အသက္ (၃၀) ျပည့္ေမြးေန ႔ကို အလႉ အတန္းေတြ နဲ႔ ျဖတ္သန္းေန တဲ့ ပိုပို

ထိပ္စီးေျပာင္းသြားၿပီ။ ပိုပိုကေတာ့ ဒီေန႔(ေမလ၁၆ရက္)မွာ အသက္(၃၀) ျပည့္သြားခဲ့ပါၿပီ။ အရင္ႏွစ္ေတြလို သူငယ္ခ်င္းေတြနဲ႔အတူ ေမြးေန႔ကို မျဖတ္သန္းရတာေတာ့ စိတ္မေကာင္းဘူးလို႔ သူမက ဆိုပါတယ္။အဆိုေတာ္ ပိုပိုက သူမရဲ႕ ေမြးေန႔ကို အလႉအတန္းေတြနဲ႔ျဖတ္သန္း လို႔ေနပါတယ္။ ေမြးေန႔ေလး အလႉအေနနဲ႔ ေျမာက္ဒဂုံေခမာသီရိ သီလရွင္ေက်ာင္းမွာ ဝတၱဳေငြမ်ားနဲ႔ ဆန္မ်ားသြားေရာက္လႉဒါန္းခဲ့သလို ေမြးေန႔အစီအစဥ္ေတြကိုလည္း ယခုလို ေျပာျပခဲ့ပါတယ္။

“ဒီလို Covid-19 ကာမွာ သီလရွင္ေက်ာင္းေတြ လည္း အခက္အခဲရွိၾကမွာေလ အဲ့ဒါေၾကာင့္ ဒီႏွစ္ေမြးေန႔ကို သီလရွင္ေက်ာင္းမွာ လႉဖို႔ စဥ္းစားခဲ့တာပါ။ ဆန္နဲ႔ ဝတၱဳေငြလႉခဲ့ပါတယ္။ ေမြးေန႔မွာ မနက္ပိုင္းလႉတယ္။ညေန ပိုင္းကေတာ့ အိမ္ကလူေတြနဲ႔ ေမြးေန႔ကိတ္ခြဲၿပီး live လႊင့္ဖို႔ စီစဥ္ထားတယ္”လို႔ သူမက ေျပာ ပါတယ္။

ပိုပိုဟာ အလႉအတန္းေတြနဲ႔ ပတ္သက္ရင္ လက္မေႏွးတဲ့ အႏုပညာရွင္ တစ္ဦးျဖစ္ပါတယ္။ Covid -19 ေၾကာင့္ အႏုပညာအလုပ္ေတြ နားထားၾကရေပမယ့္လည္း သူမတတ္ႏိုင္တဲ့ဘက္က လိုအပ္တဲ့ေနရာေတြမွာ သြားေရာက္လႉဒါန္းေနသူပါ။ သူမရဲ႕ အလႉအတန္းေတြနဲ႔ ပတ္သက္ၿပီးသူမရဲ႕ ပရိသတ္ေတြ အၿမဲတမ္း ၾကည္ႏူးပီတိ ျဖစ္ရတာလည္းေတြ႕ရပါတယ္။အသက္(၃၀) ျပည့္သြားၿပီ ျဖစ္တဲ့ ပိုပိုက ဒီႏွစ္ေမြးေန႔မွာ သူငယ္ခ်င္းေတြနဲ႔အတူတူ ျဖတ္သန္းခြင့္မရတာေတာ့ စိတ္မေကာင္း ျဖစ္မိတယ္လို႔ ဆိုပါတယ္။ “တ ျခား ေမြးေန႔ေတြထက္ဒီ ႏွစ္ ေမြးေန႔ကအသက္၃၀ျဖစ္ သြားေတာ့အသက္ ႀကီးသြား သလိုခံစားရတယ္။ ၿပီးေတာ့ ဒီႏွစ္ေမြးေန႔ တျခားႏွစ္ ေတြတုန္းလိုမကဲရမ ေသာင္းက်န္းရ ေတာ့စိတ္ ေတာ့မ ေကာင္းဘူး” လို႔ သူမရဲ႕ ခံစားခ်က္ကို ေျပာခဲ့ပါတယ္။

ပိုပိုဟာ ကိုယ္ပိုင္သီခ်င္းေတြဆိုရင္း နာမည္ေက်ာ္ခဲ့တဲ့ အမ်ိဳးသမီးအဆိုေတာ္ တစ္ေယာက္ ပါပဲ။ သူမရဲ႕ ပထမဆုံးတစ္ကိုယ္ေတာ္ေတးစီးရီးျဖစ္တဲ့ ခ်စ္ဖူးခဲ့သမွ် တစ္ကိုယ္ေတာ္ အယ္လ္ဘမ္၊ အလြမ္း သီခ်င္းႀကိဳက္တဲ့ ေရဒီယို အယ္လ္ဘမ္ တို႔ကို ထြက္ရွိခဲ့ၿပီးေတာ့ Master Piece မီနီအယ္လ္ဘမ္လည္း ထြက္ရွိထားပါတယ္။သူမက ဂီတပိုင္းမွာသာမက ဇာတ္ကား ႐ိုက္ကူးမႈေတြလည္း လုပ္လာသူပါ။ လက္ရွိမွာ ပ႐ိုဂ်ဴဆာ တစ္ေယာက္အျဖစ္ ရပ္တည္ဖို႔ ႀကိဳးစားေနသလို အေျခအေနေကာင္းလာရင္လည္း Entertainment အႀကီးႀကီးတစ္ခု ေထာင္ဖို႔ ရွိတယ္လို႔ သူမက ေျပာဖူးပါတယ္။ ဂီတေလာကမွာလည္း ပရိသတ္အခိုင္အမာ နဲ႔ ေအာင္ျမင္မႈ ရရွိေနတဲ့ လူငယ္အဆိုေတာ္ တစ္ေယာက္လည္းျဖစ္ပါတယ္။

crd : panpyoelat

unicode

အသက် (၃၀) ပြည့်မွေးနေ့ကို အလှူ အတန်းတွေ နဲ့ ဖြတ်သန်းနေ တဲ့ ပိုပို

ထိပ်စီးပြောင်းသွားပြီ။ ပိုပိုကတော့ ဒီနေ့(မေလ၁၆ရက်)မှာ အသက်(၃၀) ပြည့်သွားခဲ့ပါပြီ။ အရင်နှစ်တွေလို သူငယ်ချင်းတွေနဲ့အတူ မွေးနေ့ကို မဖြတ်သန်းရတာတော့ စိတ်မကောင်းဘူးလို့ သူမက ဆိုပါတယ်။အဆိုတော် ပိုပိုက သူမရဲ့ မွေးနေ့ကို အလှူအတန်းတွေနဲ့ဖြတ်သန်း လို့နေပါတယ်။ မွေးနေ့လေး အလှူအနေနဲ့ မြောက်ဒဂုံခေမာသီရိ သီလရှင်ကျောင်းမှာ ဝတ္တုငွေများနဲ့ ဆန်များသွားရောက်လှူဒါန်းခဲ့သလို မွေးနေ့အစီအစဉ်တွေကိုလည်း ယခုလို ပြောပြခဲ့ပါတယ်။

“ဒီလို Covid-19 ကာမှာ သီလရှင်ကျောင်းတွေ လည်း အခက်အခဲရှိကြမှာလေ အဲ့ဒါကြောင့် ဒီနှစ်မွေးနေ့ကို သီလရှင်ကျောင်းမှာ လှူဖို့ စဉ်းစားခဲ့တာပါ။ ဆန်နဲ့ ဝတ္တုငွေလှူခဲ့ပါတယ်။ မွေးနေ့မှာ မနက်ပိုင်းလှူတယ်။ညနေ ပိုင်းကတော့ အိမ်ကလူတွေနဲ့ မွေးနေ့ကိတ်ခွဲပြီး live လွှင့်ဖို့ စီစဉ်ထားတယ်”လို့ သူမက ပြော ပါတယ်။

ပိုပိုဟာ အလှူအတန်းတွေနဲ့ ပတ်သက်ရင် လက်မနှေးတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ Covid -19 ကြောင့် အနုပညာအလုပ်တွေ နားထားကြရပေမယ့်လည်း သူမတတ်နိုင်တဲ့ဘက်က လိုအပ်တဲ့နေရာတွေမှာ သွားရောက်လှူဒါန်းနေသူပါ။ သူမရဲ့ အလှူအတန်းတွေနဲ့ ပတ်သက်ပြီးသူမရဲ့ ပရိသတ်တွေ အမြဲတမ်း ကြည်နူးပီတိ ဖြစ်ရတာလည်းတွေ့ရပါတယ်။အသက်(၃၀) ပြည့်သွားပြီ ဖြစ်တဲ့ ပိုပိုက ဒီနှစ်မွေးနေ့မှာ သူငယ်ချင်းတွေနဲ့အတူတူ ဖြတ်သန်းခွင့်မရတာတော့ စိတ်မကောင်း ဖြစ်မိတယ်လို့ ဆိုပါတယ်။ “တ ခြား မွေးနေ့တွေထက်ဒီ နှစ် မွေးနေ့ကအသက်၃၀ဖြစ် သွားတော့အသက် ကြီးသွား သလိုခံစားရတယ်။ ပြီးတော့ ဒီနှစ်မွေးနေ့ တခြားနှစ် တွေတုန်းလိုမကဲရမ သောင်းကျန်းရ တော့စိတ် တော့မ ကောင်းဘူး” လို့ သူမရဲ့ ခံစားချက်ကို ပြောခဲ့ပါတယ်။

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက် ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကား ရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာ နဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *

two × 2 =