ဘဏ္ပုိင္ရွင္ သူေဌးကို ဖင္ဗူးေတာင္း ေထာင္ခုိင္းျပီး ေဒၚလာတစ္သိန္းေလာင္းေႀကးနုိင္ သြားတဲ ့အဘြား ရဲ့ အကြက္ဆန္း

ဘဏ္ တစ္ခုကို အဘြားႀကီးတစ္ေယာက္ ေရာက္လာတယ္ ။ ေပါင္တစ္သန္း အပ္ဖို႔ ဘဏ္သူေဌး ကို ေျပာတယ္ ။ ဘဏ္သူေဌး ။ ။ ဒီေလာက္မ်ားတဲ့ ေငြေတြ ဘယ္လိုရွာ လာခဲ့တာပါလဲ ။ အဘြားႀကီး ။ ။ ငါက အေလာင္းအစားနဲ႔ အက်ိဳးေပးတယ္ေလ ။ အဲဒီလို ရွာလာတာ ။ ဘဏ္သူေဌး ။ ။ မျဖစ္ႏိုင္ တာပဲ ။ အဘြားႀကီး ။ ။ ဒါျဖင့္ မနက္ျဖန္ မင္းတင္ပါးမွာ တက္တူးထိုးၿပီးသား ျဖစ္ေနရမယ္ ဆိုတာကို ေပါင္တစ္ေသာင္းေၾကး ေလာင္းမလား ။ ဘဏ္သူေဌး ။ ။ ဟာဗ်ာ..ကြၽန္ေတာ့္တင္ပါးမွာ ဘာလို႔ တက္တူးထိုးရမွာလဲ ။

ေလာင္းရ င္ ကြၽန္ေတာ္ပဲ အေခ်ာင္ေပါင္ တစ္ေသာင္း ရေနမွာေပါ့ ။ အလကား မလိုခ်င္ပါဘူး ။ အဘြားႀကီး ။ ။ မေလာင္းဘူး ဆိုရင္ မင္းဘဏ္မွာ ငါ့ေငြေတြ မအပ္ေတာ့ဘူး ။ ဘဏ္သူေဌး ။ ။ ကဲ..ဒီလိုဆိုရင္လည္း ေလာင္းမယ္ဗ်ာ ။ အဘြားႀကီး ။ ။ အိုေက..သဘက္ခါ ေရွ႕ ေနႏွစ္ေယာက္ နဲ႔ အတူတူ ငါျပန္လာ ခဲ့မယ္ ။ ၾကားရက္ေတြထဲမွာ သူေဌးက သေဘာက်ၿပီး တၿပဳံးၿပဳံး နဲ႔ ေပါ့ ။ တင္ပါးမွာ ဘာတက္တူးမွ ထိုးစရာမလိုဘူး ။

ဒီအဘြားႀကီး ဒီတစ္ခါေတာ့ ရႈံးေပါက္ပဲ ။ ေပါင္တစ္ေသာင္း အလကား သက္သက္ ေပးခ်င္လို႔ လာေလာင္းတာဆိုၿပီး ေတြးေနတယ္ ။ သတ္မွတ္ ထားတဲ့ ရက္ေရာက္ေတာ့ အဘြားႀကီးက လူႏွစ္ေယာက္နဲ႔ ေရာက္လာတယ္ ။ သက္ေသျပဖို႔ အဘြားႀကီးက ေျပာလိုက္တာနဲ႔ ဘဏ္သူေဌးက ေဘာင္းဘီခြၽတ္ၿပီး ဖင္ဗူးေတာင္း ေထာင္ျပတယ္ ။ ဘဏ္သူေဠး ။ ။ ဟဲဟဲ..အဘြားေရ..အဘြားရႈံးၿပီေနာ္ ။ တစ္ေသာင္းေလး မစပါဦး ။ အဘြားႀကီး ။ ။ ေအး..ဒီမွာ တစ္ေသာင္း ။ ပါလာတဲ့ လူထဲက တစ္ေယာက္က ေမ့့လဲမလိုျဖစ္ေန လို႔ ဘဏ္သူေဌးက အဘြားႀကီးကို ေမးတယ္ ။ ဘဏ္သူေဌး ။ ။ အဲဒီတစ္ေယာက္က ေနမေကာင္း လို႔ လား ။

အဘြားႀကီး ။ ။ ေၾသာ္..ဒီလူလား..အရႈံး သမားေလ ။ ဘဏ္သူေဌး ဖင္လွန္ျပမယ္ ဆိုတာ ကို မယုံဘူးဆိုလို႔ ေပါင္တစ္သိန္းေၾကး ေလာင္းထားတာ အခု သူရႈံးၿပီေလ ။ အဲဒါေၾကာင့္ပါ ။

crd : shwewiki

unicode

ဘဏ် တစ်ခုကို အဘွားကြီးတစ်ယောက် ရောက်လာတယ် ။ ပေါင်တစ်သန်း အပ်ဖို့ ဘဏ်သူဌေး ကို ပြောတယ် ။ ဘဏ်သူဌေး ။ ။ ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုရှာ လာခဲ့တာပါလဲ ။ အဘွားကြီး ။ ။ ငါက အလောင်းအစားနဲ့ အကျိုးပေးတယ်လေ ။ အဲဒီလို ရှာလာတာ ။ ဘဏ်သူဌေး ။ ။ မဖြစ်နိုင် တာပဲ ။ အဘွားကြီး ။ ။ ဒါဖြင့် မနက်ဖြန် မင်းတင်ပါးမှာ တက်တူးထိုးပြီးသား ဖြစ်နေရမယ် ဆိုတာကို ပေါင်တစ်သောင်းကြေး လောင်းမလား ။ ဘဏ်သူဌေး ။ ။ ဟာဗျာ..ကျွန်တော့်တင်ပါးမှာ ဘာလို့ တက်တူးထိုးရမှာလဲ ။

လောင်းရ င် ကျွန်တော်ပဲ အချောင်ပေါင် တစ်သောင်း ရနေမှာပေါ့ ။ အလကား မလိုချင်ပါဘူး ။ အဘွားကြီး ။ ။ မလောင်းဘူး ဆိုရင် မင်းဘဏ်မှာ ငါ့ငွေတွေ မအပ်တော့ဘူး ။ ဘဏ်သူဌေး ။ ။ ကဲ..ဒီလိုဆိုရင်လည်း လောင်းမယ်ဗျာ ။ အဘွားကြီး ။ ။ အိုကေ..သဘက်ခါ ရှေ့ နေနှစ်ယောက် နဲ့ အတူတူ ငါပြန်လာ ခဲ့မယ် ။ ကြားရက်တွေထဲမှာ သူဌေးက သဘောကျပြီး တပြုံးပြုံး နဲ့ ပေါ့ ။ တင်ပါးမှာ ဘာတက်တူးမှ ထိုးစရာမလိုဘူး ။

ဒီအဘွားကြီး ဒီတစ်ခါတော့ ရှုံးပေါက်ပဲ ။ ပေါင်တစ်သောင်း အလကား သက်သက် ပေးချင်လို့ လာလောင်းတာဆိုပြီး တွေးနေတယ် ။ သတ်မှတ် ထားတဲ့ ရက်ရောက်တော့ အဘွားကြီးက လူနှစ်ယောက်နဲ့ ရောက်လာတယ် ။ သက်သေပြဖို့ အဘွားကြီးက ပြောလိုက်တာနဲ့ ဘဏ်သူဌေးက ဘောင်းဘီချွတ်ပြီး ဖင်ဗူးတောင်း ထောင်ပြတယ် ။ ဘဏ်သူဠေး ။ ။ ဟဲဟဲ..အဘွားရေ..အဘွားရှုံးပြီနော် ။ တစ်သောင်းလေး မစပါဦး ။ အဘွားကြီး ။ ။ အေး..ဒီမှာ တစ်သောင်း ။ ပါလာတဲ့ လူထဲက တစ်ယောက်က မေ့လဲမလိုဖြစ်နေ လို့ ဘဏ်သူဌေးက အဘွားကြီးကို မေးတယ် ။ ဘဏ်သူဌေး ။ ။ အဲဒီတစ်ယောက်က နေမကောင်း လို့ လား ။

အဘွားကြီး ။ ။ သြော်..ဒီလူလား..အရှုံး သမားလေ ။ ဘဏ်သူဌေး ဖင်လှန်ပြမယ် ဆိုတာ ကို မယုံဘူးဆိုလို့ ပေါင်တစ်သိန်းကြေး လောင်းထားတာ အခု သူရှုံးပြီလေ ။ အဲဒါကြောင့်ပါ ။

crd : shwewiki

Add a Comment

Your email address will not be published.

3 × 1 =