ငယ်စဉ်ကကြည်နူးဖွယ် အမှတ်တရလေးတွေကို ပြောပြလာခဲ့တဲ့ လိမ္မော်သီး နဲ့ ‌ဝေလာရီ တို့ညီအမ

Posted on

ပရိသတ်ကြီးရေ လိမ္မော်သီးကတော့ အဆိုတော်တစ်ယောက်အနေ နဲ့ အနုပညာလောကမှာ ရပ်တည်နေတဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဝေလာရီကလည်း သရုပ်ဆောင် တစ်ယောက်အနေနဲ့ အနုပညာလောကမှာ နေရာတစ်နေရာရရှိနေပြီဖြစ်ပြီး လိမ္မော်သီးနဲ့ ဝေလာရီတို့ ညီအစ်မနှစ်ယောက်လုံး ကတော့ ပရိသတ်အချစ်တော်လေးတွေပါ။

ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကတော့ ဝေလာရီရဲ့ မွေးနေ့ကျရောက်ခဲ့ပြီး မနေ့က အောက်တိုဘာလ(၃)ရက်နေ့ မှာတော့ အစ်မဖြစ်သူ လိမ္မောသီးကနေ ညီမဖြစ်သူဝေလာရီနဲ့ ငယ်စဉ်ကကြည်နူးဖွယ်အမှတ်တရတွေကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ပရိသတ်တွေကို အမှတ်တရအနေနဲ့ ပြန်ပြောပြ လာခဲ့ပါတယ်။”ကိုယ်ကလေးထဲက ထမင်းဝါးကျွေး ၊ သီချင်းဆိုသိပ်လာရတဲ့ နားကားမလေး …ပုခက်ထဲ သိပ်တော့မယ်ဆို နားကိုကား ၊ မျက်လုံးကိုဝိုင်းပြီးပြူးထား… သွားကလည်းကျိုးနေသေး ..

တော်တော်နဲ့မအိပ်တော့ သီချင်းတွေ ဆိုသိပ်ရတာ တစ်ခွေစာမကဘူး… မောသလားမမေး နဲ့။ အခုတော့လည်း အရွယ်ရောက် လာပြီပဲလေ။ အသက် ၈ နှစ်ကွာပေမယ့် ကိုယ်က ပိုနု ၊ ပိုလှနေတော့လည်း ကျေနပ်ပါတယ်လေ” ဆိုပြီး ညီမလေးကိုထိန်းခဲ့ရတဲ့ အမှတ်တရေတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ လိမ္မော်သီး ကတော့ တကယ်ကို အမကောင်း ပီသလွန်းလှသူပါပဲနော်။

Source – Mi Mon Mon Thike
Chilli – CeleZone

zawgyi




Source – Mi Mon Mon Thike
Chilli – CeleZone