ကျမသမီးလေး အတွက် ကျမနောင်တ မရချင်ဘူး…ဒါကြောင့် ဒီနှစ်ကျောင်းတွေပြန်ဖွင့် ခဲ့ရင် သမီးကို ကျောင်းမထား ပါဘူး….









unicode

ကျမသမီးလေးအတွက် ကျမနောင်တမရချင်ဘူး ….။ဒါကြောင့် ဒီနှစ်ကျောင်းတွေပြန်ဖွင့်ခဲ့ရင် သမီးကို ကျောင်း မထားပါဘူး….။

ဘယ်လောက်ပဲ social distancing နဲ့ပဲ ကျောင်း တက်ခိုင်းသည်ဖြစ်စေ ကလေးတွေဆိုတာ ကျောင်းမှာသူငယ်ချင်းတွေနဲ့ ကစားချင်ကြတာပဲလေ မကစားရပဲ ….။

စာချည်းသင်နေရမယ်ဆိုရင်လဲ သူတို့ ကျောင်းမှာ မပျော်တော့ပဲ ကျောင်းပျင်းလာကြလိမ့်မယ် ….။ကစားချိန် ထမင်းစားချိန် toilet သုံးချိန် ဒါတွေလဲရှိသေးတော့ ပိုးမကူးအောင်စီမံဖို့ဆိုတာ မျက်စိစုံမှိတ်မယုံရဲပါဘူး ….

ကလေးတွေအကုန်ရော mask တနေကုန် တပ်ပြီး နေ့တိုင်းကျောင်း တက်နိုင်ကြပါ့မလားလဲ စိတ်ပူတယ်လေ…. ဒီလိုကပ်ရောဂါကြီးမပြောနဲ့….

နှစ်စဉ်ဖြစ်နေကျရာသီတုပ်ကွေးတောင်မှပဲ ကလေး အချင်းချင်း ကျောင်းက ကူးလာ ကျောင်းကအပြန်ဖျားလာကြတာမျိုး ဆိုတော့ ဒီနှစ်သေချာပေါက် ကျောင်းနားပါမယ် …။

ကျမကသမီးလေး ရဲ့ပညာရေးနဲ့ပါတ်သက်ရင် လောဘကြီးပါတယ်….။သို့သော် ကျမသမီးလေးအသက်ထက်တော့ လောဘမထားနိုင် ပါဘူး ….။

သမီးကျောင်း တနှစ်အောက် လိုက်တာက ကျမကိုငိုကြွေးရခြင်း ကနေလွတ်မြောက်ဖို့ ရာခိုင်နှုန်း များတယ်လေ …ကျမရင်ကွဲ မခံနိုင်ဘူး….။

#crdသဲတုန်မာမားသဲနုဆည်းဆာ