လူငယ်တွေ နဲ့ အပြိုင် နုဖတ် လှပနေဆဲ ဖြစ်ပြီး ရင်ဖိုချင် စရာကောင်းတဲ့ အလှတရားတွေ ပေါ်လွင် နေတဲ့ မြတ်ကေသီအောင်

မင်းသမီးချော မြတ်ကေသီအောင်ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း အပြစ် ပြောစရာ မရှိလောက်အောင် ထူးချွန်တဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ ဇာတ်ရုပ်တိုင်းကို အံဝင်ခွင်ကျဖြစ်အောင် ဖန်တီးတတ်တဲ့ မြတ်ကေသီအောင် အကယ်ဒမီဆုတွေကိုလည်း ဆွတ်ခူးခဲ့သေးတာ ဖြစ်ပါတယ် ။ နာမည်တစ်လုံး နဲ့ ရပ်တည်အောင်မြင်လာခဲ့တဲ့ မြတ်ကေသီအောင်က ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေဆဲ ဖြစ်ပါတယ် ။

မြတ်ကေသီအောင်က အနုပညာ လှုပ်ရှားမှုတွေနဲ့ အနည်းငယ်ဝေးကွာ နေပေမယ့် အောင်မြင်မှုတွေ ကိုတော့ ဆက်လက်ထိန်းထားနိုင်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြတ်ကေသီအောင်က အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ အရင်ကထက်တောင် ပိုလှလို့လာတာပဲ ဖြစ်ပါတယ် ။ ခန္ဓာကိုယ် အချိုးအစားပြေပြစ်တဲ့ မြတ်ကေသီအောင်က စွဲမက်ဖွယ်ကောင်းတဲ့ အလှတရားတွေရဲ့ ပိုင်ရှင် လေးပါပဲနော်။

အခုလည်း မြတ်ကေသီအောင်က စမိုင်းလ် ပို့ပေးတဲ့ ညအိပ်ဝတ်စုံလေးကို ဝတ်ပြီး “ဂယက်တွေပါဟယ်” ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှုအားပေးခဲ့တာ ဖြစ်ပါတယ် ။ Night Dress လေးနဲ့ အရမ်းလှနေတဲ့ မြတ်ကေသီအောင်က ရင်ဖိုချင်စရာကောင်းတဲ့ အလှတရားတွေ ပေါ်လွင်နေတာလည်း ဖြစ်ပါတယ် ။ ကဲ ဆွဲဆောင်မှုရှိရှိလှနေတဲ့ မင်းသမီးချော မြတ်ကေသီအောင်ရဲ့ပုံရိပ်တွေကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Myat Kay Thi Aung’s FB Acc

zawgyi





Add a Comment

Your email address will not be published.