လူမ်ဳိး ဘာသာ ႏုိင္ငံ မခြဲျခားတဲ့ ကုိဗစ္ မရဏမင္း နဲ႔ လတ္တေလာ ကမၻာ႔အျဖစ္အပ်က္မ်ား

ကမာၻက မျမင္ရေသာ လူေသေကာင္မ်ား – ၁၉၁၈ စပိန္တုပ္ေကြးေရာဂါျဖစ္တုန္း ကလည္း ေခါင္းတလားေတြဟာ ေန႔စဥ္လိုအပ္တဲ့ လူသုံးပစၥည္းတစ္ခုျဖစ္လာခဲ့ဖူးတယ္….။ ေရခဲတိုက္ထဲ မဆံ့လို႔ လမ္းေဘးနဲ႔ အိမ္ေတြေရွ႕မွာ ျပည့္ႏွက္ေနခဲ့….။ အေလာင္းေတြကို သခ်ႋဳင္းဆီ သယ္သြားတဲ့ ကားသံေတြ၊ ျမင္းလွည္းသံေတြ မိုးလင္း၊ မိုးခ်ဳပ္ ဆူညံေနခဲ့..။

ရာစုႏွစ္တစ္ခုၾကာၿပီးတဲ့အခါ အေမရိကတိုက္ရဲ႕ လမ္းမ မ်ားေပၚမွာ အဲ့ဒီနည္းတူ အေခါင္းတလားေတြ ထပ္ေပၚလာျပန္တယ္။ ဒီေန႔အထိဆို အေမရိကန္မွာ တရားဝင္စာရင္းအရ လူေပါင္း ၈၈, ၅၀၇ ေယာက္ေသကုန္ၿပီတဲ့…။ ေဆး႐ုံအျပင္မွာရပ္ထားတဲ့ အေအးတိုက္ကားေတြ…။ အိတ္ထဲမွာ ထည့္ထားတဲ့ အေလာင္းေတြ…။ ဒါေတြကို ဓာတ္ပုံ႐ိုက္တဲ့ ေမာင္းသူမဲ့ေလယာဥ္ကို နယူးေယာက္ရဲဌာနက ခ်က္ခ်င္းသိမ္းယူခဲ့တယ္…။

Connecticut, New Haven မွာေနတဲ့ အသက္ ၆ ႏွစ္အ႐ြယ္ ဂြၽန္(John Delano ) ဆိုတဲ့ကေလးေတာင္ ကို႐ိုနာဗိုင္းရပ္စ္ရခဲ့တယ္…။ သူတို႔ေနတဲ့ လမ္းမွာလည္း ေရခဲတိုက္တစ္ခုရွိတယ္…။ အထဲမွာ မဆံ့ေတာ့တဲ့ ေခါင္းတလားေတြ လမ္းေဘးမွာ စေပၚလာၿပီ။ Omar Rodriguez နဲ႔ Joseph Neufeld Jr တို႔ဟာ အေမရိကန္၊ နယူးေယာက္ၿမိဳ႕ Queens မွာ ရွိတဲ့ အသုဘ လုပ္ငန္းအလုပ္သမားေတြေပါ့…။

“ အေမရိကန္မွာ COVID-19 ေၾကာင့္ေသဆုံးသူ ၈၈ ၅၀၇ ေယာက္ ဆိုတာ ေၾကညာတဲ့ ကိန္းဂဏန္း အခ်က္အလက္ေတြပဲရွိတာ ၊ အမွန္တကယ္ေသဆုံးတဲ့သူ အားလုံးကို ကြၽန္ေတာ္တို႔ အေသအခ်ာသိမွာမဟုတ္ဘူးလို႔ထင္ပါတယ္..” ဒါေတာင္ အေမရိကန္က အေတာ္တိက်တာ….။

ကို႐ိုနာဗိုင္းရပ္စ္ေတြဟာ ကြၽႏ္ုပ္တို႔ ပတ္ဝန္းက်င္မွာ ျမဴေတြလိုဝိုင္းေနဆဲပါ…။ ဒီေန႔ အခ်ိန္ကာလနဲ႔ ပတ္ဝန္း က်င္အေျခအေနေတြက ကြၽႏ္ုပ္တို႔ကို အႏၲရာယ္ရွိတယ္လို႔ အၿမဲသတိေပးေနတယ္…။ ကမာၻက မျမင္ရတဲ့ လူေသေကာင္ေတြ အမ်ားႀကီး…၊ ဘိုးဘြားရိပ္သာေတြကအစ အက်ဥ္းေထာင္ေတြအဆုံး …၊ ဟိုေနရာ ဒီေနရာ…။ တရားဝင္စာရင္းအရ တစ္ကမာၻလုံးမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးတဲ့သူ ၃၀၈ , ၆၈၆ တဲ့…။ ဒါေတာင္ သတင္းမပို႔ႏိုင္တဲ့ ဗိုင္းရပ္စ္အေလာင္းေတြ ကမာၻေပၚမွာ ရွိေနမွာ ေသခ်ာတယ္..။

အိႏၵိယ ေမလ ၁၆ ရက္ သတင္း- တစ္ေန႔တည္းမွာ ေသဆုံး သူ ၁၅၆ ေယာက္တဲ့..။ အိႏၵိယတစ္ႏိုင္ငံလုံး ေသဆုံးသူ ၂,၇၅၃ ဦးရွိေနၿပီ…။ Covid-19 အႏၲရာယ္ ရင္ဆိုင္ေနရတဲ့ ႏိုင္ငံေပါင္း ၁၈၀ ေက်ာ္မွာ အိႏၵိယႏိုင္ငံဟာ ေန႔ခ်င္းညခ်င္း နံပါတ္(၁၁) ျဖစ္သြားတယ္။

တရားဝင္ ကိန္းဂဏန္းေတြထက္ပိုမ်ားတဲ့လူေတြ ကမာၻႀကီးမွာေသေနၾက တယ္လို႔ ခန္႔မွန္းေနၾကတဲ့ ပညာရွင္ေတြရဲ႕စကားကို ေပါ့ေပါ့ေတြးလို႔မရပါ…။ ဒါဟာ ၿပီးျပည့္စုံတဲ့ ေသမင္းဂိမ္းအသစ္ရဲ႕ ေျခလွမ္းတစ္ခုပဲ…။ မိုးသည္းသည္းမွာ ပိရမစ္တစ္ခုကို တြယ္တက္ေနတာနဲ႔တူတယ္။ တစ္ေန႔ တစ္ေန႔မွာပိရမစ္ေပၚတြယ္တက္ရင္း ေခ်ာ္က်မယ္။ ကြၽႏ္ုပ္တို႔ခႏၶာကိုယ္ေတြ ေအာက္ကေခါင္းတလားေတြအေပၚ ျပဳတ္က်မယ္…။

လြန္ခဲ့တဲ့ ၂ ရက္က ကမာၻတစ္၀န္းမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံထားရသူအနည္းဆုံး ၄.၃ သန္းရွိၿပီတဲ့..။ ဒါဟာ Johns Hopkins တကၠသိုလ္က ေကာက္ယူခဲ့တဲ့ ကိန္းဂဏန္းျဖစ္တယ္။ သူတို႔ဟာ ကမာၻ႔ကူးစက္ေရာဂါရဲ႕ အတိုင္းအတာပမာဏကို အလြန္အမင္းေလွ်ာ့တြက္ ထားျခင္းျဖစ္တယ္…။ ဒီ့ထက္ပိုမ်ားတဲ့လူေတြ ဗိုင္းရပ္စ္ရေနတယ္။

ဒီေန႔ – May 16, 2020, 09:18 GMT Worldometer မွာေဖၚျပ ထားတာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံထားရသူ ၄.၆ သန္းတဲ့…။ အေမရိကန္သမၼတ ထရန္႔က ဒီႏွစ္ကုန္မွာ ကာကြယ္ေဆး ရေအာင္လုပ္မယ္တဲ့…။ WHO ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကိုဘယ္ေတာ့မွ တိုက္ဖ်က္ႏိုင္မွာမဟုတ္လို႔ ေျပာျပန္တယ္..။ Covid-19 ေရာဂါကိုျဖစ္ေပၚေစတဲ့ ကို႐ိုနာ ဗိုင္းရပ္စ္ဟာ အိပ္ခ်္အိုင္ဗြီလိုပဲ ကမာၻေပၚမွာ ဆက္ေနသြားမွာတဲ့…။

လီဆိုသို (Lesotho)က ေျပာတယ္။ အာဖရိကႏိုင္ငံ တိုင္းမွာ COVID-19 ေရာဂါရကုန္ၿပီတဲ့…။ ၿပီးခဲ့တဲ့ အပတ္က ေဆာ္ဒီအာေရးဗီးယားနဲ႔ အိမ္နီးခ်င္းေတာင္အာဖရိကႏိုင္ငံေတြမွာ ဗိုင္းရပ္စ္ပိုးရွိသူ ၈၁ ဦးေတြ႕ရွိခဲ့ရ..။ အာဖဂန္နစၥတန္မွာ ဗိုင္းရပ္စ္ရသူေတြ ၅၀၀၀ အထိရွိေနၿပီ…။ ဆြီဒင္မွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၄၆၀ ရဲ႕ ထက္ဝက္ဟာ ဘိုးဘြားရိပ္သာမွာေနတဲ့ အဘိုးအို အဘြားအိုေတြတဲ့….။

မကၠဆီကိုမွာေတာ့ ၅၁ ရက္ Lockdown လုပ္ၿပီး နည္းနည္းစီ ျပန္ဖြင့္ေတာ့ မယ္တဲ့…။ ဒါေပမဲ့ မေန႔က တစ္ေန႔တည္း ေသဆုံးသူ ၂၉၀ ေယာက္ရွိေနတယ္..။ ေတာင္ကိုရီးယားမွာ ေမလဆန္းက ျပည္တြင္းလူနာေတြ လုံးဝေပၚမလာလို႔ စိတ္ေအးရခ်ိန္မွာ ဗိုင္းရက္စ္ေတြ ထပ္ျပန္႔လာၿပီ။ ဒီတစ္ခါေတာ့ အီထယ္ဝန္ ကလပ္ (Itaewon Club ) ေတြကျပန္ စတာေပါ့…။ ေမလ ၇ ရက္ေန႔ ကေန ဒီေန႔အထိ လူေပါင္း ၁၀၀ ေက်ာ္ ကို ထပ္ၿပီးကူးစက္ေနၿပီ….။

ျမန္မာက ေမာင္ႏွမေတြလည္း ဂ႐ုစိုက္ ပါလို႔…။ကမာၻႀကီး ေရာဂါ ကပ္ဆိုက္ေနတာမို႔…..။ အသက္ရွင္ေနတုန္း ႐ိုး႐ိုးရွင္းရွင္းေနထိုင္ဖို႔နဲ႔ အားလုံးကိုတန္ဖိုးထားေက်းဇူးတင္ဖို႔…။ COVID-19 တိုက္ပြဲကို စည္းစည္းလုံးလုံးနဲ႔ ရသေလာက္ ျပန္တိုက္ၾကဖို႔…။ အျခားႏိုင္ငံေတြရဲ႕ အမွားေတြ ထပ္မလုပ္မိၾကဖို႔..။ သတၱိရွိရွိ နဲ႔ ဒီကပ္ႀကီးကို ေက်ာ္လႊားႏိုင္ဖို႔ …။

မေ႐ႊမိုး ( ကိုရီးယား )
May 16th,2020.

unicode

ကမ္ဘာက မမြင်ရသော လူသေကောင်များ – ၁၉၁၈ စပိန်တုပ်ကွေးရောဂါဖြစ်တုန်း ကလည်း ခေါင်းတလားတွေဟာ နေ့စဉ်လိုအပ်တဲ့ လူသုံးပစ္စည်းတစ်ခုဖြစ်လာခဲ့ဖူးတယ်….။ ရေခဲတိုက်ထဲ မဆံ့လို့ လမ်းဘေးနဲ့ အိမ်တွေရှေ့မှာ ပြည့်နှက်နေခဲ့….။ အလောင်းတွေကို သင်္ချိုင်းဆီ သယ်သွားတဲ့ ကားသံတွေ၊ မြင်းလှည်းသံတွေ မိုးလင်း၊ မိုးချုပ် ဆူညံနေခဲ့..။

ရာစုနှစ်တစ်ခုကြာပြီးတဲ့အခါ အမေရိကတိုက်ရဲ့ လမ်းမ များပေါ်မှာ အဲ့ဒီနည်းတူ အခေါင်းတလားတွေ ထပ်ပေါ်လာပြန်တယ်။ ဒီနေ့အထိဆို အမေရိကန်မှာ တရားဝင်စာရင်းအရ လူပေါင်း ၈၈, ၅၀၇ ယောက်သေကုန်ပြီတဲ့…။ ဆေးရုံအပြင်မှာရပ်ထားတဲ့ အအေးတိုက်ကားတွေ…။ အိတ်ထဲမှာ ထည့်ထားတဲ့ အလောင်းတွေ…။ ဒါတွေကို ဓာတ်ပုံရိုက်တဲ့ မောင်းသူမဲ့လေယာဉ်ကို နယူးယောက်ရဲဌာနက ချက်ချင်းသိမ်းယူခဲ့တယ်…။

Connecticut, New Haven မှာနေတဲ့ အသက် ၆ နှစ်အရွယ် ဂျွန်(John Delano ) ဆိုတဲ့ကလေးတောင် ကိုရိုနာဗိုင်းရပ်စ်ရခဲ့တယ်…။ သူတို့နေတဲ့ လမ်းမှာလည်း ရေခဲတိုက်တစ်ခုရှိတယ်…။ အထဲမှာ မဆံ့တော့တဲ့ ခေါင်းတလားတွေ လမ်းဘေးမှာ စပေါ်လာပြီ။ Omar Rodriguez နဲ့ Joseph Neufeld Jr တို့ဟာ အမေရိကန်၊ နယူးယောက်မြို့ Queens မှာ ရှိတဲ့ အသုဘ လုပ်ငန်းအလုပ်သမားတွေပေါ့…။

“ အမေရိကန်မှာ COVID-19 ကြောင့်သေဆုံးသူ ၈၈ ၅၀၇ ယောက် ဆိုတာ ကြေညာတဲ့ ကိန်းဂဏန်း အချက်အလက်တွေပဲရှိတာ ၊ အမှန်တကယ်သေဆုံးတဲ့သူ အားလုံးကို ကျွန်တော်တို့ အသေအချာသိမှာမဟုတ်ဘူးလို့ထင်ပါတယ်..” ဒါတောင် အမေရိကန်က အတော်တိကျတာ….။

ကိုရိုနာဗိုင်းရပ်စ်တွေဟာ ကျွန်ုပ်တို့ ပတ်ဝန်းကျင်မှာ မြူတွေလိုဝိုင်းနေဆဲပါ…။ ဒီနေ့ အချိန်ကာလနဲ့ ပတ်ဝန်း ကျင်အခြေအနေတွေက ကျွန်ုပ်တို့ကို အန္တရာယ်ရှိတယ်လို့ အမြဲသတိပေးနေတယ်…။ ကမ္ဘာက မမြင်ရတဲ့ လူသေကောင်တွေ အများကြီး…၊ ဘိုးဘွားရိပ်သာတွေကအစ အကျဉ်းထောင်တွေအဆုံး …၊ ဟိုနေရာ ဒီနေရာ…။ တရားဝင်စာရင်းအရ တစ်ကမ္ဘာလုံးမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ ၃၀၈ , ၆၈၆ တဲ့…။ ဒါတောင် သတင်းမပို့နိုင်တဲ့ ဗိုင်းရပ်စ်အလောင်းတွေ ကမ္ဘာပေါ်မှာ ရှိနေမှာ သေချာတယ်..။

အိန္ဒိယ မေလ ၁၆ ရက် သတင်း- တစ်နေ့တည်းမှာ သေဆုံး သူ ၁၅၆ ယောက်တဲ့..။ အိန္ဒိယတစ်နိုင်ငံလုံး သေဆုံးသူ ၂,၇၅၃ ဦးရှိနေပြီ…။ Covid-19 အန္တရာယ် ရင်ဆိုင်နေရတဲ့ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ အိန္ဒိယနိုင်ငံဟာ နေ့ချင်းညချင်း နံပါတ်(၁၁) ဖြစ်သွားတယ်။

တရားဝင် ကိန်းဂဏန်းတွေထက်ပိုများတဲ့လူတွေ ကမ္ဘာကြီးမှာသေနေကြ တယ်လို့ ခန့်မှန်းနေကြတဲ့ ပညာရှင်တွေရဲ့စကားကို ပေါ့ပေါ့တွေးလို့မရပါ…။ ဒါဟာ ပြီးပြည့်စုံတဲ့ သေမင်းဂိမ်းအသစ်ရဲ့ ခြေလှမ်းတစ်ခုပဲ…။ မိုးသည်းသည်းမှာ ပိရမစ်တစ်ခုကို တွယ်တက်နေတာနဲ့တူတယ်။ တစ်နေ့ တစ်နေ့မှာပိရမစ်ပေါ်တွယ်တက်ရင်း ချော်ကျမယ်။ ကျွန်ုပ်တို့ခန္ဓာကိုယ်တွေ အောက်ကခေါင်းတလားတွေအပေါ် ပြုတ်ကျမယ်…။

လွန်ခဲ့တဲ့ ၂ ရက်က ကမ္ဘာတစ်ဝန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူအနည်းဆုံး ၄.၃ သန်းရှိပြီတဲ့..။ ဒါဟာ Johns Hopkins တက္ကသိုလ်က ကောက်ယူခဲ့တဲ့ ကိန်းဂဏန်းဖြစ်တယ်။ သူတို့ဟာ ကမ္ဘာ့ကူးစက်ရောဂါရဲ့ အတိုင်းအတာပမာဏကို အလွန်အမင်းလျှော့တွက် ထားခြင်းဖြစ်တယ်…။ ဒီ့ထက်ပိုများတဲ့လူတွေ ဗိုင်းရပ်စ်ရနေတယ်။

ဒီနေ့ – May 16, 2020, 09:18 GMT Worldometer မှာဖေါ်ပြ ထားတာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၄.၆ သန်းတဲ့…။ အမေရိကန်သမ္မတ ထရန့်က ဒီနှစ်ကုန်မှာ ကာကွယ်ဆေး ရအောင်လုပ်မယ်တဲ့…။ WHO ကတော့ ကိုရိုနာဗိုင်းရပ်စ်ကိုဘယ်တော့မှ တိုက်ဖျက်နိုင်မှာမဟုတ်လို့ ပြောပြန်တယ်..။ Covid-19 ရောဂါကိုဖြစ်ပေါ်စေတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ အိပ်ချ်အိုင်ဗွီလိုပဲ ကမ္ဘာပေါ်မှာ ဆက်နေသွားမှာတဲ့…။

လီဆိုသို (Lesotho)က ပြောတယ်။ အာဖရိကနိုင်ငံ တိုင်းမှာ COVID-19 ရောဂါရကုန်ပြီတဲ့…။ ပြီးခဲ့တဲ့ အပတ်က ဆော်ဒီအာရေးဗီးယားနဲ့ အိမ်နီးချင်းတောင်အာဖရိကနိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးရှိသူ ၈၁ ဦးတွေ့ရှိခဲ့ရ..။ အာဖဂန်နစ္စတန်မှာ ဗိုင်းရပ်စ်ရသူတွေ ၅၀၀၀ အထိရှိနေပြီ…။ ဆွီဒင်မှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၄၆၀ ရဲ့ ထက်ဝက်ဟာ ဘိုးဘွားရိပ်သာမှာနေတဲ့ အဘိုးအို အဘွားအိုတွေတဲ့….။

မက္ကဆီကိုမှာတော့ ၅၁ ရက် Lockdown လုပ်ပြီး နည်းနည်းစီ ပြန်ဖွင့်တော့ မယ်တဲ့…။ ဒါပေမဲ့ မနေ့က တစ်နေ့တည်း သေဆုံးသူ ၂၉၀ ယောက်ရှိနေတယ်..။ တောင်ကိုရီးယားမှာ မေလဆန်းက ပြည်တွင်းလူနာတွေ လုံးဝပေါ်မလာလို့ စိတ်အေးရချိန်မှာ ဗိုင်းရက်စ်တွေ ထပ်ပြန့်လာပြီ။ ဒီတစ်ခါတော့ အီထယ်ဝန် ကလပ် (Itaewon Club ) တွေကပြန် စတာပေါ့…။ မေလ ၇ ရက်နေ့ ကနေ ဒီနေ့အထိ လူပေါင်း ၁၀၀ ကျော် ကို ထပ်ပြီးကူးစက်နေပြီ….။

မြန်မာက မောင်နှမတွေလည်း ဂရုစိုက် ပါလို့…။ကမ္ဘာကြီး ရောဂါ ကပ်ဆိုက်နေတာမို့…..။ အသက်ရှင်နေတုန်း ရိုးရိုးရှင်းရှင်းနေထိုင်ဖို့နဲ့ အားလုံးကိုတန်ဖိုးထားကျေးဇူးတင်ဖို့…။ COVID-19 တိုက်ပွဲကို စည်းစည်းလုံးလုံးနဲ့ ရသလောက် ပြန်တိုက်ကြဖို့…။ အခြားနိုင်ငံတွေရဲ့ အမှားတွေ ထပ်မလုပ်မိကြဖို့..။ သတ္တိရှိရှိ နဲ့ ဒီကပ်ကြီးကို ကျော်လွှားနိုင်ဖို့ …။

မရွှေမိုး ( ကိုရီးယား )
May 16th,2020.