ပဲခူးေရႊဆိုင္ အားေန႔လယ္ ၁၂ နာရီအခ်ိန္ အမ်ိဳးသား တစ္ဦး မွ ရဲဒင္းျဖင့္မွန္ ခြဲကာ ေရႊထည္မ်ားလုယူ ထြက္ေျပးမႈျဖစ္ပြါး

ပဲခူးေရႊဆိုင္ အားေန႔လယ္ ၁၂ နာရီအခ်ိန္ အမ်ိဳးသား တစ္ဦး မွ ရဲဒင္းျဖင့္မွန္ ခြဲကာ ေရႊထည္မ်ားလုယူ ထြက္ေျပးမႈျဖစ္ပြါး

ေရႊဆိုင္အား ဒီ‌ေန႔‌ေမလ ၁၁ ရက္ေန႔လယ္ ၁၂ နာရီအခ်ိန္ မက္စ္အျပာေရာင္တပ္ထားေသာ အမ်ိဳးသားတစ္ဦးမွ ရဲဒင္းျဖင့္မွန္ခြဲကာ ေရႊထည္မ်ားလုယူထြက္ေျပးမႈပဲခူးၿမိဳ႕မွာျဖစ္ပြါး ခဲ့ေၾကာင္း ပဲခူးၿမိဳ႕မရဲစခန္းမွသိရွိရသည္။ ပဲခူးၿမိဳ႕၊ ၿမိဳ႕တြင္းႀကီးရပ္ကြက္၊ “ယု””ေရႊဆိုင္၌ပဲခူးၿမိဳ႕၊လိပ္ျပာကန္ရပ္ကြက္၊လမ္း၃၀‌ေ နအသက္(၃၃)ႏွစ္ရွစ္ရွိဆိုင္ရွင္ေဒၚ စိန္စီဝင္းသည္၊ ၄င္းႏွင့္ အတူေနအေရာင္းဝန္ထမ္း မသဲမာ ႏွင့္ပဲခူးၿမိဳ႕၊ ၿမိဳ႕တြင္းႀကီး ရပ္ကြက္ရွိ ၎ပိုင္ဆိုင္ေသာ “ယု” ေရႊ ဆိုင္တြင္ ရွိေနစဥ္ ဆိုင္ကယ္(၁)စီးျဖင့္ တစ္ခါသုံး MASK အျပာေရာင္ တပ္လ်က္၊

လၽွာထိုးဦးထုပ္၊ အျဖဴေရာင္ အားကစား အကၤ်ီ၊ အျပာေရာင္ေဘာင္းဘီရွည္ဝတ္ဆင္ထားေသာ အမည္မသိ အမ်ိဳးသား (၁)ဦး ေရာက္ရွိလာ၍ “ဆိုင္ဘယ္ အခ်ိန္ပိတ္တာလဲလို႔ အသိတစ္ေယာက္က ေမးခိုင္းလိုက္လို႔ လာေမး တာ”ဟု ေျပာဆိုၿပီး အသင့္ပါလာေသာ အရိုးအသြား(၁)ေပခြဲခန႔္ရွိ အမဲေရာင္ ရာဘာ လက္ကိုင္ပါ အနီေရာင္ရဲဒင္းျဖင့္ ေရႊဆိုင္တြင္ေရာင္း ခ်ရန္ ခင္းက်င္းထားသည့္ ေရႊထည္ပစၥည္း မ်ားထည့္ထားေသာ မွန္ဘီဒိုအား ရိုက္ခြဲကာ ကာလတန္ဖိုး(၂၈၀၀၀၀)က်ပ္ရွိ၁၅ပဲရည္၊ သံႀကိဳးပုံ၊ အေလးခ်ိန္(၁)မတ္သားရွိ ေရႊဆြဲႀကိဳး(၁)ကုံး၊ ကာလတန္ ဖိုး(၃၂၀၀၀၀)က်ပ္ရွိ၁၅ပဲရည္၊ ဆြဲသီးပါ ဖက္ထုပ္ႀကိဳး၊ အေလးခ်ိန္(၄)ပဲ (၅)ေရြးရွိ ေရႊဆြဲႀကိဳး(၁)ကုံး၊ကာလတန္ ဖိုး(၃၅၀၀၀၀)က်ပ္ရွိ စေတာလုံးႀကီး၊ အေလးခ်ိန္(၅)ပဲရွိ ေရႊဆြဲႀကိဳး(၁)ကုံး၊

စုစုေပါင္းကာလတန္ဖိုး(၉၅၀၀၀ဝိ/-)က်ပ္တန္ဖိုး ရွိေရႊဆြဲႀကိဳး၃ကုံးအား လုယူထြက္ေျပးသြားခဲ့ေၾကာင္း ရဲမွတ္တမ္းအရသိရပါတယ္။ စုစုေပါင္းကာလတန္ဖိုး(၉၅ဝဝဝဝိ/-)ရွိ ေရႊဆြဲႀကိဳး(၃)ကုံးအား ဆိုင္တြင္းဝင္ေရာက္၍ မွန္ဘီဒိုအားရိုက္ခြဲကာ လုယူထြက္ေျပးသြားသူ(စုံစမ္းဆဲ)အား ဥပေဒအရ စုံစမ္းေဖာ္ထုတ္အေရး ယူေပးပါရန္ ေဒၚစိန္စီဝင္းမွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္(ပ)၈၂၆/၂၀၂၀၊ ရာဇသတ္ႀကီးပုဒ္မ-၃၈၂ အရ အမႈဖြင့္အေ ရးယူေဆာင္ရြက္ထားရွိကာတရားခံအား ဖမ္းဆီးရမိေရး စီစဥ္ေဆာင္ရြက္လ်က္ရွိပါေၾကာင္း ပဲခူးၿမိဳ႕မရဲစခန္းမွ သိရွိရသည္။

ေလးစားစြာျဖင့္ ခရစ္ဒက္ — bagowatchnews

unicode

ပဲခူးရွှေဆိုင် အားနေ့လယ် ၁၂ နာရီအချိန် အမျိုးသား တစ်ဦး မှ ရဲဒင်းဖြင့်မှန် ခွဲကာ ရွှေထည်များလုယူ ထွက်ပြေးမှုဖြစ်ပွါး

ရွှေဆိုင်အား ဒီ‌နေ့‌မေလ ၁၁ ရက်နေ့လယ် ၁၂ နာရီအချိန် မက်စ်အပြာရောင်တပ်ထားသော အမျိုးသားတစ်ဦးမှ ရဲဒင်းဖြင့်မှန်ခွဲကာ ရွှေထည်များလုယူထွက်ပြေးမှုပဲခူးမြို့မှာဖြစ်ပွါး ခဲ့ကြောင်း ပဲခူးမြို့မရဲစခန်းမှသိရှိရသည်။ ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ “ယု””ရွှေဆိုင်၌ပဲခူးမြို့၊လိပ်ပြာကန်ရပ်ကွက်၊လမ်း၃၀‌ေ နအသက်(၃၃)နှစ်ရှစ်ရှိဆိုင်ရှင်ဒေါ် စိန်စီဝင်းသည်၊ ၎င်းနှင့် အတူနေအရောင်းဝန်ထမ်း မသဲမာ နှင့်ပဲခူးမြို့၊ မြို့တွင်းကြီး ရပ်ကွက်ရှိ ၎င်းပိုင်ဆိုင်သော “ယု” ရွှေ ဆိုင်တွင် ရှိနေစဉ် ဆိုင်ကယ်(၁)စီးဖြင့် တစ်ခါသုံး MASK အပြာရောင် တပ်လျက်၊

လျှာထိုးဦးထုပ်၊ အဖြူရောင် အားကစား အင်္ကျီ၊ အပြာရောင်ဘောင်းဘီရှည်ဝတ်ဆင်ထားသော အမည်မသိ အမျိုးသား (၁)ဦး ရောက်ရှိလာ၍ “ဆိုင်ဘယ် အချိန်ပိတ်တာလဲလို့ အသိတစ်ယောက်က မေးခိုင်းလိုက်လို့ လာမေး တာ”ဟု ပြောဆိုပြီး အသင့်ပါလာသော အရိုးအသွား(၁)ပေခွဲခန့်ရှိ အမဲရောင် ရာဘာ လက်ကိုင်ပါ အနီရောင်ရဲဒင်းဖြင့် ရွှေဆိုင်တွင်ရောင်း ချရန် ခင်းကျင်းထားသည့် ရွှေထည်ပစ္စည်း များထည့်ထားသော မှန်ဘီဒိုအား ရိုက်ခွဲကာ ကာလတန်ဖိုး(၂၈၀၀၀၀)ကျပ်ရှိ၁၅ပဲရည်၊ သံကြိုးပုံ၊ အလေးချိန်(၁)မတ်သားရှိ ရွှေဆွဲကြိုး(၁)ကုံး၊ ကာလတန် ဖိုး(၃၂၀၀၀၀)ကျပ်ရှိ၁၅ပဲရည်၊ ဆွဲသီးပါ ဖက်ထုပ်ကြိုး၊ အလေးချိန်(၄)ပဲ (၅)ရွေးရှိ ရွှေဆွဲကြိုး(၁)ကုံး၊ကာလတန် ဖိုး(၃၅၀၀၀၀)ကျပ်ရှိ စတောလုံးကြီး၊ အလေးချိန်(၅)ပဲရှိ ရွှေဆွဲကြိုး(၁)ကုံး၊

စုစုပေါင်းကာလတန်ဖိုး(၉၅၀၀၀ဝိ/-)ကျပ်တန်ဖိုး ရှိရွှေဆွဲကြိုး၃ကုံးအား လုယူထွက်ပြေးသွားခဲ့ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။ စုစုပေါင်းကာလတန်ဖိုး(၉၅ဝဝဝဝိ/-)ရှိ ရွှေဆွဲကြိုး(၃)ကုံးအား ဆိုင်တွင်းဝင်ရောက်၍ မှန်ဘီဒိုအားရိုက်ခွဲကာ လုယူထွက်ပြေးသွားသူ(စုံစမ်းဆဲ)အား ဥပဒေအရ စုံစမ်းဖော်ထုတ်အရေး ယူပေးပါရန် ဒေါ်စိန်စီဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့်(ပ)၈၂၆/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၃၈၂ အရ အမှုဖွင့်အေ ရးယူဆောင်ရွက်ထားရှိကာတရားခံအား ဖမ်းဆီးရမိရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပဲခူးမြို့မရဲစခန်းမှ သိရှိရသည်။

လေးစားစွာဖြင့် ခရစ်ဒက် — bagowatchnews

Add a Comment

Your email address will not be published. Required fields are marked *

one + eighteen =