စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ေရး အတြက္ လိုက္နာ ရမည့္ စည္းကမ္း ခ်က္မ်ား ေရးဆြဲေန

ကိုဗစ္ကာလ အတြင္း အေျခခံပညာ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ေရး အတြက္ လိုက္နာရမည့္ စည္းကမ္း ခ်က္မ်ား ေရးဆြဲေန…

ကိုဗစ္-၁၉ ကာလအတြင္း အေျခခံပညာ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ရန္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသားမိဘမ်ား လိုက္နာေဆာင္႐ြက္ရမည့္ က်န္းမာေရးဆိုင္ရာစည္းမ်ဥ္းစည္းကမ္းမ်ားကို က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာနႏွင့္ ပညာေရး ဝန္ႀကီးဌာနတို႔က တာဝန္ရွိသူမ်ားမွ ၫွိႏႈိင္းေရးဆြဲရန္ ၫႊန္ၾကားထားေၾကာင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာသည္။

ယေန႔ ေန႔လည္ပိုင္း ကျပဳလုပ္သည့္ သမၼတ႐ုံးသတင္းစာ ရွင္းလင္းပြဲတြင္ ၎က ထိုသို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေက်ာင္းေတြျပန္ဖြင့္ဖို႔ ကိစၥ ပညာေရးဝန္ႀကီးဌာနက တာဝန္ရွိသူေတြနဲ႔ ေခၚယူေဆြးေႏြးထားတာရွိတယ္။ အခု ဆရာ၊ ဆရာမေတြလိုက္နာရမယ့္အခ်က္၊ ေက်ာင္းသားမိဘေတြဘက္က လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္းေတြ၊ ေနာက္ ေက်ာင္းသူေက်ာင္းသားေတြ လိုက္နာရမယ့္ စည္းမ်ဥ္း စည္းကမ္းေတြ။ ေက်ာင္းေတြမွာ ေက်ာင္းတက္ၿပီဆိုတာနဲ႔ ေက်ာင္းတက္တဲ့ဟာနဲ႔ ပတ္သက္တဲ့ က်န္းမာေရးဆိုင္ရာ Standard Operating Procedure ကို သက္ဆိုင္ရာက်န္းမာေရးဝန္ႀကီးဌာနနဲ႔ ပညာေရးကတာဝန္ရွိသူေတြနဲ႔ၫွိႏႈိင္းၿပီး ေရးဆြဲဖို႔ကိုေတာ့ ၫႊန္ၾကား ထားတာရွိပါတယ္။

သက္ဆိုင္ရာက်န္းမာေရးဝန္ႀကီးဌာန နဲ႔ ပညာေရးက တာဝန္ရွိသူေတြနဲ႔ ၫွိႏႈိင္းၿပီးေရးဆြဲဖို႔ကိုေတာ့ ၫႊန္ၾကားထားတာ ရွိပါတယ္။ ပထမအခ်က္အေနနဲ႔ ေက်ာင္းကိုမလာမီ မိဘနဲ႔ေက်ာင္းသားေတြ လိုက္နာရမယ့္အခ်က္၊ နံပါတ္ႏွစ္က ေက်ာင္းကိုေရာက္ၿပီးေတာ့ စာသင္ၾကားခ်ိန္မွာ ဆရာဆရာမေတြ နဲ႔ ေက်ာင္းသူေက်ာင္းသားေတြ လိုက္နာရမယ့္အခ်က္ေတြ ေက်ာင္းအားလပ္ခ်ိန္၊ မုန္႔စားနားခ်ိန္မွာ ဆရာဆရာမေတြ၊ ေက်ာင္းသူေက်ာင္းသားေတြ လိုက္နာရမယ့္အခ်က္ေတြ၊ ေနာက္တစ္ခုက စာသင္ၾကားလို႔ၿပီးသြားရင္ ေက်ာင္းကအျပန္ မိဘေတြေက်ာင္းသားေတြ လိုက္နာရမယ့္ အခ်က္ေတြ၊ ေနာက္ပညာေရးဝန္ႀကီးအေနနဲ႔ ေက်ာင္းေတြ၊ စာသင္ခန္းေတြမွာ ျပင္ဆင္ရမယ့္အခ်က္ေတြ အားလုံးေပါင္း (၅) ခ်က္ ရွိပါတယ္ ဟု ဦးေဇာ္ေဌးက ေျပာၾကားခဲ့သည္။

ေက်ာင္းမ်ားျပန္ဖြင့္ပါက ျမန္မာႏိုင္ငံ ၏လက္ရွိအေနအထားအရ သင့္ေတာ္မည့္ စည္းမ်ဥ္း စည္းကမ္းပုံစံႏွင့္ လိုက္နာေဆာင္႐ြက္ရမည့္အခ်က္မ်ားကို အခ်ိန္ကာလ အလိုက္ ျပဳစုကာ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီကို တင္ျပရမည္ျဖစ္ေၾကာင္း ဦးေဇာ္ေဌးကဆက္လက္ေျပာၾကား ခဲ့သည္။

အခုလို အခ်ိန္ကာလအလိုက္ျပဳလုပ္ရမယ့္ အခ်က္ေတြ ကို ျပဳစုၿပီးေတာ့ အမ်ိဳးသားအဆင့္ဗဟိုေကာ္မတီကို ျပန္လည္တင္ျပခိုင္းထားတယ္။ တျခားႏိုင္ငံေတြမွာ Social Distance ကို ေက်ာင္းစာသင္ခန္းေတြမွာလုပ္တဲ့ အေနအထားေတြ၊ ေနရာအခက္အခဲအရ Social Distance ထားႏိုင္ျခင္းမရွိတဲ့အေျခအေနမွာ ဘယ္လို Distance ျဖစ္ေအာင္လုပ္လဲ။ တခ်ိဳ႕ဆို Face Shield နဲ႔လုပ္တာေတြရွိတယ္။ တစ္ခ်ိဳ႕ဆို မွန္ေတြ နဲ႔လုပ္တာေတြရွိတယ္။ အဲ့အေပၚမွာ ျမန္မာႏိုင္ငံရဲ႕လက္ရွိအေနအထားအရ ဘယ္လိုပုံစံကပိုၿပီး သင့္ေတာ္မလဲဆိုတဲ့အပိုင္းေတြကို ျပန္ၿပီးျပဳစုခိုင္း ထားပါတယ္။ လာမယ့္႐ုံးဖြင့္ရက္ မွာလည္း အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အစည္းအေဝးေတြလုပ္သြားဖို႔ရွိပါတယ္” ဟု၎ေျပာ သည္။

ကိုဗစ္-၁၉ ေရာဂါကူးစက္ျပန္႔ပြားမႈမ်ားေၾကာင့္ စာသင္ေက်ာင္းမ်ား၊ တကၠသိုလ္ မ်ားကို ရပ္နားထားၿပီး စာေမးပြဲေအာင္စာရင္းမ်ားထုတ္ျပန္ရန္ကိုလည္း အခ်ိန္ေ႐ႊ႕ဆိုင္း ထားရျခင္းျဖစ္သည္။

crd : whitesone

unicode

ကိုဗစ်ကာလ အတွင်း အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး အတွက် လိုက်နာရမည့် စည်းကမ်း ချက်များ ရေးဆွဲနေ…

ကိုဗစ်-၁၉ ကာလအတွင်း အခြေခံပညာ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်ရန် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့က တာဝန်ရှိသူများမှ ညှိနှိုင်းရေးဆွဲရန် ညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

ယနေ့ နေ့လည်ပိုင်း ကပြုလုပ်သည့် သမ္မတရုံးသတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကျောင်းတွေပြန်ဖွင့်ဖို့ ကိစ္စ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ခေါ်ယူဆွေးနွေးထားတာရှိတယ်။ အခု ဆရာ၊ ဆရာမတွေလိုက်နာရမယ့်အချက်၊ ကျောင်းသားမိဘတွေဘက်က လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ နောက် ကျောင်းသူကျောင်းသားတွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ။ ကျောင်းတွေမှာ ကျောင်းတက်ပြီဆိုတာနဲ့ ကျောင်းတက်တဲ့ဟာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ Standard Operating Procedure ကို သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာနနဲ့ ပညာရေးကတာဝန်ရှိသူတွေနဲ့ညှိနှိုင်းပြီး ရေးဆွဲဖို့ကိုတော့ ညွှန်ကြား ထားတာရှိပါတယ်။

သက်ဆိုင်ရာကျန်းမာရေးဝန်ကြီးဌာန နဲ့ ပညာရေးက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီးရေးဆွဲဖို့ကိုတော့ ညွှန်ကြားထားတာ ရှိပါတယ်။ ပထမအချက်အနေနဲ့ ကျောင်းကိုမလာမီ မိဘနဲ့ကျောင်းသားတွေ လိုက်နာရမယ့်အချက်၊ နံပါတ်နှစ်က ကျောင်းကိုရောက်ပြီးတော့ စာသင်ကြားချိန်မှာ ဆရာဆရာမတွေ နဲ့ ကျောင်းသူကျောင်းသားတွေ လိုက်နာရမယ့်အချက်တွေ ကျောင်းအားလပ်ချိန်၊ မုန့်စားနားချိန်မှာ ဆရာဆရာမတွေ၊ ကျောင်းသူကျောင်းသားတွေ လိုက်နာရမယ့်အချက်တွေ၊ နောက်တစ်ခုက စာသင်ကြားလို့ပြီးသွားရင် ကျောင်းကအပြန် မိဘတွေကျောင်းသားတွေ လိုက်နာရမယ့် အချက်တွေ၊ နောက်ပညာရေးဝန်ကြီးအနေနဲ့ ကျောင်းတွေ၊ စာသင်ခန်းတွေမှာ ပြင်ဆင်ရမယ့်အချက်တွေ အားလုံးပေါင်း (၅) ချက် ရှိပါတယ် ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။

ကျောင်းများပြန်ဖွင့်ပါက မြန်မာနိုင်ငံ ၏လက်ရှိအနေအထားအရ သင့်တော်မည့် စည်းမျဉ်း စည်းကမ်းပုံစံနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အချိန်ကာလ အလိုက် ပြုစုကာ အမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြရမည်ဖြစ်ကြောင်း ဦးဇော်ဌေးကဆက်လက်ပြောကြား ခဲ့သည်။

အခုလို အချိန်ကာလအလိုက်ပြုလုပ်ရမယ့် အချက်တွေ ကို ပြုစုပြီးတော့ အမျိုးသားအဆင့်ဗဟိုကော်မတီကို ပြန်လည်တင်ပြခိုင်းထားတယ်။ တခြားနိုင်ငံတွေမှာ Social Distance ကို ကျောင်းစာသင်ခန်းတွေမှာလုပ်တဲ့ အနေအထားတွေ၊ နေရာအခက်အခဲအရ Social Distance ထားနိုင်ခြင်းမရှိတဲ့အခြေအနေမှာ ဘယ်လို Distance ဖြစ်အောင်လုပ်လဲ။ တချို့ဆို Face Shield နဲ့လုပ်တာတွေရှိတယ်။ တစ်ချို့ဆို မှန်တွေ နဲ့လုပ်တာတွေရှိတယ်။ အဲ့အပေါ်မှာ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရ ဘယ်လိုပုံစံကပိုပြီး သင့်တော်မလဲဆိုတဲ့အပိုင်းတွေကို ပြန်ပြီးပြုစုခိုင်း ထားပါတယ်။ လာမယ့်ရုံးဖွင့်ရက် မှာလည်း အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အစည်းအဝေးတွေလုပ်သွားဖို့ရှိပါတယ်” ဟု၎င်းပြော သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုများကြောင့် စာသင်ကျောင်းများ၊ တက္ကသိုလ် များကို ရပ်နားထားပြီး စာမေးပွဲအောင်စာရင်းများထုတ်ပြန်ရန်ကိုလည်း အချိန်ရွှေ့ဆိုင်း ထားရခြင်းဖြစ်သည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

twenty − six =