“သင်ဇာဝင့်ကျော်” ရဲ့ ထွက်ဆိုချက် နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြတ်သားစွာပြောလာတဲ့ “ရှင်ယွန်းမြတ်” (ရုပ်/သံ)
ရှင်ယွန်းမြတ်ကတော့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပုရိသတွေ အသည်းနှလုံးကို ဖမ်းစားထားတဲ့ အမိုက်စား မော်ဒယ်မလေးဘဲ ဖြစ်ပါတယ် ။သူမရဲ့ အမိုက်စားဖက်ရှင်တွေနဲ့ အလန်းစားပုံလေးတွေကတော့ ပရိသတ်တွေ အတွက် ကြွေသွားစေလောက်တာအမှန်ပဲဖြစ်ပါတယ် ။ ဖြူဖွေးနေတဲ့အသားအရေနဲ့ သွယ်လျ ပြေပြစ်တဲ့ ခန္ဓာကိုယ်လေးတွေ ကြောင့်လည်း ပုရိသတွေကို ကြွေစေခဲ့တာပါ ။ သူမရဲ့ အမိုက်စား ပုံရိပ်တွေကို လူမှုကွန်ယက်ဖေ့ဘွတ်ပေါ်တွင် အများဆုံး တင်လေ့ရှိတာတွေ့ရပါတယ်။
ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့
အခုတစ်ခါမှာဆိုရင်လည်း ရှင်ယွန်းမြတ်ဟာဆိုရင် သင်ဇာဝင့်ကျော်ထွက်ဆိုခဲ့တဲ့ကိစ္ စနဲ့ပတ်သက်ပြီး မီဒီယာတွေအစုံအလင်ရှေ့မှာ အခုလိုပဲဖြေရှင်းခဲ့တာပဲဖြစ်ပါတယ်နော်။သင်ဇာဝင့်ကျော်ရဲ့ ထွက်ဆိုချက်အတွက် နာမည်တပ်ခံရသူ မော်ဒယ်လ်ရှင်ယွန်းမြတ်ဟာ သင်ဇာဝင့်ကျော်ကို ကောင်းစားတုန်းကအသံမထွက်ပဲ ဒုက္ခရောက်မှ သူမကိုပါ ဆွဲထည့်တယ် ဆိုပြီး စိတ်ဆိုးနေခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ သြဂုတ်လ (၉) ရက်နေ့မှာတော့ ရှင်ယွန်းမြတ်ဟာ လတ်တလောဖြစ်ပျက်နေသောအကြောင်းအရာများနှင့်ပတ်သက်ပြီး ရှင်ယွန်းမြတ်၏ သတင်းစာရှင်းလင်းပွဲအခမ်းအနား ဆိုပြီး မီဒီယာအစုံအလင်နဲ့တကွ ရှင်းလင်း ခဲ့ပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း Live လွှင့်ခဲ့တာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
ဆယ်လီတို့ရဲ့ သတင်းထူး သတင်းဦးများ သိရဖို့ Perfect Daily New ချန်နယ်ကို Join ထားစို့
ရှင်ယွန်းမြတ်ကတော့ သင်ဇာဝင့်ကျော်ကို Exantria Website မှာ အလုပ်လုပ်ပေးဖို့ ဖိအားပေးပြောဆိုခြင်း မရှိခဲ့သလို Exantria Website မှ တာဝန်ရှိသူက အကူအညီတောင်းတာကြောင့်သာ သင်ဇာဝင့်ကျော်ကို ပုဂ္ဂိုလ်ရေးအရပဲ ဆက်သွယ်ခဲ့တယ်လို့ ပြောလာတာပဲဖြစ်ပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်အနေနဲ့လည်း သူမပြောတာတွေကို လက်မခံနိုင်ရင် ပြန်လည်ပြီး တုံ့ပြန်နိုင်ကြောင်းကိုလည်း ပြောထားပါသေးတယ်။
Source: Shin Yoon Myat – ရှင်ယွန်းမြတ်’s fb
zawgyi