မုန္တိုင္းၿပီး ေလေျပ လာသလို ကုိဗစ္ အလြန္ လူသား တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ ေရာင္နီ လာၿပီ

“အိပ္မက္ တုိ့ ျပန္လာခ်ိန္”

COVID ေရာဂါ စတင္ျပီး အျကီးအက်ယ္ျဖစ္ ခဲ့တာက အခုဆို ၅လ ျပည့္လုနီးပါးရွိခဲ့ပါပီ။ တကမၻာလံုး တႏိုင္ငံနဲ့ တႏုိင္ငံ အဆက္အသြယ္ေတြျဖတ္၊ Lock Down ေတြခ်ပီး အိမ္ထဲေနခဲ့ရတဲ့ကာလဟာ ၂လ နီးပါးရွိခဲ့ပါတယ္။ ရုတ္တရက္ အလစ္အငိုက္ တိုက္ခိုက္ခံလိုက္ရသလို အသက္ေပါင္းမ်ားစြာ ေသေျကပ်က္စီး၊ ဘ၀ေပါင္းမ်ားစြာ ဒုကၡေတြေတြ့ျကံုပီး လူသားေတြဟာ အိမ္တြင္းပုန္းေနခဲ့ရပါတယ္။ ဒါေပမယ့္ အခ်ိန္ျကာလာတာနဲ့အမွ် လူသားေတြဟာ ေရာဂါကို ပိုမိုသေဘာေပါက္လာပီး ျပန္လည္ တြန္းလွန္လာခဲ့ျကပါပီ။ အခုအခ်ိန္ကေတာ့ ေရာင္နီပ်ပ်ကို ျမင္ေတြ့လာရတဲ့ အခ်ိန္အခါပဲျဖစ္ပါတယ္။

ဒီတိုက္ပြဲမွာ တႏုိင္ငံနဲ့ တႏိုင္ငံ အေျခအေန မတူျကပါဘူး။ ခံစားရတာျခင္း မတူျကသလုိ သက္ေရာက္မွဳျခင္းလဲ မတူျကပါဘူး။ ဒီကာလမွ ေပးဆပ္ရမွဳေတြ အမ်ားျကီး ရွိသလို ေရွ့ဆက္ပီး တုိက္ပြဲ၀င္ေနျကရတုန္းပါပဲ။ ပီးေတာ့ မပီးေသးပါဘူး။ ဒီလိုအခ်ိန္အခါမွာ ဘယ္လိုအရာေတြက အဆံုးအျဖတ္ေပးသြားခဲ့သလဲ ဆုိတာ ေလ့လာျကည့္ရင္ေတာ့…

၁။ ေခါင္းေဆာင္ေကာင္းရွိျခင္း

ဒီဥပမာအတြက္ ထိပ္ဆံုးက ျမင္ေတြ့ႏိုင္တဲ့ေခါင္းေဆာင္ တေယာက္က ဂ်ာမနီ အဓိပတိ မာကယ္ပါ။ သူဟာ ႏုိင္ငံကို မိန့္ခြန္းေျပာတာ အလြန္ရွားေပမယ့္ ကိုဗစ္မွာေတာ့ မိန့္ခြန္းေျပာခဲ့ပါတယ္။ ဂ်ာမနီဟာ ဒုတိယကမၻာစစ္ေနာက္ပိုင္း အျကီးမားဆံုးျခိမ္းေျခာက္မွဳနဲ့ ရင္ဆုိင္ေနရပီလုိ့ သူေျပာခဲ့ပါတယ္။ ခ်က္ျခင္းပဲ Social Distancing လုပ္တယ္။ လုိအပ္တဲ့ ေရာဂါ ကုသေရး ကိရိယာေတြ အသင့္ျပင္ထားတယ္။ ေဆးရံုကုတင္ေတြ အကုန္အသင့္ရွိဖို့ လုပ္လိုက္တယ္။ အဲဒီအခ်ိန္က ရွားပါးေနတဲ့ Ventilator ေတြေတာင္ ဂ်ာမနီမွာ အမ်ားျကီးပါပဲ။ ေရာဂါကူးစက္ခ်ိန္မွာ ကူးစက္ခံရသူမ်ားေပမယ့္ ေသဆံုးသူ အလြန္နည္းေအာင္ ထိန္းႏိုင္ ခဲ့ပါတယ္။ သူ့ရဲ့ မဟာျပိဳင္ဘက္ျကီး ျဗိတိန္ကေတာ့ အခုထိ ထိန္းမႏုိင္ေသးပါဘူး။

ဒါတင္မက ဂ်ာမနီဟာ အီတလီ အပါအ၀င္ က်န္းမာေရးစနစ္ မႏုိင္မနင္းျဖစ္ေနတဲ့ အိမ္နီးနားခ်င္းႏုိင္ငံေတြက လူနာေတြကို သြားေရာက္ေခၚယူပီး ကုသေပးခဲ့ပါတယ္။ ကုန္က်စရိတ္ကုိ သူတို့ကပဲ ႏုိင္ငံရန္ပံုေငြထဲက သံုးပီး ကုေပးလို့ အိမ္နီးခ်င္းေတြက ေက်းဇူးတင္မဆံုးျဖစ္ေနျက ပါတယ္။ ဂ်ပန္နဲ့ ဂ်ာမနီဟာ တခါက ဖက္ဆစ္နဲ့ နာဇီအျဖစ္ကေန ယေန့အခ်ိန္မွာေတာ့ လူသားခ်င္းစာနာမွဳ အရွိဆံုးႏုိင္ငံေတြအျဖစ္ ေျပာင္းလဲပစ္လိုက္တာဟာ အတုယူစရာပါ။ ျမန္မာႏုိင္ငံမွာလဲ အေမစုရဲ့ ေခါင္းေဆာင္မွဳကို လူအမ်ားက လိုက္နာျကပီး အစိုးရကလဲ ေသခ်ာ စဥ္းစားေတြးေခၚပီး လုပ္ေဆာင္ႏုိင္ခဲ့တာေျကာင့္ အဆင္ေျပသြားတာပါ။

၂။ သိပၸံ၏ အေရးပါမွဳကုိ လက္ခံျခင္း။ လိုက္နာျခင္း။

ဒီအတြက္ေတာ့ ထရန့္ျကီးကုိပဲ ျကည့္ပါ။ ဧျပီေနပူ ရင္ ေပ်ာက္သြားမယ္ ဆုိတာကစလို့ ေကာလဟာလဆုိတာက အဆံုး သူ ညံ့ဖ်င္းခဲ့တာ အမ်ားျကီးပါ။ ဒါကလဲ အဆုိးမဆုိသာပါဘူး။ အစထဲက ကမၻာျကီးပူေႏြးလာတယ္ဆုိတာ သတင္းမွား၊ ရာသီဥတုေျပာင္းလဲမွဳကို ထိန္းခ်ဳပ္ရမယ္ ဆုိတာ ေကာလဟာလဆုိပီး ေျပာခဲ့သူကို သမၼတ တင္လိုက္မိတဲ့ အက်ိဳးကုိ အေမရိကန္တုိ့ ခံစားေနရတာပါ။ ဒါ့အျပင္ အုိဘားမား ထားခဲ့တဲ့ စာမ်က္ႏွာ ၆၉ မ်က္ႏွာပါတဲ့ ကပ္ေရာဂါ အေရးေပၚတံု့ျပန္ေရးစီမံခ်က္ကိုလဲ အခုမွ သိပါသတဲ့။ မဖတ္ရေသး ပါဘူးတဲ့။

US President Donald Trump leaves a news conference on the novel coronavirus, COVID-19, in the Rose Garden of the White House in Washington, DC on May 11, 2020. (Photo by Brendan Smialowski / AFP)

ထရမ္႕နဲ့အတူ ထည့္သြင္း ရမွာကေတာ့ ဘရာဇီးသမၼတ ဘုိဆိုနာရိုပါပဲ။ ေဆးပညာသမားေတြ သတိေပးတဲ့ လူခြာပီးေနဖို့၊ Mask တပ္ဖို့ေတြကုိ မလိုအပ္ဘူး။ အခ်ိန္တန္ပီးသြားမယ္ဆိုပီး ေျပာျကားလိုက္တာကေန အခုေတာ့ လူ ၂ သိန္းေက်ာ္ကူးစက္ပီး တန္းစီဇယားရဲ့ နံပါတ္ ၆ ေနရာကို ေရာက္ေနပါပီ။ ဒါဟာ သိပၸံအခ်က္အလက္ေတြကုိ လက္မခံခဲ့တာေျကာင့္ျဖစ္ပါတယ္။ ဒီကပ္ေဘးမွာ ျမန္မာျပည္အပါအ၀င္ ႏုိင္ငံအမ်ားစုက ညႊန္ျကားခ်က္ေတြအတိုင္း တတ္ႏုိင္သေလာက္ လိုက္လုပ္ျကလုိ့ အဆင္ေျပခဲ့တာပါ။

၃။ ျပည္သူမ်ား

ကပ္ေရာဂါတုိင္းကုိ ျပည္သူမပါပဲ ေက်ာ္ျဖတ္ လို့ မရပါဘူး။ ျပည္သူေတြ ရဲ့ စည္းကမ္း လိုက္နာမွဳနဲ့ အေျကာက္တရားဟာ ဒီေနရာမွာ အေရးပါပါတယ္။ အာရွေဒသက လူေတြက စည္းကမ္းလိုက္နာျကပီး ေသမွာကုိလဲ စိုးရိမ္ျကလို့ ေရာဂါျဖစ္တဲ့ေနရာမွာ ေနာက္နားကုိ ေရာက္ေနတာပါ။ ဥေရာပနဲ့ အေမရိက ဘက္ကေတာ့ လူ ၁၀၀၀ ေလာက္ကူးေနတဲ့ အခ်ိန္အထိ အသြားအလာ အစားအေသာက္ မပ်က္ခဲ့ျကလို့ အခုလို ခံစားေနရတာပါ။

တကယ္ေတာ့ လူသန္း ၁၇၀၀ ရွိတဲ့ တရုတ္၊ လူသန္း ၁၅၀၀ ေက်ာ္တဲ့ အိႏိၵယနဲ့ သန္း ၂၀၀ ေက်ာ္ရွိတဲ့ အင္ဒိုနီးရွားတုိ့လုိ လူဦးေရထူထပ္တဲ့ႏုိင္ငံေတြက အာရွမွာ ရွိေပမယ့္ အျကီးအက်ယ္မျဖစ္ပြားတာ အံ့ျသစရာပါ။ ျမန္မာျပည္ဆုိရင္လဲ ပိုးစေတြ့တာနဲ့ အစုိးရ ညႊန္ျကားခ်က္အတုိင္း လုိက္လုပ္ျကသလို ႏြမ္းပါးတဲ့လူတန္းစားေတြကအစ အစိုးရေပး တဲ့ရိကၡာနဲ့ ၁၀ ရက္ေလာက္ အိမ္ျပင္မထြက္ခဲ့ျကလို့ ျမန္မာျပည္ဟာ အဆုိးအရြားျကီးမျဖစ္ခဲ့တာပါ။

ဒါေတြကေတာ့ ဒီေရာဂါ ကုိ အဓိက ဆံုးျဖတ္ေပးခဲ့တဲ့ အခ်က္ေတြပါပဲ။ အခုေတာ့ ဒီအခ်ိန္ေတြကို ေက်ာ္ျဖတ္လာပီးေနာက္ လူေတြက တျဖည္းျဖည္း ျပန္တံု့ျပန္လာပါပီ။ အာရွေဒသဘက္က ပိုျမန္ပါတယ္။ စီးပြားေရးေတြ ျပန္စလာျကပီ။ လူတန္းစားအလိုက္ ရုန္းကန္မွဳေတြရွိလာပါပီ။ ဒီထက္ အမ်ားျကီး ေခတ္ေနာက္က်ပီး ဘာေဆးရံုမွ ေသခ်ာမရွိခဲ့စဥ္ထဲက လူသားေတြဟာ ပလိပ္ေရာဂါ၊ ကာလ၀မ္းေရာဂါ၊ ေက်ာက္ေရာဂါန့ဲ တုပ္ေကြးေရာဂါေတြကုိ အျပင္းအထန္ခံစားခဲ့ရေပမယ့္ ဘယ္ေတာ့မွ မက်ရွံဳးခဲ့ျကပါဘူး။ အခုလဲ တျဖည္းျဖည္း နဲ့ ေရာဂါကို ခုခံပီး ပံုမွန္ဘ၀ကို ျပန္လာဖို့ ခ်ည္းကပ္ေနျကပါပီ။

လက္ရွိေနာက္ဆံုး အေျခအေနအရေတာ့ ဒီေရာဂါဟာ လူသားေတြျကားထဲ အျမဲတမ္းရွိေနႏုိင္ပါတယ္။ ဒီေတာ့ ဒီပိုးကာကြယ္ေဆး မရေသးခင္ ၁ႏွစ္ခြဲေလာက္ေတာ့ ဆင္ျခင္ပီး ေနရမွာပါ။ ကာကြယ္ေဆးရပီးရင္ေတာ့ ေနာက္ ၅ ႏွစ္ ၁၀ ႏွစ္ျကာရင္ေတာ့ ဒီေရာဂါဟာ လူသားေတြအတြက္ ျခိမ္းေျခာက္ စရာျဖစ္လာေတာ့မွာ မဟုတ္ပါဘူး။ လက္ရွိအခ်ိန္မွာေတာ့ ေရာဂါကုိ အျကီးအက်ယ္ခံစားခဲ့ရတဲ့ ဥေရာပႏိုင္ငံေတြမွာ ေက်ာင္းေတြ ျပန္ဖြင့္ခဲ့ျကပီ။ စားေသာက္ဆုိင္ေတြ ေကာ္ဖီဆုိင္ေတြ စည္းကမ္းနဲ့ အညီျပန္ဖြင့္ျကပီ။ အခုေနာက္ဆံုး ေဘာလံုးပြဲအပါအ၀င္ အားကစားပြဲေတြ ပါ က်င္းပခြင့္ေတြ ျပန္ရလာျကပီ။ ဒါေပမယ့္ ႏိုင္ငံခ်င္း ခရီးသြားလာဖုိ့ ကူးလူးဆက္သြယ္ဖုိ့ကေတာ့ မလြယ္ေသးပါဘူး။ အဲဒီကြန္ရက္ျကီး အရင္လုိ ျပန္ျဖစ္ေအာင္တည္ေဆာက္ဖို့က ႏွစ္ခ်ီပီး ျကာပါလိမ့္မယ္။

ဘာပဲျဖစ္ျဖစ္ ေနာက္ဆံုး မွာေတာ့ လူသားတုိ့ဟာ တျဖည္းျဖည္းနဲ့ ေရာဂါကုိ ဘယ္လုိရင္ဆုိင္ပီး အႏုိင္ယူရမလဲ။ ဘယ္လိုကာကြယ္ရမလဲဆုိတာကို သိလာျကျခင္းနဲ့အတူ လားရာဟာလဲ အေကာင္းဘက္ကုိ ေရႊ့လ်ားလာခဲ့ပါပီ။ ဒီကာလမွာ ေသဆံုးခဲ့ရတဲ့ အသက္ေတြ၊ ေျကမြသြားတဲ့ ဘ၀ေတြ၊ ေဒ၀ါလီခံ သြားရတဲ့ လုပ္ငန္းေပါင္းမ်ားစြာ၊ အလုပ္လက္မဲ့ျဖစ္သြားတဲ့ သန္းေပါင္းမ်ားစြာေသာ လူသားေတြ၊ လစာေလွ်ာ့ယူလိုက္ရတဲ့ လူသားေပါင္းမ်ားစြာ၊ စိုးရိမ္ထိတ္လန့္မွဳေတြနဲ့ ေက်ာ္ျဖတ္ခဲ့ရတဲ့ ေန့ညမ်ားစြာ၊ ေအာက္ေျခမွာ ေသြးေခၽြးနဲ့ ရင္းပီး ကူညီလွဳပ္ရွားခ့ဲရတဲ့ က်န္းမာေရး ၀န္ထမ္းေတြနဲ့ ေစတနာ့၀န္ထမ္းေတြ ဒါေတြအားလံုးဟာ တျဖည္းျဖည္းနဲ့ အဆင္ေျပလာႏုိင္မယ့္ ေရာင္နီကုိ ျမင္ေနရပါပီ။

ဒီအခို္က္အတန့္ေတြမွာ အားမေလွ်ာ့ပဲ ဆက္လက္ ရင္ဆုိင္ေနတဲ့ လူသားေတြ၊ တေထာင့္တေနရာက ကမၻာေျမအတြက္ အသက္စြန့္ကာကြယ္ေနသူေတြနဲ့ အခ်င္းခ်င္းေဖးမပီး ကာလဆုိးျကီးကို တက္ညီလက္ညီျဖတ္ေက်ာ္ခဲ့ျကတဲ့လူသားေတြအတြက္ မျကာခင္မွာ ဆုလာဒ္ေတြ ေရာက္လာေတာ့မွာပါ။ ၂၀၂၀ စတင္ထဲက ပ်က္စီးသြားခဲ့ရတဲ့အိပ္မက္ေတြ၊ ရည္မွန္းခ်က္ေတြ၊ ပန္းတုိင္ေတြကုိ အမိအရ ဆုတ္ကိုင္ႏုိင္ဖို့ အခ်ိန္ကာလေတြဟာ မနီးေတာ့တဲ့ အခ်ိန္မွာ ေရာက္ရွိလာေတာ့မွာပါ။

အဆံုးမွာေတာ့ မုန္တုိင္းျပီးရင္ ေလေျပလာသလုိပဲ လူသား တုိ့ရဲ့ အိပ္မက္ေတြ စိတ္ကူးပန္းတုိင္ေတြဟာ ျပန္လာခ်ိန္ ေရာက္ရွိလာေနခဲ့ပီလို့ ဆုိပါရေစ။ မေလွ်ာ့ေသာဇြဲနဲ ့ သတိနဲ့ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ျကပါစို့။ ကမၻာေျမရဲ့ အိပ္မက္ေတြဟာ ျပန္လာေနခဲ့ပီ။

(Nay Thway)

unicode

“အိပ်မက် တို့ ပြန်လာချိန်”

COVID ရောဂါ စတင်ပြီး အကြီးအကျယ်ဖြစ် ခဲ့တာက အခုဆို ၅လ ပြည့်လုနီးပါးရှိခဲ့ပါပီ။ တကမ္ဘာလုံး တနိုင်ငံနဲ့ တနိုင်ငံ အဆက်အသွယ်တွေဖြတ်၊ Lock Down တွေချပီး အိမ်ထဲနေခဲ့ရတဲ့ကာလဟာ ၂လ နီးပါးရှိခဲ့ပါတယ်။ ရုတ်တရက် အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသလို အသက်ပေါင်းများစွာ သေကြေပျက်စီး၊ ဘဝပေါင်းများစွာ ဒုက္ခတွေတွေ့ကြုံပီး လူသားတွေဟာ အိမ်တွင်းပုန်းနေခဲ့ရပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ လူသားတွေဟာ ရောဂါကို ပိုမိုသဘောပေါက်လာပီး ပြန်လည် တွန်းလှန်လာခဲ့ကြပါပီ။ အခုအချိန်ကတော့ ရောင်နီပျပျကို မြင်တွေ့လာရတဲ့ အချိန်အခါပဲဖြစ်ပါတယ်။

ဒီတိုက်ပွဲမှာ တနိုင်ငံနဲ့ တနိုင်ငံ အခြေအနေ မတူကြပါဘူး။ ခံစားရတာခြင်း မတူကြသလို သက်ရောက်မှုခြင်းလဲ မတူကြပါဘူး။ ဒီကာလမှ ပေးဆပ်ရမှုတွေ အများကြီး ရှိသလို ရှေ့ဆက်ပီး တိုက်ပွဲဝင်နေကြရတုန်းပါပဲ။ ပီးတော့ မပီးသေးပါဘူး။ ဒီလိုအချိန်အခါမှာ ဘယ်လိုအရာတွေက အဆုံးအဖြတ်ပေးသွားခဲ့သလဲ ဆိုတာ လေ့လာကြည့်ရင်တော့…

၁။ ခေါင်းဆောင်ကောင်းရှိခြင်း

ဒီဥပမာအတွက် ထိပ်ဆုံးက မြင်တွေ့နိုင်တဲ့ခေါင်းဆောင် တယောက်က ဂျာမနီ အဓိပတိ မာကယ်ပါ။ သူဟာ နိုင်ငံကို မိန့်ခွန်းပြောတာ အလွန်ရှားပေမယ့် ကိုဗစ်မှာတော့ မိန့်ခွန်းပြောခဲ့ပါတယ်။ ဂျာမနီဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံးခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပီလို့ သူပြောခဲ့ပါတယ်။ ချက်ခြင်းပဲ Social Distancing လုပ်တယ်။ လိုအပ်တဲ့ ရောဂါ ကုသရေး ကိရိယာတွေ အသင့်ပြင်ထားတယ်။ ဆေးရုံကုတင်တွေ အကုန်အသင့်ရှိဖို့ လုပ်လိုက်တယ်။ အဲဒီအချိန်က ရှားပါးနေတဲ့ Ventilator တွေတောင် ဂျာမနီမှာ အများကြီးပါပဲ။ ရောဂါကူးစက်ချိန်မှာ ကူးစက်ခံရသူများပေမယ့် သေဆုံးသူ အလွန်နည်းအောင် ထိန်းနိုင် ခဲ့ပါတယ်။ သူ့ရဲ့ မဟာပြိုင်ဘက်ကြီး ဗြိတိန်ကတော့ အခုထိ ထိန်းမနိုင်သေးပါဘူး။

ဒါတင်မက ဂျာမနီဟာ အီတလီ အပါအဝင် ကျန်းမာရေးစနစ် မနိုင်မနင်းဖြစ်နေတဲ့ အိမ်နီးနားချင်းနိုင်ငံတွေက လူနာတွေကို သွားရောက်ခေါ်ယူပီး ကုသပေးခဲ့ပါတယ်။ ကုန်ကျစရိတ်ကို သူတို့ကပဲ နိုင်ငံရန်ပုံငွေထဲက သုံးပီး ကုပေးလို့ အိမ်နီးချင်းတွေက ကျေးဇူးတင်မဆုံးဖြစ်နေကြ ပါတယ်။ ဂျပန်နဲ့ ဂျာမနီဟာ တခါက ဖက်ဆစ်နဲ့ နာဇီအဖြစ်ကနေ ယနေ့အချိန်မှာတော့ လူသားချင်းစာနာမှု အရှိဆုံးနိုင်ငံတွေအဖြစ် ပြောင်းလဲပစ်လိုက်တာဟာ အတုယူစရာပါ။ မြန်မာနိုင်ငံမှာလဲ အမေစုရဲ့ ခေါင်းဆောင်မှုကို လူအများက လိုက်နာကြပီး အစိုးရကလဲ သေချာ စဉ်းစားတွေးခေါ်ပီး လုပ်ဆောင်နိုင်ခဲ့တာကြောင့် အဆင်ပြေသွားတာပါ။

၂။ သိပ္ပံ၏ အရေးပါမှုကို လက်ခံခြင်း။ လိုက်နာခြင်း။

ဒီအတွက်တော့ ထရန့်ကြီးကိုပဲ ကြည့်ပါ။ ဧပြီနေပူ ရင် ပျောက်သွားမယ် ဆိုတာကစလို့ ကောလဟာလဆိုတာက အဆုံး သူ ညံ့ဖျင်းခဲ့တာ အများကြီးပါ။ ဒါကလဲ အဆိုးမဆိုသာပါဘူး။ အစထဲက ကမ္ဘာကြီးပူနွေးလာတယ်ဆိုတာ သတင်းမှား၊ ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရမယ် ဆိုတာ ကောလဟာလဆိုပီး ပြောခဲ့သူကို သမ္မတ တင်လိုက်မိတဲ့ အကျိုးကို အမေရိကန်တို့ ခံစားနေရတာပါ။ ဒါ့အပြင် အိုဘားမား ထားခဲ့တဲ့ စာမျက်နှာ ၆၉ မျက်နှာပါတဲ့ ကပ်ရောဂါ အရေးပေါ်တုံ့ပြန်ရေးစီမံချက်ကိုလဲ အခုမှ သိပါသတဲ့။ မဖတ်ရသေး ပါဘူးတဲ့။

US President Donald Trump leaves a news conference on the novel coronavirus, COVID-19, in the Rose Garden of the White House in Washington, DC on May 11, 2020. (Photo by Brendan Smialowski / AFP)

ထရမ့်နဲ့အတူ ထည့်သွင်း ရမှာကတော့ ဘရာဇီးသမ္မတ ဘိုဆိုနာရိုပါပဲ။ ဆေးပညာသမားတွေ သတိပေးတဲ့ လူခွာပီးနေဖို့၊ Mask တပ်ဖို့တွေကို မလိုအပ်ဘူး။ အချိန်တန်ပီးသွားမယ်ဆိုပီး ပြောကြားလိုက်တာကနေ အခုတော့ လူ ၂ သိန်းကျော်ကူးစက်ပီး တန်းစီဇယားရဲ့ နံပါတ် ၆ နေရာကို ရောက်နေပါပီ။ ဒါဟာ သိပ္ပံအချက်အလက်တွေကို လက်မခံခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒီကပ်ဘေးမှာ မြန်မာပြည်အပါအဝင် နိုင်ငံအများစုက ညွှန်ကြားချက်တွေအတိုင်း တတ်နိုင်သလောက် လိုက်လုပ်ကြလို့ အဆင်ပြေခဲ့တာပါ။

၃။ ပြည်သူများ

ကပ်ရောဂါတိုင်းကို ပြည်သူမပါပဲ ကျော်ဖြတ် လို့ မရပါဘူး။ ပြည်သူတွေ ရဲ့ စည်းကမ်း လိုက်နာမှုနဲ့ အကြောက်တရားဟာ ဒီနေရာမှာ အရေးပါပါတယ်။ အာရှဒေသက လူတွေက စည်းကမ်းလိုက်နာကြပီး သေမှာကိုလဲ စိုးရိမ်ကြလို့ ရောဂါဖြစ်တဲ့နေရာမှာ နောက်နားကို ရောက်နေတာပါ။ ဥရောပနဲ့ အမေရိက ဘက်ကတော့ လူ ၁၀၀၀ လောက်ကူးနေတဲ့ အချိန်အထိ အသွားအလာ အစားအသောက် မပျက်ခဲ့ကြလို့ အခုလို ခံစားနေရတာပါ။

တကယ်တော့ လူသန်း ၁၇၀၀ ရှိတဲ့ တရုတ်၊ လူသန်း ၁၅၀၀ ကျော်တဲ့ အိန္ဒိယနဲ့ သန်း ၂၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားတို့လို လူဦးရေထူထပ်တဲ့နိုင်ငံတွေက အာရှမှာ ရှိပေမယ့် အကြီးအကျယ်မဖြစ်ပွားတာ အံ့သြစရာပါ။ မြန်မာပြည်ဆိုရင်လဲ ပိုးစတွေ့တာနဲ့ အစိုးရ ညွှန်ကြားချက်အတိုင်း လိုက်လုပ်ကြသလို နွမ်းပါးတဲ့လူတန်းစားတွေကအစ အစိုးရပေး တဲ့ရိက္ခာနဲ့ ၁၀ ရက်လောက် အိမ်ပြင်မထွက်ခဲ့ကြလို့ မြန်မာပြည်ဟာ အဆိုးအရွားကြီးမဖြစ်ခဲ့တာပါ။

ဒါတွေကတော့ ဒီရောဂါ ကို အဓိက ဆုံးဖြတ်ပေးခဲ့တဲ့ အချက်တွေပါပဲ။ အခုတော့ ဒီအချိန်တွေကို ကျော်ဖြတ်လာပီးနောက် လူတွေက တဖြည်းဖြည်း ပြန်တုံ့ပြန်လာပါပီ။ အာရှဒေသဘက်က ပိုမြန်ပါတယ်။ စီးပွားရေးတွေ ပြန်စလာကြပီ။ လူတန်းစားအလိုက် ရုန်းကန်မှုတွေရှိလာပါပီ။ ဒီထက် အများကြီး ခေတ်နောက်ကျပီး ဘာဆေးရုံမှ သေချာမရှိခဲ့စဉ်ထဲက လူသားတွေဟာ ပလိပ်ရောဂါ၊ ကာလဝမ်းရောဂါ၊ ကျောက်ရောဂါနဲ့ တုပ်ကွေးရောဂါတွေကို အပြင်းအထန်ခံစားခဲ့ရပေမယ့် ဘယ်တော့မှ မကျရှုံးခဲ့ကြပါဘူး။ အခုလဲ တဖြည်းဖြည်း နဲ့ ရောဂါကို ခုခံပီး ပုံမှန်ဘဝကို ပြန်လာဖို့ ချည်းကပ်နေကြပါပီ။

လက်ရှိနောက်ဆုံး အခြေအနေအရတော့ ဒီရောဂါဟာ လူသားတွေကြားထဲ အမြဲတမ်းရှိနေနိုင်ပါတယ်။ ဒီတော့ ဒီပိုးကာကွယ်ဆေး မရသေးခင် ၁နှစ်ခွဲလောက်တော့ ဆင်ခြင်ပီး နေရမှာပါ။ ကာကွယ်ဆေးရပီးရင်တော့ နောက် ၅ နှစ် ၁၀ နှစ်ကြာရင်တော့ ဒီရောဂါဟာ လူသားတွေအတွက် ခြိမ်းခြောက် စရာဖြစ်လာတော့မှာ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာတော့ ရောဂါကို အကြီးအကျယ်ခံစားခဲ့ရတဲ့ ဥရောပနိုင်ငံတွေမှာ ကျောင်းတွေ ပြန်ဖွင့်ခဲ့ကြပီ။ စားသောက်ဆိုင်တွေ ကော်ဖီဆိုင်တွေ စည်းကမ်းနဲ့ အညီပြန်ဖွင့်ကြပီ။ အခုနောက်ဆုံး ဘောလုံးပွဲအပါအဝင် အားကစားပွဲတွေ ပါ ကျင်းပခွင့်တွေ ပြန်ရလာကြပီ။ ဒါပေမယ့် နိုင်ငံချင်း ခရီးသွားလာဖို့ ကူးလူးဆက်သွယ်ဖို့ကတော့ မလွယ်သေးပါဘူး။ အဲဒီကွန်ရက်ကြီး အရင်လို ပြန်ဖြစ်အောင်တည်ဆောက်ဖို့က နှစ်ချီပီး ကြာပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံး မှာတော့ လူသားတို့ဟာ တဖြည်းဖြည်းနဲ့ ရောဂါကို ဘယ်လိုရင်ဆိုင်ပီး အနိုင်ယူရမလဲ။ ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိလာကြခြင်းနဲ့အတူ လားရာဟာလဲ အကောင်းဘက်ကို ရွှေ့လျားလာခဲ့ပါပီ။ ဒီကာလမှာ သေဆုံးခဲ့ရတဲ့ အသက်တွေ၊ ကြေမွသွားတဲ့ ဘဝတွေ၊ ဒေဝါလီခံ သွားရတဲ့ လုပ်ငန်းပေါင်းများစွာ၊ အလုပ်လက်မဲ့ဖြစ်သွားတဲ့ သန်းပေါင်းများစွာသော လူသားတွေ၊ လစာလျှော့ယူလိုက်ရတဲ့ လူသားပေါင်းများစွာ၊ စိုးရိမ်ထိတ်လန့်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ရတဲ့ နေ့ညများစွာ၊ အောက်ခြေမှာ သွေးချွေးနဲ့ ရင်းပီး ကူညီလှုပ်ရှားခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ဒါတွေအားလုံးဟာ တဖြည်းဖြည်းနဲ့ အဆင်ပြေလာနိုင်မယ့် ရောင်နီကို မြင်နေရပါပီ။

ဒီအခိုက်အတန့်တွေမှာ အားမလျှော့ပဲ ဆက်လက် ရင်ဆိုင်နေတဲ့ လူသားတွေ၊ တထောင့်တနေရာက ကမ္ဘာမြေအတွက် အသက်စွန့်ကာကွယ်နေသူတွေနဲ့ အချင်းချင်းဖေးမပီး ကာလဆိုးကြီးကို တက်ညီလက်ညီဖြတ်ကျော်ခဲ့ကြတဲ့လူသားတွေအတွက် မကြာခင်မှာ ဆုလာဒ်တွေ ရောက်လာတော့မှာပါ။ ၂၀၂၀ စတင်ထဲက ပျက်စီးသွားခဲ့ရတဲ့အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို အမိအရ ဆုတ်ကိုင်နိုင်ဖို့ အချိန်ကာလတွေဟာ မနီးတော့တဲ့ အချိန်မှာ ရောက်ရှိလာတော့မှာပါ။

အဆုံးမှာတော့ မုန်တိုင်းပြီးရင် လေပြေလာသလိုပဲ လူသား တို့ရဲ့ အိပ်မက်တွေ စိတ်ကူးပန်းတိုင်တွေဟာ ပြန်လာချိန် ရောက်ရှိလာနေခဲ့ပီလို့ ဆိုပါရစေ။ မလျှော့သောဇွဲနဲ့ သတိနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ကြပါစို့။ ကမ္ဘာမြေရဲ့ အိပ်မက်တွေဟာ ပြန်လာနေခဲ့ပီ။

(Nay Thway)

Add a Comment

Your email address will not be published. Required fields are marked *

four × five =