ပရိသတ်ကြီးရေ ဒေါက်တာမြဝတ်ရည်ကတော့ အစောဆုံး CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ပြည်သူဘက်ကရပ်တည်ခဲ့တညလည်း ဖြစ်ပါတယ်။ဒါကြောင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဒေါက်တာ မြဝတ်ရည်က ကိုယ်ဝန်ကြီးကို လွတ်မြောက်နယ်မြေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုဆိုရင် အခက်အခဲတွေခြားက ကြိုးစားပြီး မွေးထားရတဲ့ သမီးလေး Mia တစ်နှစ်ပြည့်သွားပြီဖြစ်ကြောင်း ပြောပြလာတာလည်းဖြစ်ပါတယ်။ မြဝတ်ရည်က Happy 1st birthday ပါ မေမေ့သမီး Mia လေးရေ (ကလေးကိုတော့ ပျော်စေချင်တယ်) မွေးကတည်းက အခက်အခဲတွေနဲ့ မွေးခဲ့ရပေမယ့် ခုချိန်ထိ မေမေတို့နဲ့ တူတူ ကြုံလာသမျှ လောကဓံကို ကြံ့ကြံ့ခံပြီး ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိနေပေးလို့ အရမ်းချစ်ရကျေးဇူးတင်ရပါတယ်။တစ်နှစ်ပြည့်မွေးနေ့ကစလို့ လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ။
ထူးချွန်ထက်မြက်တဲ့ အမှန်အမှား ခွဲခြားတတ်ပြီး အမှန်တရားကို မြတ်နိုးတဲ့ အမှန်တရားအတွက် ရပ်တည်ရဲတဲ့ မတရားမှုတွေကို လက်ရှောင်မနေတတ်တဲ့ ကိုယ့်အားကိုယ်ကိုးတတ်တဲ့ အများအကျိုး သယ်ပိုးနိုင်တဲ့ လူပီသတဲ့ လူသားဆန်တဲ့ ကိုယ်ချင်းစာတရား မေတ္တာတရားကြီးမားတဲ့ လောကကြီးကို အကျိုးပြုနိုင်တဲ့ လူသားတစ်ယောက်အဖြစ် ဂုဏ်ရှိစွာ ရှင်သန်နေထိုင်နိုင်ပါစေ သက်ရှည်ကျန်းမာပါစေ လို့ ချစ်ရတဲ့ မေမေက မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ် သမီးလေးရေ
သမီးလေး Mia နာမည်ကိုလည်းစောအမရာဉာဏ်လို့ အမည်ပေး ခေါ်ထွင်လိုက်ပါပြီ။သမီးလေး တစ်နှစ်ပြည့်အတွက် ရည်ရွယ်လှူဒါန်းထားတဲ့ အစုစုတွေလည်း အကျိုးလက်ငင်း ဖြစ်ထွန်းပေါက်မြောက်ကြပါစေ။ Ps – အိပ်ခါနီး နက်ဖြန် သူ့မွေးနေ့ဆိုတာ သိလို့လား မသိဘူး တော်တော်နဲ့ မအိပ်ဘဲ လက်ခုပ်တွေတီးနေတယ် သဘောက Happy birthday song ဆိုပေးပါပေါ့ခုတော့ အတော် အိပ်မောကျနေရှာပြီသဲတုံးလေးကမေမေ့သဲလေးက ဘယ်မှာလဲမေးရင် သူ့ရင်ဘတ်ကို ပုတ်ပြတတ်နေပြီဆိုပြီးပြောပြလာတာဖြစ်ပါတယ်။
crd