဒၚလာကို သန္း ရာနဲ႔ခ်ီရၾကတာဆိုပဲ။
ဟုတ္ေလာက္ပါတယ္ က်ေနာ္ နယ္ေတြ ကုိ လိုက္ပို႔ရတဲ့အခါဆို ေရ ႀကီးတဲ့ေနရာ ဘာညာေပါ့ဗ်ာ အဲသလို ပို႔ရရင္ ဟိုတယ္ခ ဖရီးအျပင္ အသံုးစရိတ္တစ္ည ၁၀၀၀၀ ရတယ္ ကားထဲ ဆီအျပည့္ ျဖည့္ေပးထားတယ္ ေနျပည္ေတာ္က (အမရာ)လို ဟိုတယ္မ်ဳိးကို ကိုယ့္ေငြနဲ႔ကို တည္းပါ့လားဆို နိူးပါဗ်ာ တတ္နိုင္ပါဘူး တစ္ည တစ္သိန္းခြဲ နွစ္သိန္းေလာက္မလား နိူးပါ အန္ကယ္ကေတာ့ နိူးနိူး နိူးပါပဲ ဒါေပမယ့္ ဒီ NGO နဲ႔က်မ တည္းျဖစ္ခဲ့ရတယ္ နတ္ျပည္ေရာက္ေနလား မွတ္ရတယ္ ပထမေတာ့ သာယာမိေပမယ့္ ေနာက္ေတာ့ …. ေအာ္….ကြၽတ္ကြၽတ္လို႔ တမိ တယ္။
သူတို႔ဝန္ထမ္းေတြရဲ႕လစာေမးၾကည့္ေတာ့ သာမာန္ဝန္ထမ္း ၅၀၀၀၀၀( ၅သိန္း )တဲ့ အမေလးေလး တန္လိုက္တာေပါ့ စူပါဗိုက္ဆာက ၇၀၀၀၀၀( ၇သိန္း )တဲ့ ေဟ လုပ္သင့္တာေပါ့ မန္ေနဂ်ာက ၁၀၀၀၀၀၀( ၁သန္း )တဲ့ ဗ်ာ ထိုက္တန္လိုက္တာ စိတ္ကူးမ်ားေတာင္ ယဥ္မိပါတယ္ တကယ္ပါ MD ကျပင္သစ္ ၃၀၀၀၀၀၀ ( ၃သန္း )တဲ့ ဟူး နည္းနည္းေနာေနာ လားဗ်ာ။
MD အတြက္ တိုက္ခန္းပါငွားေပးရေသးတာတဲ့ တိုက္ခန္းဆိုေတာ့ ခင္ဗ်ားတို႔က ကြန္ဒိုမီနီယမ္ေတြ လို႔ ထင္ၾကမွာေပါ့ အာ့ဆိုရင္ေတာ့ အမွားႀကီး မွားၿပီပဲ ပန္းလိႈင္အိမ္ယာက လံုးခ်င္းတိုက္ပါဗ်ာ မိသားစုလိုက္ေနၾကတာ
ဒီ အဖြဲ႕အစည္းထဲမွာ အဂၤလန္ တစ္ေယာက္က လက္ေထာက္ ေနာက္ ဘယ္လ္ဂ်ီယမ္ တစ္ေယာက္ပါေသးတယ္ ျပင္သစ္တို႔ အဂၤလန္တို႔ ျပန္တဲ့အခါမ်ဳိး ထိုင္း ဗီယမ္နန္ စကၤာပူ သြားတာမ်ဳိးတို႔ဆိုရင္ ေလယာဥ္လက္မွတ္ အသံုးစရိတ္ ေလဆိပ္ ႀကိဳပို႔ အကုန္လုပ္ေပးၾကရတာပါ တကယ့္ကို ေအးေဆးပါပဲ ။
အခ်က္အလက္ရွာေဖြဖို႔ သြားရတာမ်ိဳးေတြလည္း ရွိတာေပါ့ အခ်က္အလက္ ဆိုတာကလည္း ၿမိဳ႕ေတြ႐ြာေတြမွာ သူတို႔ဝန္ထမ္းေတြ ထားထားၿပီးသားပါ ဒီ ဝန္ထမ္းေတြကေတာ့ နယ္ခံေတြမ်ားတယ္ ဆိုင္ကယ္တစ္စီးဆီ ဝယ္ေပးထားတယ္ ဖုန္းတစ္လံုးဆီ ဒါမွလည္း သတင္းစံု ပုလင္းစံု ျဖစ္မွာကို အဲသလိုေပါ့ သူတို႔ဝန္ထမ္းေတြက ဘယ္မွာ ဘာျဖစ္လို႔ညာျဖစ္လို႔ သတင္းပို႔တဲ့အခါ ဗဟိုရံုးခြဲက လူေတြက အဲ့ကိုသြား အင္တာေတြဗ်ဴး ဓာတ္ပံုေတြရိုက္ ၿပီးရင္ ျပန္ေပါ့။
နယ္ကို ေလ့လာေရး ခရီးထြက္ရသလိုပဲ ေအးေအးလူလူ ရွိပါ့ က်န္တဲ့ အခ်ိန္ေတြဆို ရံုးခန္းမွာ တေနကုန္ထိုင္ၿပီး Online တက္ေနၾကတာ သူတို႔ေျပာတာေတာ့ သတင္းၾကည့္တာတဲ့ေလ က်ေနာ္တို႔ကေတာ့ အိပ္ပဲ ။
ဒီလို ရွာေဖြလာတဲ့ မွတ္တမ္းဓာတ္ပံုေတြကို ဘယ္နိုင္ငံ ဘယ္ျပည္နယ္ ဘယ္ၿမိဳ႕ ဘယ္႐ြာ ဆိုၿပီး ေနရပ္လိပ္စာနဲ႔ ေနာက္တစ္ဖြဲ႕က Online မွာ တင္ၿပီး လွဴဒါန္းနိုင္ၾကပါသည္လို႔ ေရးတင္ၿပီး အလွဴခံၾကတာ တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေတြဆိုေတာ့ ဓာတ္ပံုေတြက သက္ဝင္ေနတာေပါ့ ဒီေတာ့ နိုင္ငံတကာက နာဂစ္လို အျဖစ္သနွစ္ေတြဆိုေတာ့ သနားစိတ္ေတြႂကြၿပီး လွဴၾကတာေပါ့ အေမရိကန္ေဒၚလာက္ို သန္းခ်ီရၾကတာ အဲဒါကို ခုနက ေနရာေတြဆီ ျပန္လွဴၾကတာေပါ့။
ဒါနဲ႔ ကိုယ္ကလည္း စပ္စုၾကည့္ေတာ့ ” ခင္ဗ်ားတို႔ ရခိုင္မုန္ တိုင္းတုန္းက ဘာေတြ လွဴျဖစ္ၾကလဲ ” ဆိုေတာ့ အိမ္ အလံုး ( ၂၀ ) ေဆာက္ေပးထားတယ္တဲ့ ေနာက္ေကာဆိုေတာ့ အဲ့ေလာက္ပဲတဲ့ ေရာ ခက္ၿပီ အိမ္အလံုး (၂၀ ) ဆိုတာက ဘယ္ေလာက္မ်ားမ်ား ကုန္မွာမို႔လဲဗ်ာ ေဒၚလာ တစ္သိန္းဆိုရင္ပဲ ျမန္မာေငြ သိန္းေထာင္ခ်ီေနပီမလား
ျမန္မာျပည္ရဲ႕ ေက်းလက္ေဒသေတြ မွာက အိမ္တစ္လံုးကို သိန္း ၁၅၀ ဆိုရင္ ရပါၿပီ ေတာ္ေတာ္ ေကာင္းေနပါၿပီ အလံုး ၂၀ ဆိုေတာ့ ျမန္မာေငြ သိန္း ၃၀၀၀ နိုင္ငံတကာက လွဴတာက အေမရိကန္ေဒၚလာ သန္းကို ရာခ်ီလွဴၾကတာပါ သန္း ၁၀၀ / ၂၀၀ နွစ္တိုင္း ရေနတာပါ သူတို႔ ျပည္တြင္းကို ျပန္လွဴတာက တကယ့္ သဘာဝေဘး ျဖစ္မွ ေဒၚလာ ေလးငါးသိန္းေလာက္ပါ ျမန္မာေငြနဲ႔ဆို သိန္း ေလးငါးေထာင္ေပါ့။
ဘာမွမျဖစ္တဲ့ သာမာန္နွစ္ေတြ ဆိုရင္ ဒီလိုပဲ အိေရာအိေရာနဲ႔ ၿပီးသြားတတ္ၾကတာ ဒါေပမယ့္ ဝန္ထမ္းေတြရဲ႕ လခနဲ႔အသံုးစရိတ္က တႏွစ္ပတ္လံုး ဝရမ္းေနတာ ။ ေျပာခ်င္တာက NGO ေတြရဲ႕ ႀကီးမားတဲ့ အသံုးစရိတ္ေတြကိုပါ ဒါကို က်ေနာ္တို႔ေတာ္ေတာ္မ်ားမ်ားက သတိမထားမိၾကပါဘူး ။
ဆင္းရဲမြဲေတမႈျမင့္မားတဲ့ ဘဂၤလားေဒရွ္႕ လို ျမန္မာလို နိုင္ငံေတြဆီက အေၾကကြဲရဆံုးပံုေတြကို အမိအရယူၿပီး Online ကို အေျပးအလႊား တင္ၾကတာ အလွဴေငြ ျမန္ျမန္နဲ႔ မ်ားမ်ား ဦးေအာင္ရေအာင္ေပါ့ လုပ္ၾကတာ။
တစ္ခါတစ္ခါ NGO ခ်င္း ထ သတ္ၾကေသးတာ နင္တို႔ ေဖာင္ေဒးရွင္းက ဘာညာ ဆိုၿပီး ျဖစ္ ၾကေသးတာဗ် အျပင္လည္း သတ္တာပဲ လိုင္းေပၚလည္း တက္သတ္တာပဲ ဒါေတြ ထားပါေတာ့ဗ်ာ ။ က်န္တာ မၾကည့္နဲ႔ဗ်ာ က်ေနာ္တို႔ကို တစ္လေလာက္ငွားတာေတာင္ တပတ္ကို ဖုန္းေဘလ္ ၅၀၀၀ ရတယ္ နယ္ခရီး မရွိရင္ အဲကြန္းခန္း ထဲ အိပ္ ၁၂ နာရီေလာက္က် မနက္စာ ထြက္စား ညေန ၅ နာရီဆို ေသာ့ပိတ္ျပန္ ေအးေဆးမွ တကယ့္ကို ေအးေဆးပဲ ဖက္စလတီက လံုးဝ လံုးဝ အျပည့္ကို ပိုေနပါေသးတယ္။
ဘယ္နားသြားၿပီး အန္ဂ်ီအို လည္း မသိေပမယ့္ သူတို႔ဟာ သူတို႔ေတာ့ အိုဂ်ီအန္ ပီသား ပဲဗ်ာ က်ေနာ္တို႔နိုင္ငံက ဆင္းရဲမြဲေတြမႈေတြ က်ေနာ္တို႔နိုင္ငံက သဘာဝေဘးေတြရဲ႕ မွတ္တမ္းတင္ဓာတ္ပံုေတြကို ကမာၻမွာခ်ျပၿပီး အၫႊန္႔အဖူးေလးေတြ ခူးခပ္ စားေနၾကတာကို က်ေနာ္တို႔ လူမ်ဳိးေတြ သိေစခ်င္ရံုသက္သက္ပါ ။
(ေစတနာသန္႔သန္႔ NGO မ်ားကို မထိခိုက္ေစလိုပါ)
ေနမင္းႏြယ္
unicode
မြန်မာပြည်က လုပ်စား အန်ဂျီအို အဖွဲ့တွေရဲ့ နောက်ကွယ် က အမှန်တရား (၂၀၁၇ ခုနှစ်က ရေးသား ထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်)
အိမ်ကကားကို နိုင်ငံခြား NGO အဖွဲ့တစ်ခုက ငှားတော့ ၁၄ သိန်းတဲ့ (တလစာ/ အသားတင်) ကိုယ်ကလည်း မလိုက်နိုင်လောက်တာနဲ့ ဒရိုင်ဘာလိုက်မလား မေးကြည့်တော့ တစ်လလုံး ၄ သိန်းလောက်ပေးမှ လိုက်နိုင်မယ်ဆိုတော့ ကိုယ်ဖာကိုပဲမောင်းတော့မယ်ဆိုပြီး လိုက်လာရင်း ရန်ကုန်မှာ သောင်တင်နေတာပေါ့ ၁၀ ရက်လောက်တော့ကြာပြီထင်ပါတယ် မြင်ရတွေ့ရတာလည်း အသည်းနာရတယ်။
ဒီ NGO က ပြင်သစ် အခြေစိုက်ကို ရန်ကုန် ( ….. ) စင်တာမှာ လာခွဲတာ ရုံးခန်းငှားခနဲ့ တင် မစားသာလောက်ဘူး ဒါပေသိ သူတို့က Online မှာ page ထောင်ပြီး နိုင်ငံတကာကို အလှူခံတာဆိုတော့ တစ်နှစ်တစ်နှစ် ဒေါ်လာကို သန်း ရာနဲ့ချီရကြတာဆိုပဲ။
ဟုတ်လောက်ပါတယ် ကျနော် နယ်တွေ ကို လိုက်ပို့ရတဲ့အခါဆို ရေ ကြီးတဲ့နေရာ ဘာညာပေါ့ဗျာ အဲသလို ပို့ရရင် ဟိုတယ်ခ ဖရီးအပြင် အသုံးစရိတ်တစ်ည ၁၀၀၀၀ ရတယ် ကားထဲ ဆီအပြည့် ဖြည့်ပေးထားတယ် နေပြည်တော်က (အမရာ)လို ဟိုတယ်မျိုးကို ကိုယ့်ငွေနဲ့ကို တည်းပါ့လားဆို နိူးပါဗျာ တတ်နိုင်ပါဘူး တစ်ည တစ်သိန်းခွဲ နှစ်သိန်းလောက်မလား နိူးပါ အန်ကယ်ကတော့ နိူးနိူး နိူးပါပဲ ဒါပေမယ့် ဒီ NGO နဲ့ကျမ တည်းဖြစ်ခဲ့ရတယ် နတ်ပြည်ရောက်နေလား မှတ်ရတယ် ပထမတော့ သာယာမိပေမယ့် နောက်တော့ …. အော်….ကျွတ်ကျွတ်လို့ တမိ တယ်။
သူတို့ဝန်ထမ်းတွေရဲ့လစာမေးကြည့်တော့ သာမာန်ဝန်ထမ်း ၅၀၀၀၀၀( ၅သိန်း )တဲ့ အမလေးလေး တန်လိုက်တာပေါ့ စူပါဗိုက်ဆာက ၇၀၀၀၀၀( ၇သိန်း )တဲ့ ဟေ လုပ်သင့်တာပေါ့ မန်နေဂျာက ၁၀၀၀၀၀၀( ၁သန်း )တဲ့ ဗျာ ထိုက်တန်လိုက်တာ စိတ်ကူးများတောင် ယဉ်မိပါတယ် တကယ်ပါ MD ကပြင်သစ် ၃၀၀၀၀၀၀ ( ၃သန်း )တဲ့ ဟူး နည်းနည်းနောနော လားဗျာ။
MD အတွက် တိုက်ခန်းပါငှားပေးရသေးတာတဲ့ တိုက်ခန်းဆိုတော့ ခင်ဗျားတို့က ကွန်ဒိုမီနီယမ်တွေ လို့ ထင်ကြမှာပေါ့ အာ့ဆိုရင်တော့ အမှားကြီး မှားပြီပဲ ပန်းလှိုင်အိမ်ယာက လုံးချင်းတိုက်ပါဗျာ မိသားစုလိုက်နေကြတာ
ဒီ အဖွဲ့အစည်းထဲမှာ အင်္ဂလန် တစ်ယောက်က လက်ထောက် နောက် ဘယ်လ်ဂျီယမ် တစ်ယောက်ပါသေးတယ် ပြင်သစ်တို့ အင်္ဂလန်တို့ ပြန်တဲ့အခါမျိုး ထိုင်း ဗီယမ်နန် စင်္ကာပူ သွားတာမျိုးတို့ဆိုရင် လေယာဉ်လက်မှတ် အသုံးစရိတ် လေဆိပ် ကြိုပို့ အကုန်လုပ်ပေးကြရတာပါ တကယ့်ကို အေးဆေးပါပဲ ။
အချက်အလက်ရှာဖွေဖို့ သွားရတာမျိုးတွေလည်း ရှိတာပေါ့ အချက်အလက် ဆိုတာကလည်း မြို့တွေရွာတွေမှာ သူတို့ဝန်ထမ်းတွေ ထားထားပြီးသားပါ ဒီ ဝန်ထမ်းတွေကတော့ နယ်ခံတွေများတယ် ဆိုင်ကယ်တစ်စီးဆီ ဝယ်ပေးထားတယ် ဖုန်းတစ်လုံးဆီ ဒါမှလည်း သတင်းစုံ ပုလင်းစုံ ဖြစ်မှာကို အဲသလိုပေါ့ သူတို့ဝန်ထမ်းတွေက ဘယ်မှာ ဘာဖြစ်လို့ညာဖြစ်လို့ သတင်းပို့တဲ့အခါ ဗဟိုရုံးခွဲက လူတွေက အဲ့ကိုသွား အင်တာတွေဗျူး ဓာတ်ပုံတွေရိုက် ပြီးရင် ပြန်ပေါ့။
နယ်ကို လေ့လာရေး ခရီးထွက်ရသလိုပဲ အေးအေးလူလူ ရှိပါ့ ကျန်တဲ့ အချိန်တွေဆို ရုံးခန်းမှာ တနေကုန်ထိုင်ပြီး Online တက်နေကြတာ သူတို့ပြောတာတော့ သတင်းကြည့်တာတဲ့လေ ကျနော်တို့ကတော့ အိပ်ပဲ ။
ဒီလို ရှာဖွေလာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို ဘယ်နိုင်ငံ ဘယ်ပြည်နယ် ဘယ်မြို့ ဘယ်ရွာ ဆိုပြီး နေရပ်လိပ်စာနဲ့ နောက်တစ်ဖွဲ့က Online မှာ တင်ပြီး လှူဒါန်းနိုင်ကြပါသည်လို့ ရေးတင်ပြီး အလှူခံကြတာ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဆိုတော့ ဓာတ်ပုံတွေက သက်ဝင်နေတာပေါ့ ဒီတော့ နိုင်ငံတကာက နာဂစ်လို အဖြစ်သနှစ်တွေဆိုတော့ သနားစိတ်တွေကြွပြီး လှူကြတာပေါ့ အမေရိကန်ဒေါ်လာကို သန်းချီရကြတာ အဲဒါကို ခုနက နေရာတွေဆီ ပြန်လှူကြတာပေါ့။
ဒါနဲ့ ကိုယ်ကလည်း စပ်စုကြည့်တော့ ” ခင်ဗျားတို့ ရခိုင်မုန် တိုင်းတုန်းက ဘာတွေ လှူဖြစ်ကြလဲ ” ဆိုတော့ အိမ် အလုံး ( ၂၀ ) ဆောက်ပေးထားတယ်တဲ့ နောက်ကောဆိုတော့ အဲ့လောက်ပဲတဲ့ ရော ခက်ပြီ အိမ်အလုံး (၂၀ ) ဆိုတာက ဘယ်လောက်များများ ကုန်မှာမို့လဲဗျာ ဒေါ်လာ တစ်သိန်းဆိုရင်ပဲ မြန်မာငွေ သိန်းထောင်ချီနေပီမလား
မြန်မာပြည်ရဲ့ ကျေးလက်ဒေသတွေ မှာက အိမ်တစ်လုံးကို သိန်း ၁၅၀ ဆိုရင် ရပါပြီ တော်တော် ကောင်းနေပါပြီ အလုံး ၂၀ ဆိုတော့ မြန်မာငွေ သိန်း ၃၀၀၀ နိုင်ငံတကာက လှူတာက အမေရိကန်ဒေါ်လာ သန်းကို ရာချီလှူကြတာပါ သန်း ၁၀၀ / ၂၀၀ နှစ်တိုင်း ရနေတာပါ သူတို့ ပြည်တွင်းကို ပြန်လှူတာက တကယ့် သဘာဝဘေး ဖြစ်မှ ဒေါ်လာ လေးငါးသိန်းလောက်ပါ မြန်မာငွေနဲ့ဆို သိန်း လေးငါးထောင်ပေါ့။
ဘာမှမဖြစ်တဲ့ သာမာန်နှစ်တွေ ဆိုရင် ဒီလိုပဲ အိရောအိရောနဲ့ ပြီးသွားတတ်ကြတာ ဒါပေမယ့် ဝန်ထမ်းတွေရဲ့ လခနဲ့အသုံးစရိတ်က တနှစ်ပတ်လုံး ဝရမ်းနေတာ ။ ပြောချင်တာက NGO တွေရဲ့ ကြီးမားတဲ့ အသုံးစရိတ်တွေကိုပါ ဒါကို ကျနော်တို့တော်တော်များများက သတိမထားမိကြပါဘူး ။
ဆင်းရဲမွဲတေမှုမြင့်မားတဲ့ ဘင်္ဂလားဒေရှ့် လို မြန်မာလို နိုင်ငံတွေဆီက အကြေကွဲရဆုံးပုံတွေကို အမိအရယူပြီး Online ကို အပြေးအလွှား တင်ကြတာ အလှူငွေ မြန်မြန်နဲ့ များများ ဦးအောင်ရအောင်ပေါ့ လုပ်ကြတာ။
တစ်ခါတစ်ခါ NGO ချင်း ထ သတ်ကြသေးတာ နင်တို့ ဖောင်ဒေးရှင်းက ဘာညာ ဆိုပြီး ဖြစ် ကြသေးတာဗျ အပြင်လည်း သတ်တာပဲ လိုင်းပေါ်လည်း တက်သတ်တာပဲ ဒါတွေ ထားပါတော့ဗျာ ။ ကျန်တာ မကြည့်နဲ့ဗျာ ကျနော်တို့ကို တစ်လလောက်ငှားတာတောင် တပတ်ကို ဖုန်းဘေလ် ၅၀၀၀ ရတယ် နယ်ခရီး မရှိရင် အဲကွန်းခန်း ထဲ အိပ် ၁၂ နာရီလောက်ကျ မနက်စာ ထွက်စား ညနေ ၅ နာရီဆို သော့ပိတ်ပြန် အေးဆေးမှ တကယ့်ကို အေးဆေးပဲ ဖက်စလတီက လုံးဝ လုံးဝ အပြည့်ကို ပိုနေပါသေးတယ်။
ဘယ်နားသွားပြီး အန်ဂျီအို လည်း မသိပေမယ့် သူတို့ဟာ သူတို့တော့ အိုဂျီအန် ပီသား ပဲဗျာ ကျနော်တို့နိုင်ငံက ဆင်းရဲမွဲတွေမှုတွေ ကျနော်တို့နိုင်ငံက သဘာဝဘေးတွေရဲ့ မှတ်တမ်းတင်ဓာတ်ပုံတွေကို ကမ္ဘာမှာချပြပြီး အညွှန့်အဖူးလေးတွေ ခူးခပ် စားနေကြတာကို ကျနော်တို့ လူမျိုးတွေ သိစေချင်ရုံသက်သက်ပါ ။
(စေတနာသန့်သန့် NGO များကို မထိခိုက်စေလိုပါ)
နေမင်းနွယ်