သူမ ရဲ့ ဆိုးရွာ လာတဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် မြန်မြန်သာသေလိုက်ချင်ပြီ လို့ ရင်ဖွင့်လာတဲ့ ထက်ထက်မိုးဦး
unicode
မင်းသမီးချောလေး ထက်ထက်မိုးဦး ကတော့ တစ်ချိန်က ကြော်ငြာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း လက်မလည်အောင် ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ်။ အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာတော့ ထက်ထက်မိုးဦးဟာ သူမရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် အလုပ်တွေ သိပ်မလုပ်ကိုင်နိုင်တော့တာကို တွေ့ရပါတယ်။ ထက်ထက်မိုးဦးဟာ သူမရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တော်တော်များများကို ခွဲစိတ်ထားရတာဖြစ်ပြီး မကြာခဏနေမကောင်းဖြစ်လေ့ရှိပါတယ်။
ဒီနေ့မှာတော့ ထက်ထက်မိုးဦးက သူမရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် သေချင်စိတ်ဖြစ်နေပြီဆိုတဲ့အကြောင်းကို “ရာသီဥတုကပူ၊ လူကနေ လို့မကောင်း၊ ဆေးတစ်ခါသောက် တစ်ခါအန်ချင်။ တခါတလေကျ မြန်မြန်သာသေလိုက်ချင်ပါတယ်။ မသေခင်လေးတော့ ကိုယ်လှူခဲ့တဲ့ ဘုန်းကြီးကျောင်း၊ ရန်ကုန်မှာရယ်၊ ထန်းမနိုင်ရွာ က အစိုးရ အထက်တန်းကျောင်းမှ ာထပ်ပြီးသွားလှူသွားကြည့်ချင် ပါသေးတယ်။” ဆိုပြီး ပြောထားပါတယ်။
ထက်ထက်မိုးဦးကတော့ သူမရဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် စိတ်ပျက် ဝမ်းနည်းနေရရှာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထက်ထက်မိုးဦးတစ်ယောက် ကျန်းမာရေးကောင်းပြီး အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နိုင်ဖို့ ဆုတောင်းပေးကြပါဦးနော်။
Source: Htet Htet Moe Oo’s fb
Bilie – Cele Connections
Add a Comment
Your email address will not be published. Required fields are marked *
1 × 2 =