နှစ်ဆန်းတစ်ရက်နေ့မှစပြီး ပြန်လည်လွတ်မြောက်လာတဲ့ အနုပညာရှင်တွေ ရဲ့ ဇာတ်ကားများ ရုံတင်ပြသမည့် စာရင်းများထွက်ပေါ်လာ

ပရိသတ်ကြီးရေ မကြာသေးမီကမှ စစ်ကောင်စီက နာမည်ကြီးအနုပညာရှင်တစ်ချို့ကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်ပေးခဲ့တာ ဖြစ်ပါတယ်နော်…။ စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ ရုပ်ရှင်ရုံတွေပြန်ဖွင့်နိုင်ဖို့စီစဉ်နေပြီးထောင်ထဲလွတ်လာတဲ့ အနုပညာရှင်တွေနဲ့ ဇာတ်ကားတွေကိုရုံတင်ပြသမယ်လို့လည်း သိရပါတယ်…။

နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ တွင် လူမင်း နေမင်း ရွှေမှုန်ရတီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူးဇာတ်ကားကိုစပြသမှာ ဖြစ်ပြီးတော့ ဧပြီ ၂၉ မှာတော့ ပြေတီဦးနဲ့ဖွေးဖွေးတို့ ပါဝင်ထားတဲ့ လိပ်ပြာထောင်ချောက် မေ ၆ ရက်မှာ ပိုင်တံခွန်နဲ့ အိချောပိုတို့ပါဝင်သရုပ်ဆောင်ထားတဲ့ အမှောင်တိုက် မေ ၁၃ မှာတော့ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်တို့ပါဝင် သရုပ်ဆောင်ထားတဲ့ ရွာဂေါ်။

မေ ၂၀ မှာ အောင်ရဲလင်းနဲ့အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချိုဆုံးအချစ် အပြင်းဆုံးမေတ္တာနဲ့ မေ၂၇ မှာ ပြေတီဦး မနော ခိုင်သင်းကြည် သင်ဇာဝင့်ကျော် တို့ပ ါဝင်ထားတဲ့ ကမောက်ကမသမီးယောက်မ ဇာတ်ကားတွေ ရုံတင်မှာဖြစ်တယ်လို့ သိရပါတယ်နော်…။ ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားတွေမှာ ထိပ်တန်းသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ နေတိုး နဲ့ မြင့်မြတ်တို့ ဇာတ်ကားများ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်…။

crd

zawgyi

ပရိသတ္ႀကီးေရ မၾကာေသးမီကမွ စစ္ေကာင္စီက နာမည္ႀကီးအႏုပညာရွင္တစ္ခ်ိဳ႕ကို လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လြတ္ေပးခဲ့တာ ျဖစ္ပါတယ္ေနာ္…။ စစ္ေကာင္စီက ႏွစ္ဆန္းတစ္ရက္ေန႔မွာ ႐ုပ္ရွင္႐ုံေတြျပန္ဖြင့္ႏိုင္ဖို႔စီစဥ္ေနၿပီးေထာင္ထဲလြတ္လာတဲ့ အႏုပညာရွင္ေတြနဲ႔ ဇာတ္ကားေတြကို႐ုံတင္ျပသမယ္လို႔လည္း သိရပါတယ္…။

ႏွစ္ဆန္းတစ္ရက္ ဧၿပီ ၁၇ တြင္ လူမင္း ေနမင္း ေ႐ႊမႈန္ရတီ တို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ေဝးမေနခ်င္ဘူးဇာတ္ကားကိုစျပသမွာ ျဖစ္ၿပီးေတာ့ ဧၿပီ ၂၉ မွာေတာ့ ေျပတီဦးနဲ႔ေဖြးေဖြးတို႔ ပါဝင္ထားတဲ့ လိပ္ျပာေထာင္ေခ်ာက္ ေမ ၆ ရက္မွာ ပိုင္တံခြန္နဲ႔ အိေခ်ာပိုတို႔ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အေမွာင္တိုက္ ေမ ၁၃ မွာေတာ့ေျပတီဦးနဲ႔ ဝတ္မႈံေ႐ႊရည္တို႔ပါဝင္ သ႐ုပ္ေဆာင္ထားတဲ့ ႐ြာေဂၚ။

ေမ ၂၀ မွာ ေအာင္ရဲလင္းနဲ႔အိျႏၵာေက်ာ္ဇင္တို႔ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ အခ်ိဳဆုံးအခ်စ္ အျပင္းဆုံးေမတၱာနဲ႔ ေမ၂၇ မွာ ေျပတီဦး မေနာ ခိုင္သင္းၾကည္ သင္ဇာဝင့္ေက်ာ္ တို႔ပ ါဝင္ထားတဲ့ ကေမာက္ကမသမီးေယာက္မ ဇာတ္ကားေတြ ႐ုံတင္မွာျဖစ္တယ္လို႔ သိရပါတယ္ေနာ္…။ ႐ုံတင္မယ့္ ႐ုပ္ရွင္ဇာတ္ကားေတြမွာ ထိပ္တန္းသ႐ုပ္ေဆာင္ႏွစ္ဦးျဖစ္တဲ့ ေနတိုး နဲ႔ ျမင့္ျမတ္တို႔ ဇာတ္ကားမ်ား ပါဝင္ျခင္းမရွိတာကို ေတြ႕ရပါတယ္…။

crd

Add a Comment

Your email address will not be published.