crd : panpyoelat
unicode
ကျန်းမာရေး ဝန်ထမ်း၇၀၀ကျော်အတွက် တစ်နေ့တာစားစရာတွေ လှူဒါန်းလိုက်ပြန်တဲ့ ရိုးရိုးလေးသာ ဝတ်တတ်တဲ့သူဌေးမလေး
ငွေကြေးဒါန ပစ္စည်းဒါန အပြင်အဟာရဒါနပါ ပြုလုပ်လျက် ရှိသော ဦးအောင်ကိုဝင်း(KBZ bank) ၏သမီး နန်းလိုင်ခမ်းကို သိကြမှာပငွေသိန်းထောင်ချီလှူပေမယ့် အလှူပွဲကို ဘာလက်ဝတ်ရတနာမှမဝတ်စားဘဲရိုးရိုးလေးတက်လို့ နာမည်ကြီးခဲ့တာ ပရိသတ်ကြီးတို့လည်း သိမှာပါ။
ခုလို ပကာသနမဖက်ဘဲ လှူဒါန်းမှုတွေ လုပ်တတ်တဲ့ မနန်းလိုင်ခမ်းဟာ ခုလည်းပဲ သာဓုခေါ် ရမယ့် အလှူလေး တစ်ခုကိုပြုလုပ်ခဲ့ပြန်ပါတယ်။
အဲတာကတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေး ဝန်ထမ်းများ နှင့် အထောက်အကူပြုဝန်ထမ်း ၇၀၀ ကျော်အတွက် နံနက်စာ နေ့လည်စာ ညစာတနေ့စာ အဟာရဒါန အလှူတော်ပြုလုပ် ခဲ့တာ ဖြစ်ပါတယ်