လူမှုကွန်ရက် စာမျက်နှာကနေ “ရိုးသားစွာ နဲ့ ရှာဖွေကျန်းမာစွာ နဲ့ လှူဒါန်း” ဆိုပြီး ကျေနပ် ပီတိတွေဖြစ်နေတဲ့ “ထက်ထက်မိုးဦး”

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ လတ်တလောမှာ အနုပညာအလုပ်တွေနဲ့အတူ Live Sale တွေရောင်းပြီး ရရှိတဲ့ ချွေးနည်းစာငွေလေးတွေထဲက တချို့တဝက်ကို အလှူအတန်းတွေကို အကြီးအကျယ်လှူဒါန်းနေခဲ့တာပရိသတ်တွေလည်း သိရှိပြီဖြစ်မယ် ထင်ပါတယ်နော်…။

ပြီးခဲ့တဲ့ မတ်လ (၁၆) ရက်နေ့ကလည်း ထက်ထက်မိုးဦးက တောင်ကြီးမြို့ မြို့လယ်ဓမ္မာရုံ အတုလမာရဇိန်ဆုတောင်းပြည့်မြတ်စွာဘုရားအား ရွှေသင်္ကန်းပေါင်း (၁၇၀၀၀) နဲ့အတူအလှူအားလုံးအတွက် သိန်း (၃၀၀) ကျပ်နီးပါး လှူဒါန်းခဲ့ပြီး ပရိသတ်တွေကတောင်ထက်ထက်ရဲ့ မွန်မြတ်လှတဲ့ အလှူကြီးအတွက် သာဓုခေါ်ဆိုနေခဲ့ကြရပါသေးတယ်..။ ထက်ထက်မိုးဦးကတော့ ဒီနေ့မှာ လည်း ကောင်းမှုတွေထပ်မံပြုလုပ်ခဲ့ပြီး…

အခုလို ရိုးသားစွာရှာဖွေရရှိတဲ့ ချွေးနည်းစာငွေတွေနဲ့ အလှူအတန်းတွေကို ကျန်မာစွာနဲ့ ပြုလုပ်နိုင်တဲ့အတွက် ကျေနပ်ပီတိတွေဖြစ်နေကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ရိုးသားစွာ နဲ့ ရှာဖွေကျန်းမာစွာ နဲ့ လှူဒါန်း” ဆိုပြီး ဖော်ပြထားခဲ့ပါသေးတယ်..။ ပရိသတ်ကြီးရေ ထက်ထက်ကတော့ အလှူတွေလုပ်နေရရင်ကို ပျော်ရွှင်နေတာပဲနော်…။

Source – Htet Htet Moe Oo

Add a Comment

Your email address will not be published.