ဘေဘီမောင် တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိပြီး အနုပညာလမ်းခရီးမှာ အောင်မြင်နေတဲ့ သူတွေပဲ ဖြစ်ပါတယ်။ သာယာပျော်ရွှင် အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ နှစ်ယောက်လုံးက လိုက်ဖက်နေပြီး ချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကလည်း အားကျချစ်ခင်နေရတာပါ ။
ဇနီးမောင်နှံနှစ်ဦးလုံးကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိပြီး အရမ်းချစ်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ အခုဆိုရင် ချစ်စရာအရမ်းကောင်းတဲ့ သမီးလေးပါ ရှိလာပြီမို့ ပိုလို့တောင် ပြီးပြည့်စုံသော ဘဝလေးကို ပိုင်ဆိုင်ထားပြီလည်း ဖြစ်ပါတယ် ။
သူတို့ မိသားစုရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။အခုလည်း သမီးလေး ဘီလီယံကို အသည်းတွေယားကာ ချစ်မဝဖြစ်နေကြောင်းကို ပုံလေးတွေနဲ့ တကွ ” သမီးနဲ့ပထမဦးဆုံး အလွမ်းသယ်ခြင်း🥰 ချစ်စရာလေးသမီးရယ် မေမေဖြစ်ညှစ်ပြီး အာဘွားပေးချင်လိုက်တာ အသဲယားလို့😘” ရေးသားဖော်ပြထားရာ ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
crd
zawgyi
crd