ကုိဗစ္ေၾကာင့္ ကမၻာ႔ အခ်မ္းသာဆံုး သူေဌးႀကီး ျဖစ္လာသူ တေယာက္ အေၾကာင္း

ကုိဗစ္ေၾကာင့္ လူတုိင္း ဒုကၡေရာက္ေနေပ မယ့္ ကုိဗစ္ေၾကာင့္ ကမၻာ႔ အခ်မ္းသာဆံုး သူေဌးႀကီးျဖစ္ လာသူ တေယာက္အေၾကာင္း…

အေမဇုံကို တည္ေထာင္သူ ဂ်က္ဖ္ ဘဲေဇာ့စ္ သည္ ေလာေလာဆယ္ တြင္ ကမာၻ အခ်မ္းသာဆုံး သူေဌးႀကီး ျဖစ္ေနၿပီး လက္ရွိ ကပ္ေရာဂါ ဆိုး ႀကီးေၾကာင့္ ယခုအခါ ဘီလ်ံနာ အဆင့္ မွ ႀတီလ်ံနာ အျဖစ္ ကူးေျပာင္းရန္ ဦးတည္ေနၿပီဟု သတင္းမ်ား ထြက္ေပၚေနၿပီ ျဖစ္ပါတယ္။

ကမာၻတဝွမ္း သန္းေပါင္း မ်ားစြာေသာ လူမ်ား ေလာ့ေဒါင္း ဘဝ ေရာက္ေနရခ်ိန္တြင္ အေမဇုံမွ ပစၥည္းမ်ားကို မွာယူသုံး စြဲခဲ့ၾကရတဲ့ အတြက္ လက္ရွိႏႈန္း အတိုင္း ဆက္သြား မယ္ ဆိုရင္ ၂၀၂၆ အတြင္း ကမာၻမွာ ပထမဆုံး ႀတီလ်ံနာ သူေဌးႀကီး ျဖစ္လာေပေတာ့မည္။

ႀတီလီယံ ကို သုည နဲ႔ ေျပာမွ သေဘာ က်ရင္ေတာ့ ၁ ဂဏန္းေနာက္မွာ သုံည ၁၂ လုံး ထည့္ေပး လိုက္ယုံပါပဲ။ မႏွစ္က ၂၅ ႏွစ္ၾကာ ေပါင္းသင္းလာခဲ့တဲ့ ဇနီးနဲ႔ ကြာရွင္းရာ မွာ ဘဲေဇာ့စ္ မွ ေဒၚလာ ၃၈ ဘီလီယံ ေပးလိုက္ရေပမယ့္ လက္ရွိ မွာ ေဒၚလာ ၁၄၃ ဘီလီယံ ပိုင္ဆိုင္ ေနဆဲ ျဖစ္ၿပီး ကမာၻ အခ်မ္းသာဆုံး ျဖစ္ေနဆဲ ပါပဲ၊

ဘီလ္ဂိတ္ ကေတာ့ ေဒၚလာ ၁၀၆ ဘီလီယံ နဲ႔ ဒုတိယ လိုက္ေနပါတယ္။ (ပုံတြင္ ဇနီး ျဖစ္သူ မက္ကင္ဇီ ဘဲေဇာ့စ္ ႏွင့္အတူ ေတြ႕ရစဥ္)၊ သားသုံးေယာက္ ထြန္းကားခဲ့ၿပီး သမီးအျဖစ္ တ႐ုတ္ျပည္ မွ ကေလးငယ္အား ေမြးစားခဲ့ပါတယ္။

ဘဲေဇာ့စ္အား သူ၏ ကမာၻတဝွမ္း ကုန္ေလွာင္႐ုံ မ်ားမွ အလုပ္သမားမ်ားက ၎တို႔အား လက္ရွိ ကပ္ေရာဂါႀကီးမွ လုံေလာက္ေအာင္ အကာအကြယ္ မေပးခဲ့ဘူးလို႔ မေက်မနပ္ ေျပာဆိုေနၾကၿပီး ဘီလ္ဂိတ္ကေတာ့ လူသား မ်ားကို ကယ္တင္ႏိုင္မယ့္ ကာကြယ္ေဆး ထုတ္ႏိုင္ရန္ အားသြန္ ခြန္စိုက္ လုပ္ေနဆဲ ျဖစ္ ပါတယ္။

ဘဲေဇာ့စ္ ရဲ႕ ပိုင္ဆိုင္မႈသည္ ၂၀၁၇ မွ စၿပီး ၁၀၀ ဘီလီယံ ကို ေက်ာ္ျဖတ္ လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၾကာသပေတးေန႔အထိ အေမဇုံ၏ ရွယ္ယာ တန္ဘိုးသည္ ေဒၚလာ ၂,၃၅၉ အထိ ရွိေနတဲ့ အတြက္ ၂၈% အထိ ျမင့္တက္လာခဲ့ပါတယ္။ အေမဇုံ မွ အလုပ္သမားမ်ား၏ လုပ္ခ တိုး ျမႇင့္ေပးရန္၊ ဗိုင္းရပ္စ္ ရွိမရွိ စမ္းသပ္ေပးရန္ ႏွင့္ လုပ္ငန္းခြင္အတြင္း သန္႔ရွင္းေရးမ်ား တိုးျမႇင့္ လုပ္ေဆာင္သြားရန္ ေဒၚလာ ၄ ဘီလီယံ အထိ သုံးစြဲသြားမယ္လို႔ ကတိျပဳလာခဲ့ပါ တယ္။

ဘဲေဇာ့စ္သည္ မၾကာေသးမီက မွ ေလာ့စ္အိမ္ဂ်ဲလိစ္ ရွိ ဘီဗာလီ ေဟးလ္တြင္ ၉ ဧက က်ယ္ တဲ့ ၿခံနဲ႔ အိမ္ ကို ၁၆၅ သန္း ေပးၿပီး ဝယ္ လိုက္ၿပီ ျဖစ္ပါတယ္။ ေလာ့စ္အိန္ဂ်ဲလိစ္တြင္ ေစ်းအႀကီးဆုံး အိမ္လည္း ျဖစ္ပါတယ္။

အသက္ ၅၆ ႏွစ္ ရွိၿပီ ျဖစ္တဲ့ ဘဲေဇာ့စ္ သည္ ဟူစတန္ တြင္ စက္ဘီး အေရာင္းဆိုင္ပိုင္ရွင္ ဖခင္ နဲ႔ အသက္ ၁၇ ႏွစ္အထက္တန္းေက်ာင္းသူ ဘဝသာ ရွိေသးတဲ့ မိခင္တို႔မွ ေမြးဖြားႀကီးျပင္း ခဲ့သူ ျဖစ္ၿပီး ၁၉၈၆ တြင္ ပရင္စတန္ တကၠသိုလ္ႀကီး မွ လ်ပ္စစ္အင္ဂ်င္နီယာနဲ႔ ကြန္ျပဴတာ သိပၸံ ဘြဲ႕ ရရွိခဲ့ပါတယ္။

ေက်ာင္းၿပီးတာနဲ႔ ေဝၚစထရိ မွ အစျပဳကာ လုပ္ငန္းေပါင္းစုံ မွာ က်င္လည္ ခဲ့ၿပီးေနာက္ ၁၉၉၄ မွာ အြန္လိုင္း စာအုပ္ေရာင္းဝယ္ေရး လုပ္ငန္းကို စတင္တည္ေထာင္ခဲ့တာ ျဖစ္ပါ တယ္။ (ပုံတြင္ လုပ္ငန္းစတင္ခဲ့ရာ အလုပ္ခန္း ကို ေတြ႕ ႏိုင္ပါတယ္) လုပ္ငန္း စတင္ၿပီး ေလးႏွစ္ အတြင္းမွာပဲ ေဒၚလာ ၁.၆ ဘီလီယံအထိ ခ်မ္းသာသြားၿပီး ကမာၻ အခ်မ္း သာဆုံး လူ ၄၀၀ စာရင္းထဲ ဝင္ သြားခဲ့ပါတယ္။

ဘဲေဇာ့စ္ရဲ႕ စီမံခန္႔ခြဲေရး ဆိုင္ရာ ဖီေလာ္ေဆာ္ဖီ ကေတာ့ သူရဲ႕ လုပ္ငန္းတိုင္း အတြက္ အၿမဲလို every day is day 1 လို႔ ႏွလုံးသြင္းၿပီး လုပ္ရမယ္ ဆိုတာပဲ ျဖစ္ပါတယ္။ ဒီအတြက္ ဘဲေဇာ့စ္ကို ႀတီလ်ံနာ မျဖစ္ေစခ်င္ရင္ေတာ့ သူ႔ဆီက ပစၥည္းေတြ မွာမသုံးၾကရန္က လြဲလို႔ အျခား နည္းလမ္း မရွိေတာ့ပါဘူး။

Hla Soewai

unicode

ကိုဗစ်ကြောင့် လူတိုင်း ဒုက္ခရောက်နေပေ မယ့် ကိုဗစ်ကြောင့် ကမ္ဘာ့ အချမ်းသာဆုံး သူဌေးကြီးဖြစ် လာသူ တယောက်အကြောင်း…

အမေဇုံကို တည်ထောင်သူ ဂျက်ဖ် ဘဲဇော့စ် သည် လောလောဆယ် တွင် ကမ္ဘာ အချမ်းသာဆုံး သူဌေးကြီး ဖြစ်နေပြီး လက်ရှိ ကပ်ရောဂါ ဆိုး ကြီးကြောင့် ယခုအခါ ဘီလျံနာ အဆင့် မှ တြီလျံနာ အဖြစ် ကူးပြောင်းရန် ဦးတည်နေပြီဟု သတင်းများ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း သန်းပေါင်း များစွာသော လူများ လော့ဒေါင်း ဘဝ ရောက်နေရချိန်တွင် အမေဇုံမှ ပစ္စည်းများကို မှာယူသုံး စွဲခဲ့ကြရတဲ့ အတွက် လက်ရှိနှုန်း အတိုင်း ဆက်သွား မယ် ဆိုရင် ၂၀၂၆ အတွင်း ကမ္ဘာမှာ ပထမဆုံး တြီလျံနာ သူဌေးကြီး ဖြစ်လာပေတော့မည်။

တြီလီယံ ကို သုည နဲ့ ပြောမှ သဘော ကျရင်တော့ ၁ ဂဏန်းနောက်မှာ သုံည ၁၂ လုံး ထည့်ပေး လိုက်ယုံပါပဲ။ မနှစ်က ၂၅ နှစ်ကြာ ပေါင်းသင်းလာခဲ့တဲ့ ဇနီးနဲ့ ကွာရှင်းရာ မှာ ဘဲဇော့စ် မှ ဒေါ်လာ ၃၈ ဘီလီယံ ပေးလိုက်ရပေမယ့် လက်ရှိ မှာ ဒေါ်လာ ၁၄၃ ဘီလီယံ ပိုင်ဆိုင် နေဆဲ ဖြစ်ပြီး ကမ္ဘာ အချမ်းသာဆုံး ဖြစ်နေဆဲ ပါပဲ၊

ဘီလ်ဂိတ် ကတော့ ဒေါ်လာ ၁၀၆ ဘီလီယံ နဲ့ ဒုတိယ လိုက်နေပါတယ်။ (ပုံတွင် ဇနီး ဖြစ်သူ မက်ကင်ဇီ ဘဲဇော့စ် နှင့်အတူ တွေ့ရစဉ်)၊ သားသုံးယောက် ထွန်းကားခဲ့ပြီး သမီးအဖြစ် တရုတ်ပြည် မှ ကလေးငယ်အား မွေးစားခဲ့ပါတယ်။

ဘဲဇော့စ်အား သူ၏ ကမ္ဘာတဝှမ်း ကုန်လှောင်ရုံ များမှ အလုပ်သမားများက ၎င်းတို့အား လက်ရှိ ကပ်ရောဂါကြီးမှ လုံလောက်အောင် အကာအကွယ် မပေးခဲ့ဘူးလို့ မကျေမနပ် ပြောဆိုနေကြပြီး ဘီလ်ဂိတ်ကတော့ လူသား များကို ကယ်တင်နိုင်မယ့် ကာကွယ်ဆေး ထုတ်နိုင်ရန် အားသွန် ခွန်စိုက် လုပ်နေဆဲ ဖြစ် ပါတယ်။

ဘဲဇော့စ် ရဲ့ ပိုင်ဆိုင်မှုသည် ၂၀၁၇ မှ စပြီး ၁၀၀ ဘီလီယံ ကို ကျော်ဖြတ် လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့အထိ အမေဇုံ၏ ရှယ်ယာ တန်ဘိုးသည် ဒေါ်လာ ၂,၃၅၉ အထိ ရှိနေတဲ့ အတွက် ၂၈% အထိ မြင့်တက်လာခဲ့ပါတယ်။ အမေဇုံ မှ အလုပ်သမားများ၏ လုပ်ခ တိုး မြှင့်ပေးရန်၊ ဗိုင်းရပ်စ် ရှိမရှိ စမ်းသပ်ပေးရန် နှင့် လုပ်ငန်းခွင်အတွင်း သန့်ရှင်းရေးများ တိုးမြှင့် လုပ်ဆောင်သွားရန် ဒေါ်လာ ၄ ဘီလီယံ အထိ သုံးစွဲသွားမယ်လို့ ကတိပြုလာခဲ့ပါ တယ်။

ဘဲဇော့စ်သည် မကြာသေးမီက မှ လော့စ်အိမ်ဂျဲလိစ် ရှိ ဘီဗာလီ ဟေးလ်တွင် ၉ ဧက ကျယ် တဲ့ ခြံနဲ့ အိမ် ကို ၁၆၅ သန်း ပေးပြီး ဝယ် လိုက်ပြီ ဖြစ်ပါတယ်။ လော့စ်အိန်ဂျဲလိစ်တွင် ဈေးအကြီးဆုံး အိမ်လည်း ဖြစ်ပါတယ်။

အသက် ၅၆ နှစ် ရှိပြီ ဖြစ်တဲ့ ဘဲဇော့စ် သည် ဟူစတန် တွင် စက်ဘီး အရောင်းဆိုင်ပိုင်ရှင် ဖခင် နဲ့ အသက် ၁၇ နှစ်အထက်တန်းကျောင်းသူ ဘဝသာ ရှိသေးတဲ့ မိခင်တို့မှ မွေးဖွားကြီးပြင်း ခဲ့သူ ဖြစ်ပြီး ၁၉၈၆ တွင် ပရင်စတန် တက္ကသိုလ်ကြီး မှ လျပ်စစ်အင်ဂျင်နီယာနဲ့ ကွန်ပြူတာ သိပ္ပံ ဘွဲ့ ရရှိခဲ့ပါတယ်။

ကျောင်းပြီးတာနဲ့ ဝေါ်စထရိ မှ အစပြုကာ လုပ်ငန်းပေါင်းစုံ မှာ ကျင်လည် ခဲ့ပြီးနောက် ၁၉၉၄ မှာ အွန်လိုင်း စာအုပ်ရောင်းဝယ်ရေး လုပ်ငန်းကို စတင်တည်ထောင်ခဲ့တာ ဖြစ်ပါ တယ်။ (ပုံတွင် လုပ်ငန်းစတင်ခဲ့ရာ အလုပ်ခန်း ကို တွေ့ နိုင်ပါတယ်) လုပ်ငန်း စတင်ပြီး လေးနှစ် အတွင်းမှာပဲ ဒေါ်လာ ၁.၆ ဘီလီယံအထိ ချမ်းသာသွားပြီး ကမ္ဘာ အချမ်း သာဆုံး လူ ၄၀၀ စာရင်းထဲ ဝင် သွားခဲ့ပါတယ်။

ဘဲဇော့စ်ရဲ့ စီမံခန့်ခွဲရေး ဆိုင်ရာ ဖီလော်ဆော်ဖီ ကတော့ သူရဲ့ လုပ်ငန်းတိုင်း အတွက် အမြဲလို every day is day 1 လို့ နှလုံးသွင်းပြီး လုပ်ရမယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီအတွက် ဘဲဇော့စ်ကို တြီလျံနာ မဖြစ်စေချင်ရင်တော့ သူ့ဆီက ပစ္စည်းတွေ မှာမသုံးကြရန်က လွဲလို့ အခြား နည်းလမ်း မရှိတော့ပါဘူး။

Hla Soewai

Add a Comment

Your email address will not be published. Required fields are marked *

15 + nine =