ကုိဗစ္ ကုိ တားဆီးႏုိင္တဲ့ ပဋိဇီဝပစၥည္း တမ်ဳိးကုိ ရွာေတြ႕ၿပီဟု အေမရိကန္ ကုမၸဏီေၾကညာ

အေမရိကန္ ေဆးသုေတသန ကုမၸဏီ တစ္ခုဟာ ကို႐ိုနာ ဗိုင္းရပ္စ္ ရဲ႕ ထိုးႏွက္မႈေတြကို ကာကြယ္ တားဆီးေပးႏိုင္တဲ့ ပဋိဇီဝ ပစၥည္း တစ္မ်ိဳးကို ေတြ႕ရွိထားေၾကာင္း ေၾကညာခဲ့ပါတယ္။

အဲဒီ ပဋိဇီဝ ပစၥည္းကို လူ႔ခႏၶာကိုယ္ထဲ ထိုးသြင္းေပး လိုက္ရင္ ေလးရက္အတြင္းမွာတင္ ကုိရုိနာဗုိင္းရပ္စ္ရဲ႕ ဒဏ္ကို ခံႏိုင္ရည္ရွိမယ့္ ကိုယ္ခံ အားမ်ိဳး တည္ေဆာက္ၿပီးသား ျဖစ္လာႏိုင္ေၾကာင္း ကယ္လီဖိုးနီယားျပည္နယ္ အေျခစိုက္ ေဆာ္ရန္တို ေဆးသုေတသန ကုမၸဏီရဲ႕ ပညာရွင္ေတြက ေျပာၾကားခဲ့ပါတယ္။

ဆန္ဒီေယဂိုၿမိဳ႕က ကုမၸဏီ ဓာတ္ခြဲခန္းမွာ စမ္းသပ္မႈေတြ အရ STI-1499လို႔ နာမည္ေပးထားတဲ့ ပဋိဇီဝ ပစၥည္းဟာ လူ႔ခႏၶာကိုယ္ထဲမွာ ရာႏႈန္းျပည့္ ကိန္းေအာင္းၿပီး တုံ႔ျပန္ႏိုင္စြမ္း ရွိတယ္လို႔ သိရပါတယ္။

ကုမၸဏီရဲ႕ အမႈေဆာင္ခ်ဳပ္ ေဒါက္တာ ဟန္နရီဂ်ီက တကယ္ လို႔သာ လူေတြရဲ႕ ခႏၶာကိုယ္ထဲမွာ ေရာဂါကာကြယ္ႏိုင္တဲ့ ကိုယ္ခံအား ႀကိဳတင္ ကိန္းေအာင္းေနၿပီဆိုရင္ အခ်င္းခ်င္း နီးနီးကပ္ကပ္ မထိေတြ႕ျဖစ္ေအာင္ ေရွာင္ေနရတာမ်ိဳး၊ ေရာဂါမကူးေအာင္ နည္းလမ္းေပါင္းစုံနဲ႔ ဆင္ျခင္ ကာကြယ္ေနရတာမ်ိဳးေတြ မလိုအပ္ေတာ့ဘူး လို႔ ေျပာၾကားသြားပါတယ္။

ယခုေတြ႕ရွိခဲ့တဲ့ ပဋိပစၥည္းဟာ ဆုိရန္တုိပကုမၸဏီက နယူးေယာ့ခ္ရွိ Mt Sinai School of Medicine နဲ႔ ပူးေပါင္းထုတ္လုပ္ေနတဲ့ ေဆးအတြက္ ေပါင္းစပ္သြားမယ့္ ပဋိပစၥည္းေတြထဲမွ တစ္မ်ိဳးျဖစ္တယ္လို႔ ဆိုပါတယ္။ “ကုထုံးတစ္ခုရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔ အေလးအနက္ ေဖာ္ျပခ်င္ပါတယ္၊ ၁၀၀ ရာခိုင္ႏႈန္း အလုပ္ျဖစ္တဲ့ အေျဖတ စ္ခုရွိ ပါတယ္” လို႔ ဆုိရန္တုိကုမၸဏီ စီအီးအို ေဒါက္တာဟင္နရီဂ်ီက ေျပာပါတယ္။

HAMBURG, GERMANY – APRIL 16: An employee shows a blood sample for Covid-19 antibody testing at the Labor Dr. Heidrich & Kollegen MVZ GmbH medical lab on April 16, 2020 in Hamburg, Germany. The Heidrich lab, one of approximately 130 medical labs in Germany doing Covid-19 testing, is processing on average over 100 tests a day, both from people who use the lab’s at-home swabbing kit and from samples arriving from local medical practices. Germany so far has over 130,000 confirmed cases of Covid-19 infection, approximately 62,000 people have recovered and 3,804 have died. (Photo by Morris MacMatzen/Getty Images)

လက္ရွိမွာ ကုမၸဏီအေန နဲ႔ အေမရိကန္ FDA ထံမွ အေရးေပၚအေျခအေန အတြက္ ခြင့္ျပဳေပးရန္ ေလွ်ာက္ထားတင္ျပထားေၾကာင္းနဲ႔ ခြင့္ျပဳခ်က္မရရွိေသးေၾကာင္းလည္း သိရပါတယ္။ COVID-19 ျဖစ္ပြားမႈကို ၁၀၀ ရာခိုင္ႏႈန္း ဟန႔္တားေပးႏိုင္တဲ့ ၎တို႔ရဲ႕ ပဋိပစၥည္းေဆးကို တစ္လလွ်င္ ၂၀၀,၀၀၀ အထိ ထုတ္လုပ္ေပးႏိုင္ေၾကာင္းလည္း ၎က ေျပာခဲ့ပါတယ္။

ဆုိရန္တုိကုမၸဏီ က COVID-19 ကို ရာႏႈန္းျပည့္ ဟန႔္တားႏိုင္တဲ့ ပဋိပစၥည္း ေတြ႕ရွိ ထားေၾကာင္း ေျပာဆိုခဲ့ၿပီးေနာက္ စေတာ့ရွယ္ယာေဈးကြက္မွာ ၎ရဲ႕ ရွယ္ယာေဈးႏႈန္းဟာ ၂၄၄ ရာခိုင္ႏႈန္း အထိ ထိုးတက္ သြားခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္အထိ COVID-19 ကုသေဆးနဲ႔ ကာကြယ္ေဆး အတည္ျပဳ ထြက္ေပၚလာႏိုင္ရန္ ကမာၻ တစ္ဝွမ္းမွာ အခ်ိန္လု ႀကိဳးပမ္းေနၾကဆဲျဖစ္ၿပီး လူေတြနဲ႔ စမ္းသပ္မႈေတြလည္း ရွိေနပါတယ္။ ယမန္ႏွစ္ ဒီဇင္ဘာလကုန္က တ႐ုတ္အလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာ စတင္ေတြ႕ရွိခဲ့ရတဲ့ COVID-19 ေၾကာင့္ ယေန႔ (ေမ ၁၆ ရက္) မနက္ပိုင္း အထိ ကမာၻတစ္ဝွမ္း လူ ၃၀၀,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး ျဖစ္ပါတယ္။

ကမာၻ တစ္ဝွမ္းမွာ COVID-19 ကူးစက္ခံရသူ အေရအတြက္ဟာလည္း ေန႔စဥ္ တိုးလာေနဆဲျဖစ္ၿပီး လက္ရွိမွာ ၄.၆ သန္းေက်ာ္လြန္လာၿပီျဖစ္ၿပီး ျပန္လည္သက္သာသူ ၁.၇ သန္းေက်ာ္ ရွိခဲ့ေၾကာင္း သိရပါတယ္။

crd : whitesone

unicode

အမေရိကန် ဆေးသုတေသန ကုမ္ပဏီ တစ်ခုဟာ ကိုရိုနာ ဗိုင်းရပ်စ် ရဲ့ ထိုးနှက်မှုတွေကို ကာကွယ် တားဆီးပေးနိုင်တဲ့ ပဋိဇီဝ ပစ္စည်း တစ်မျိုးကို တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီ ပဋိဇီဝ ပစ္စည်းကို လူ့ခန္ဓာကိုယ်ထဲ ထိုးသွင်းပေး လိုက်ရင် လေးရက်အတွင်းမှာတင် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိမယ့် ကိုယ်ခံ အားမျိုး တည်ဆောက်ပြီးသား ဖြစ်လာနိုင်ကြောင်း ကယ်လီဖိုးနီယားပြည်နယ် အခြေစိုက် ဆော်ရန်တို ဆေးသုတေသန ကုမ္ပဏီရဲ့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဆန်ဒီယေဂိုမြို့က ကုမ္ပဏီ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှုတွေ အရ STI-1499လို့ နာမည်ပေးထားတဲ့ ပဋိဇီဝ ပစ္စည်းဟာ လူ့ခန္ဓာကိုယ်ထဲမှာ ရာနှုန်းပြည့် ကိန်းအောင်းပြီး တုံ့ပြန်နိုင်စွမ်း ရှိတယ်လို့ သိရပါတယ်။

ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် ဒေါက်တာ ဟန်နရီဂျီက တကယ် လို့သာ လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရောဂါကာကွယ်နိုင်တဲ့ ကိုယ်ခံအား ကြိုတင် ကိန်းအောင်းနေပြီဆိုရင် အချင်းချင်း နီးနီးကပ်ကပ် မထိတွေ့ဖြစ်အောင် ရှောင်နေရတာမျိုး၊ ရောဂါမကူးအောင် နည်းလမ်းပေါင်းစုံနဲ့ ဆင်ခြင် ကာကွယ်နေရတာမျိုးတွေ မလိုအပ်တော့ဘူး လို့ ပြောကြားသွားပါတယ်။

ယခုတွေ့ရှိခဲ့တဲ့ ပဋိပစ္စည်းဟာ ဆိုရန်တိုပကုမ္ပဏီက နယူးယော့ခ်ရှိ Mt Sinai School of Medicine နဲ့ ပူးပေါင်းထုတ်လုပ်နေတဲ့ ဆေးအတွက် ပေါင်းစပ်သွားမယ့် ပဋိပစ္စည်းတွေထဲမှ တစ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။ “ကုထုံးတစ်ခုရှိတယ်ဆိုတာ ကျွန်တော်တို့ အလေးအနက် ဖော်ပြချင်ပါတယ်၊ ၁၀၀ ရာခိုင်နှုန်း အလုပ်ဖြစ်တဲ့ အဖြေတ စ်ခုရှိ ပါတယ်” လို့ ဆိုရန်တိုကုမ္ပဏီ စီအီးအို ဒေါက်တာဟင်နရီဂျီက ပြောပါတယ်။

HAMBURG, GERMANY – APRIL 16: An employee shows a blood sample for Covid-19 antibody testing at the Labor Dr. Heidrich & Kollegen MVZ GmbH medical lab on April 16, 2020 in Hamburg, Germany. The Heidrich lab, one of approximately 130 medical labs in Germany doing Covid-19 testing, is processing on average over 100 tests a day, both from people who use the lab’s at-home swabbing kit and from samples arriving from local medical practices. Germany so far has over 130,000 confirmed cases of Covid-19 infection, approximately 62,000 people have recovered and 3,804 have died. (Photo by Morris MacMatzen/Getty Images)

လက်ရှိမှာ ကုမ္ပဏီအနေ နဲ့ အမေရိကန် FDA ထံမှ အရေးပေါ်အခြေအနေ အတွက် ခွင့်ပြုပေးရန် လျှောက်ထားတင်ပြထားကြောင်းနဲ့ ခွင့်ပြုချက်မရရှိသေးကြောင်းလည်း သိရပါတယ်။ COVID-19 ဖြစ်ပွားမှုကို ၁၀၀ ရာခိုင်နှုန်း ဟန့်တားပေးနိုင်တဲ့ ၎င်းတို့ရဲ့ ပဋိပစ္စည်းဆေးကို တစ်လလျှင် ၂၀၀,၀၀၀ အထိ ထုတ်လုပ်ပေးနိုင်ကြောင်းလည်း ၎င်းက ပြောခဲ့ပါတယ်။

ဆိုရန်တိုကုမ္ပဏီ က COVID-19 ကို ရာနှုန်းပြည့် ဟန့်တားနိုင်တဲ့ ပဋိပစ္စည်း တွေ့ရှိ ထားကြောင်း ပြောဆိုခဲ့ပြီးနောက် စတော့ရှယ်ယာဈေးကွက်မှာ ၎င်းရဲ့ ရှယ်ယာဈေးနှုန်းဟာ ၂၄၄ ရာခိုင်နှုန်း အထိ ထိုးတက် သွားခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်အထိ COVID-19 ကုသဆေးနဲ့ ကာကွယ်ဆေး အတည်ပြု ထွက်ပေါ်လာနိုင်ရန် ကမ္ဘာ တစ်ဝှမ်းမှာ အချိန်လု ကြိုးပမ်းနေကြဆဲဖြစ်ပြီး လူတွေနဲ့ စမ်းသပ်မှုတွေလည်း ရှိနေပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ကြောင့် ယနေ့ (မေ ၁၆ ရက်) မနက်ပိုင်း အထိ ကမ္ဘာတစ်ဝှမ်း လူ ၃၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

ကမ္ဘာ တစ်ဝှမ်းမှာ COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာလည်း နေ့စဉ် တိုးလာနေဆဲဖြစ်ပြီး လက်ရှိမှာ ၄.၆ သန်းကျော်လွန်လာပြီဖြစ်ပြီး ပြန်လည်သက်သာသူ ၁.၇ သန်းကျော် ရှိခဲ့ကြောင်း သိရပါတယ်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

two + fourteen =