ကုိဗစ္ေၾကာင့္ အမွန္ အကန္ စမံုတံုးေတာ့မယ့္ စီးပြားေရး လုပ္ငန္းအမ်ဳိးအစားေတြ

ဒီစီးပြားေရး လုပ္ငန္းေတြကေတာ့ ကုိဗစ္ကာလ မွာ အမွန္အကန္ စမံုတံုးၾကမွာ ျဖစ္ပါတယ္…

ကုိဗစ္ႏွိပ္စက္ လို႔ အခ်ိန္အတိုင္းအတာ တစ္ခုထိ စမုံတုံး သြားႏိုင္တဲ့ လုပ္ငန္းတခ်ိဳ႕ ကို သုံးသပ္မိတယ္… ဥပမာ စားေသာက္ဆိုင္လုပ္ငန္းေတြလိုေပါ့… ဆိုင္ေတြရဲ႕ ၉၀% ေလာက္က ေနရာငွားၿပီး ဖြင့္ထားရတာပါ… ပါဆယ္ Take Away နဲ႔ Deli ဆိုတာကလဲ လုပ္ငန္း မရပ္သြားတာပဲ ရွိတာ၊ ရႉံးေတာင္ ရႉံးေသးတယ္… ပိတ္ထား ျပန္ေတာ့လဲ ေနရာငွားခနဲ႔ ဝန္ထမ္းခေတြက ခြက္ခြက္လန္ပဲ… အကုန္ေအာ္ေနၾကၿပီ…

တခ်ိဳ႕ Food Chain ေတြဆိုရင္ ဝန္ထမ္းေပါင္း ရာခ်ီ၊ ေထာင္ခ်ီရွိၾကတာ… အခုကထဲက နားကားေနၾကၿပီေလ… ျပန္ၿပီးဖြင့္ရမယ္ဆိုရင္လဲ အကာ အကြယ္ေတြ၊ Social Distancing ေတြနဲ႔ အျခားကန႔္သတ္ ခ်က္ အစုံအလင္ရွိလိမ့္မယ္လို႔ ယူဆတယ္… ဆိုင္မွာ လူမ်ားမ်ား ထည့္ မရေအာင္ေနရာ ျခားရေတာ့မယ္… လူမ်ားတဲ့ဆိုင္ဆိုရင္လဲ တခ်ိဳ႕လူက လာစား ရဲမွာ မဟုတ္ၾကေတာ့ ခက္ခက္ခဲခဲ ႐ုန္းကန္ ရေလာက္တယ္ေပါ့…

အရင္ကဆို အခ်ိန္ရရင္ ဘန္ေကာက္ေလး ေရွာ့ပင္ထြက္ အုံးမွ၊ ဟိုလည္ ဒီပါတ္ လုပ္အုံးမွ ဆိုတာေတြလဲ တစ္မ်ိဳးေျပာင္းသြားႏိုင္တယ္… က်န္းမာေရးေထာက္ခံစာယူရမယ္တို႔ အာမခံရွိရမယ္တို႔ ျဖစ္လာႏိုင္တယ္…

ဒီလိုသာဆိုရင္ မျဖစ္မေန သြားရမယ့္ခရီး ပဲ သြားျဖစ္မွာျဖစ္ၿပီး အားအား ယားယား ခရီးထြက္ဖို႔ ဒါေတြကို အလုပ္ရႈပ္ခံၿပီး လုပ္မေနခ်င္ဘူးေလ… ဒီေတာ့ ေလေၾကာင္းလိုင္း၊ ခရီးသြားလုပ္ငန္း နဲ႔ ဟိုတယ္ေတြ အခ်ိန္အတိုင္းအတာ တစ္ခု ထိ စမုံတုံးႏိုင္တယ္လို႔ ယူဆတယ္… ဒီကို လာလည္မယ့္သူေတြကိုလဲ ဒီလို အကန႔္ အသတ္ တခ်ိဳ႕ လုပ္ထားႏိုင္ တာမို႔ ဒီလုပ္ငန္း နဲ႔ ႏွီးႏႊယ္သူေတြ လတ္တေလာ ခါးမွာပဲ…

အဲ့ဒါေတြနဲ႔ ဆက္စပ္ေနတဲ့ Supply ေတြ၊ Souvenir Shop ေတြ၊ Taxi ေတြ၊ Guide ေတြ၊ အလုပ္အကိုင္ အခြင့္အလမ္းေတြ အကုန္လုံး ပါတ္ လည္ ထိ ၾကမယ့္အေနအထားပါ… အလႉေတြ၊ မဂၤလာေဆာင္ေတြ ေတာ္ေတာ္နဲ႔ လုပ္လို႔ရအုံးမယ္ မထင္ေသးေတာ့ ဒါနဲ႔ ပါတ္သက္တဲ့ ဖက္ရွင္ဆိုင္၊ ပန္း အလွျပင္ ဆိုင္၊ ဓာတ္ပုံ ဗီဒီယိုနဲ႔ Catering ေတြပါ ငါးပါးေမွာက္မယ့္ သေဘာ မွာရွိတယ္…

က်န္ေသးတယ္… ေဖ်ာ္ေျဖေရး နဲ႔ ဝန္ေဆာင္မႈ လုပ္ငန္းေတြလဲ အေျခအေနမေကာင္းဘူး… Live Show ပြဲေတြ၊ ကလပ္ေတြ၊ KTV၊ မာဆတ္၊ Nail Salon နဲ႔ Beauty Clanic ေတြ မလြယ္ေလာက္ေသးဘူး… ျပန္ဖြင့္ရင္ေတာင္မွာ အရင္လို အလုပ္ေကာင္း ဖို႔ အရွိန္ေတာ္ေတာ္ယူရႏိုင္တယ္…

ဒါ့အျပင္ လူတိုင္းနီးပါး စီးပြားေရး အေျခအေန အထိနာ ထားေတာ့ အက်ႌအဝတ္အထည္ေတြနဲ႔ Brand ဆိုင္ေတြလဲ အေျခအေန မေကာင္း ႏိုင္ေသးတာ ေသခ်ာတယ္… ႐ုပ္ရွင္႐ုံတို႔ Gym တို႔လဲ လတ္တေလာ အေနအထားကေတာ့ ပ်ားတုပ္မယ့္ကိန္းပဲ… အႏုပညာရွင္ေတြ ဆယ္လီ ဆယ့္ တစ္လီေတြ လဲ ေရာေယာင္ၿပီး ပါသြားမွာပါ…

အခုေလာေလာဆယ္ အေကာင္းဆုံး လုပ္ငန္း က ဘာလဲ သိလား? ဒါကေတာ့ အရက္ေသစာပါပဲ… Stay Home ရင္း ဘီယာ၊ အရက္၊ ဝိုင္၊ ဆာေကးခ်ၾကတယ္ေပါ့… စမုံတုံးတဲ့အထဲလဲ ဘယ္ေတာ့မွ သူမပါဘူး…

ဒါက တစ္ဦးထဲ ခန႔္မွန္းခ်က္ပါ… မွန္ခ်င္ လဲ မွန္မယ္၊ မွားခ်င္လဲ မွားမယ္… ေရွ႕ေလွ်ာက္ စည္းမ်ဥ္းစည္းကမ္းပိုင္းမွာ ေတာ္ေတာ္ေလး က်ဥ္းက်ဥ္းၾကပ္ၾကပ္နဲ႔ လႈပ္ရွား ႐ုန္းကန္ၾကရေတာ့မွာပါ… အဓိကကေတာ့ ကိုယ့္ အလုပ္ေရရွည္ ရပ္တည္ႏိုင္ေအာင္ နည္းလမ္းရွာၿပီး ကုိဗစ္ေၾကာင့္ စမုံတုံးတဲ့ထဲ ပါမ သြားဖို႔ပဲ…

Zin Min Swe

unicode

ဒီစီးပွားရေး လုပ်ငန်းတွေကတော့ ကိုဗစ်ကာလ မှာ အမှန်အကန် စမုံတုံးကြမှာ ဖြစ်ပါတယ်…

ကိုဗစ်နှိပ်စက် လို့ အချိန်အတိုင်းအတာ တစ်ခုထိ စမုံတုံး သွားနိုင်တဲ့ လုပ်ငန်းတချို့ ကို သုံးသပ်မိတယ်… ဥပမာ စားသောက်ဆိုင်လုပ်ငန်းတွေလိုပေါ့… ဆိုင်တွေရဲ့ ၉၀% လောက်က နေရာငှားပြီး ဖွင့်ထားရတာပါ… ပါဆယ် Take Away နဲ့ Deli ဆိုတာကလဲ လုပ်ငန်း မရပ်သွားတာပဲ ရှိတာ၊ ရှူံးတောင် ရှူံးသေးတယ်… ပိတ်ထား ပြန်တော့လဲ နေရာငှားခနဲ့ ဝန်ထမ်းခတွေက ခွက်ခွက်လန်ပဲ… အကုန်အော်နေကြပြီ…

တချို့ Food Chain တွေဆိုရင် ဝန်ထမ်းပေါင်း ရာချီ၊ ထောင်ချီရှိကြတာ… အခုကထဲက နားကားနေကြပြီလေ… ပြန်ပြီးဖွင့်ရမယ်ဆိုရင်လဲ အကာ အကွယ်တွေ၊ Social Distancing တွေနဲ့ အခြားကန့်သတ် ချက် အစုံအလင်ရှိလိမ့်မယ်လို့ ယူဆတယ်… ဆိုင်မှာ လူများများ ထည့် မရအောင်နေရာ ခြားရတော့မယ်… လူများတဲ့ဆိုင်ဆိုရင်လဲ တချို့လူက လာစား ရဲမှာ မဟုတ်ကြတော့ ခက်ခက်ခဲခဲ ရုန်းကန် ရလောက်တယ်ပေါ့…

အရင်ကဆို အချိန်ရရင် ဘန်ကောက်လေး ရှော့ပင်ထွက် အုံးမှ၊ ဟိုလည် ဒီပါတ် လုပ်အုံးမှ ဆိုတာတွေလဲ တစ်မျိုးပြောင်းသွားနိုင်တယ်… ကျန်းမာရေးထောက်ခံစာယူရမယ်တို့ အာမခံရှိရမယ်တို့ ဖြစ်လာနိုင်တယ်…

ဒီလိုသာဆိုရင် မဖြစ်မနေ သွားရမယ့်ခရီး ပဲ သွားဖြစ်မှာဖြစ်ပြီး အားအား ယားယား ခရီးထွက်ဖို့ ဒါတွေကို အလုပ်ရှုပ်ခံပြီး လုပ်မနေချင်ဘူးလေ… ဒီတော့ လေကြောင်းလိုင်း၊ ခရီးသွားလုပ်ငန်း နဲ့ ဟိုတယ်တွေ အချိန်အတိုင်းအတာ တစ်ခု ထိ စမုံတုံးနိုင်တယ်လို့ ယူဆတယ်… ဒီကို လာလည်မယ့်သူတွေကိုလဲ ဒီလို အကန့် အသတ် တချို့ လုပ်ထားနိုင် တာမို့ ဒီလုပ်ငန်း နဲ့ နှီးနွှယ်သူတွေ လတ်တလော ခါးမှာပဲ…

အဲ့ဒါတွေနဲ့ ဆက်စပ်နေတဲ့ Supply တွေ၊ Souvenir Shop တွေ၊ Taxi တွေ၊ Guide တွေ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ အကုန်လုံး ပါတ် လည် ထိ ကြမယ့်အနေအထားပါ… အလှူတွေ၊ မင်္ဂလာဆောင်တွေ တော်တော်နဲ့ လုပ်လို့ရအုံးမယ် မထင်သေးတော့ ဒါနဲ့ ပါတ်သက်တဲ့ ဖက်ရှင်ဆိုင်၊ ပန်း အလှပြင် ဆိုင်၊ ဓာတ်ပုံ ဗီဒီယိုနဲ့ Catering တွေပါ ငါးပါးမှောက်မယ့် သဘော မှာရှိတယ်…

ကျန်သေးတယ်… ဖျော်ဖြေရေး နဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေလဲ အခြေအနေမကောင်းဘူး… Live Show ပွဲတွေ၊ ကလပ်တွေ၊ KTV၊ မာဆတ်၊ Nail Salon နဲ့ Beauty Clanic တွေ မလွယ်လောက်သေးဘူး… ပြန်ဖွင့်ရင်တောင်မှာ အရင်လို အလုပ်ကောင်း ဖို့ အရှိန်တော်တော်ယူရနိုင်တယ်…

ဒါ့အပြင် လူတိုင်းနီးပါး စီးပွားရေး အခြေအနေ အထိနာ ထားတော့ အင်္ကျီအဝတ်အထည်တွေနဲ့ Brand ဆိုင်တွေလဲ အခြေအနေ မကောင်း နိုင်သေးတာ သေချာတယ်… ရုပ်ရှင်ရုံတို့ Gym တို့လဲ လတ်တလော အနေအထားကတော့ ပျားတုပ်မယ့်ကိန်းပဲ… အနုပညာရှင်တွေ ဆယ်လီ ဆယ့် တစ်လီတွေ လဲ ရောယောင်ပြီး ပါသွားမှာပါ…

အခုလောလောဆယ် အကောင်းဆုံး လုပ်ငန်း က ဘာလဲ သိလား? ဒါကတော့ အရက်သေစာပါပဲ… Stay Home ရင်း ဘီယာ၊ အရက်၊ ဝိုင်၊ ဆာကေးချကြတယ်ပေါ့… စမုံတုံးတဲ့အထဲလဲ ဘယ်တော့မှ သူမပါဘူး…

ဒါက တစ်ဦးထဲ ခန့်မှန်းချက်ပါ… မှန်ချင် လဲ မှန်မယ်၊ မှားချင်လဲ မှားမယ်… ရှေ့လျှောက် စည်းမျဉ်းစည်းကမ်းပိုင်းမှာ တော်တော်လေး ကျဉ်းကျဉ်းကြပ်ကြပ်နဲ့ လှုပ်ရှား ရုန်းကန်ကြရတော့မှာပါ… အဓိကကတော့ ကိုယ့် အလုပ်ရေရှည် ရပ်တည်နိုင်အောင် နည်းလမ်းရှာပြီး ကိုဗစ်ကြောင့် စမုံတုံးတဲ့ထဲ ပါမ သွားဖို့ပဲ…

Zin Min Swe

Add a Comment

Your email address will not be published. Required fields are marked *

eighteen − five =