




unicode

United Nations ကို အကြွေးပေး ဖို့ အမေရိကန် ကို တရုတ် တိုက်တွန်း

မေလ ၁၅ ရက်နေ့ထုတ်ပြန်ချက် အရ တရုတ်နိုင်ငံ က United Nations အဖွဲ့ဝင်နိုင်ငံတွေအနေဖြင့် မိမိတို့သဘောတူညီထားတဲ့ ထောက်ပံ့ငွေကို United Nations သို့ပေးအပ်ကြဖို့တိုက်တွန်းလိုက်ပြီး အမေရိကန်က ဒေါ်လာ ၂ ဘီလီယံထောက်ပံ့ဖို့ သဘောတူညီထားခဲ့တာဖြစ်ပါတယ်။မေလ ၁၄ ရက်နေ့က United Nations ရန်ပုံငွေနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းရန်ပုံငွေအတွက် အဖွဲ့ဝင်နိုင်ငံတွေထည့်ဝင်ဖို့ပျက်ကွက်နေတာကြောင့် ၁.၆၃ ကနေ ၂.၁၄ ဘီလီယံအထိလိုငွေပြနေတယ်လို့ United Nations အကြီးအကဲအစည်းအဝေးက ထုတ်ပြန်ချက်ကို ကိုးကားပြီးတရုတ်တို့က ဆော်သြလိုက်တာလဲဖြစ်ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ခုနှစ်နှစ်ကနေ ယခုအချိန် အထိ အမေရိကန်ဟာ ထောက်ပံ့ငွေပေးအပ်ဖို့နောက်ကျတာတွေ ပျက်ကွက်ခဲ့တာတွေများပြီး လောလောဆယ်မှာတော့ ၁.၁၆၅ကနေ ၁.၃၃၂ ဘီလီယံအထိပေးအပ်ဖို့ရှိနေတယ်လို့ တရုတ်က ထောက်ပြခဲ့တာလဲဖြစ်ပါတယ်။ United Nations ရဲ့ နှစ်စဉ်ငြိမ်းချမ်းရေး ထိန်းသိမ်းမှုအသုံးစရိတ် ၆ဘီလီယံထဲက ၂၅ ရာခိုင်နှုန်းကို အမေရိကန်ကထောက်ပံ့နေတာဖြစ်ပြီး အလားတူ အခြားသောလုပ်ငန်းဆောင်တာတွေအတွက်နှစ်စဉ်အသုံးငွေ ၃ဘီလီယံရဲ့ ၂၂ ရာခိုင်နှုန်းဟာ အမေရိကန်နိုင်ငံမှဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့် အစိုးရမတိုင်ခင်က အမေရိကန်ဟာ United Nations ငြိမ်းချမ်းရေးထိန်းသိမ်းမှုအသုံးစရိတ်အတွက် ၂၇.၈၉ ရာခိုင်နှုန်းအထိထောက်ပံ့နေခဲ့ပေမယ့် သမ္မတထရန့်လက်ထက်မှာ ညှိနှိုင်းမှုတစ်ချို့ပြန်လည်ပြုလုပ်ခဲ့ကာ ၂၅ ရာခိုင်နှုန်းသို့ ဖြေလျော့ပေးခဲ့တာဖြစ်ခဲ့ပေမယ့် ဒါဟာ နှစ်စဉ်ဒေါ်လာ မီလီယံ ၂၀၀ ထောက်ပံ့နေရတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ရဲ့ နှစ်စဉ်ရသုံးမှန်းခြေ တွက်ချက်မှုဟာ အောက်တိုဘာလမှ နှစ်ချုပ်တာဖြစ်ပါတယ်။

ယခုလို အိုးကမပူ စလောင်းကပူနေတဲ့ တရုတ်ရဲ့ လုပ်ရပ် ကို အမေရိကန်က ” ဒါဟာ တရုတ်တို့ရဲ့ Covid-19 အပြစ်ပေါ့လျော့အောင် အာရုံလွှဲတဲ့နည်းတစ်မျိုးပဲဖြစ်ပါတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။ ” ဒါ့အပြင် အမေရိကန်အနေဖြင့် ယခုနှစ်အတွက် United Nations ကို ဒေါ်လာ၇၂၆ မီလီယံထောက်ပံ့ ထားပြီဖြစ်ကာ လက်ကျန်ငွေ ဒေါ်လာ ၈၈၈ မီလီယံကို နှစ်ချုပ်ကာလဖြစ်တဲ့ အောက်တိုဘာမှာ ပေးသွားဖြစ်တယ်လို့လည်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။” နောက်တစ်ချက်က ယခုရန်ပုံငွေဟာ ကမ္ဘာတစ်လွှားက United Nations တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့နေရတာဖြစ်တဲ့ အတွက်အမေရိကန်တို့က အချိန်နဲ့တပြေးညီပေး အပ်သွားမှာလည်းဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ် ။United Nations အထွေထွေအသုံးစရိတ်နဲ့ ငြိမ်းချမ်းရေးရန်ပုံငွေအတွက် အမေရိကန်နောက် တရုတ်က ၁၂ ရာခိုင်နှုန်းထောက်ပံ့ပေးခြင်းဖြင့် ဒုတိယနေရာမှာရပ်တည်နေပြီး ကြာသပတေးနေ့ တရုတ် အပါအဝင်အဖွဲ့ဝင် နိုင်ငံ၅၀ က ဒီနှစ်အတွက်ထောက်ပံ့ငွေကို အကျေပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် ထောက်ပံ့ငွေမပေးသေးတဲ့အမေရိကန်ဘက်ကို မျှားဦးလှည့်လာတာလဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *

four − 4 =