မိခင်ဖြစ်သူ ရဲ့ မွေးနေ့လေးမှာ တန်ဖိုးကြီးရတနာပစ္စည်းတွေ လက်ဆောင်ပေးခဲ့တဲ့ “ဝိုင်းစုခိုင်သိန်း”

ပရိသတ်ကြီးရေ ဝိုင်းစုခိုင်သိန်းကတော့ သရုပ်ဆောင် အဆိုတော်တစ်ယောက် အနေနဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ တေးစီးရီး အယ်ဘမ်လ်တွေ နဲ့ တေးသီချင်းကောင်းတွေများစွာထွက်ရှိထားပြီး ထိပ်တန်း အဆိုတော်တစ်ယောက် အနေနဲ့ရပ်တည်နေတဲ့သူပဲဖြစ်ပါတယ်။

ဝိုင်းစုကတော့ ဒီနေ့မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေး လာခဲ့ပါတယ်။ မွေးနေ့ဆုတောင်းလေးကတော့ သူ့ရဲ့မိခင်ကြီးရဲ့ မွေးနေ့အတွက်မွေးနေ့ ဆုတောင်းပေးထားခဲ့တာဖြစ်ပြီး မိခင်ကြီးရဲ့မွေးနေ့အတွက်လည်း မွေးနေ့လက်ဆောင်အဖြစ်နဲ့ လက်ဝတ်ရတနာတွေ မွေးနေ့ လက်ဆောင်ဝယ်ပေးခဲ့တာပဲဖြစ်ပါတယ်။

“ဝိုင်းစုရဲ့ Heroကတော့ ဝိုင်းစုရဲ့ မေမေပါပဲ။ happy birthdayပါမေကြီး”ဆိုပြီးတော့လည်း မွေးနေ့ဆုတောင်းလေးနဲ့အတူ မိခင်ကြီးနဲ့ပုံလေးတွေ ကိုလည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးတွေလည်း ဒီနေ့မှာမွေးနေ့ ကျရောက်တဲ့ ဝိုင်းစုရဲ့ မိခင်ကြီးအတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source – Wyne Su Khaing Thein
Credit– CeleZone

zawgyi




Credit– CeleZone