မြင်နေကျပုံစံ နဲ့ အတူပဲ ဆက်ဆီကျကျ ရင်ဖိုစရာ ကောင်းလွန်းနေတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်း

မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်လေးနဲ့ အမိုက်စား ပို့စ်လေးတွေပေးရင်း ဓာတ်ဖမ်း ထားတာပဲ ဖြစ်ပါ တယ်။ ဖြူဖွေးဝင်းဥတဲ့အသားအရေလေးနဲ့ နုဖတ်လှပနေတဲ့ နန်းစန္ဒာလှထွန်းကတော့ ဆွဲဆောင်မှုအပြည့်ရှိနေတာလည်း ဖြစ်ပါတယ် ။ ကဲ အသည်းယားစရာကောင်းနေတဲ့ နန်းစန္ဒာလှ ထွန်းရဲ့အလှပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါ တယ်။

နန်းစန္ဒာလှထွန်း ကတော့ ဇာတ်လမ်းတွဲတွေရိုက်ကူးရင်း တဖြည်းဖြည်းနဲ့ နာမည်ရအောင်မြင်လာခဲ့တဲ့ ပရိသတ် အချစ်တော်လေး တစ် ယောက်ပါနော်။စကားပြောလိုက်တိုင်းမှာ ချိုသာတဲ့အသံလေးနဲ့ ချစ်ဖို့ကောင်းနေတဲ့ နန်းစန္ဒာလှထွန်းက ရုပ်ရည်လေးကလည်း ချောမော လှပနေတာ ဖြစ်ပါတယ် ။ အထူးသဖြင့် နန်းစန္ဒာလှထွန်းက ဇာတ်ရုပ်တိုင်းကို အံဝင်ခွင်ကျဖြစ်အောင် သဘာဝကျကျ သရုပ်ဆောင်နိုင်သူ လေးဖြစ်တာကြောင့် ပရိသတ်တွေကလည်း နှစ်ခြိုက်အားပေးနေရတာပဲ ဖြစ်ပါတယ် ။

အလုပ်နဲ့ပတ်သက်ရင် အာရုံ စိုက်ပြီး ကြိုးစားပမ်းစားလုပ်ကိုင်တတ်တဲ့ နန်းစန္ဒာလှထွန်းက ဇာတ်လမ်းတွဲတွေအပြင် ကြော်ငြာတွေလည်း မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ နန်းစန္ဒာလှထွန်းက အိမ်မှာနေရင်း သူမရဲ့လှုပ်ရှားမှုလေးတွေကို ပရိ သတ်တွေအတွက် မျှဝေပေးနေတာ ဖြစ်ပါတယ် ။ အခုလည်း နန်းစန္ဒာလှထွန်းက “အိမ်ထဲမှာနေ ကိုယ့်ပုံလေးတွေ ကြည့်ပြီး အကြည်ဓာတ် လေးကူးပါစေလေ ” ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Source & Photo Credit-Nan Sandar Hla Htun’s FB Acc
DW-shweyoe

Add a Comment

Your email address will not be published.