ဘိလပ္ေျမ ထမ္းၿပီး တကၠသိုလ္ ဆက္တက္ ရတဲ့ အာဂ မိန္းကေလး …

မိ သား စု စား ဖို႔ ေန ေရး အ တြက္ ဘ ဝ ကို ႐ုန္း ကန္ ေန ရ တဲ့ အ ခ်ိန္ မွာ အ ခ်ိဳ႕ အ လုပ္ သ မား ေတြ ကို အ လုပ္ရွင္ က ကိုယ့္ အ ေပၚ ေခါင္း ပုံ ျဖတ္ လက္ ဝါး ႀကီး အုပ္ ေလ့ ရွိ ပါ တယ္။ပုံမွန္ဝင္ေငြေလးနဲ႔ အလုပ္မရမွာ ေၾကာက္တဲ့အတြက္ ကိုယ့္အေပၚ အႏိုင္က်င့္ျခယ္ လွယ္ေနတာကို သိသိႀကီး ေခါင္းငုံ႔ ခံေနရတဲ့ အလုပ္သမားေတြ ကမာၻေပၚမွာ အနည္းနဲ႔အမ်ားရွိေနပါေသးတယ္။

ဒီအထဲမွာေတာ့ အခု တ႐ုတ္က ဘိလပ္ေျမ ထမ္းတဲ့ အမ်ိဳးသမီးေလးလည္း အပါအဝင္ပါပဲ။သူဟာ ေယာက်္ားေလးတြနဲ႔ တန္းတူး ဘိလပ္ေျမထမ္းတဲ့အလုပ္ကို လုပ္ကိုင္ေနတဲ့ ငယ္႐ြယ္လွပတဲ့ မိန္းကေလးတစ္ဦးပဲျဖစ္ပါတယ္။ပုံစံအေနအထားက သာမန္ မိန္းကေလးေတြလို ႏူညံ့မယ္ထင္ ထားေပမဲ့ သူမဟာ သန္မာၿပီး ဇြဲရွိတဲ့ မိန္းကေလးတစ္ေယာက္ပါ။မိသားစုကို ေထာက္ပံ့ေနရသူျဖစ္တာေၾကာင့္ မရွိ ရွိတဲ့ ဒီဘိလပ္ေျမထမ္းတဲ့ အလုပ္ကို လုပ္ကိုင္ခဲ့ရပါတယ္။

သူမရဲ႕ မိဘေတြက အသက္ ၄၀ေက်ာ္ မွ သူမကို ေမြးဖြား ခဲ့တာျဖစ္ၿပီး သူမအ႐ြယ္ေရာက္လာတဲ့ အခါမွာေတာ့ မိဘေတြက အသက္အ႐ြယ္ႀကီး လာခဲ့ပါၿပီး ။ဒါ့ေၾကာင့္ သူမရဲ႕ မိဘႏွစ္ပါးစလုံး ေကာင္းေကာင္း အလုပ္မလုပ္ႏိုင္ေတာ့ပါဘူး;အဲ့ဒီအခါ သူမအတြက္ မိဘေတြ ဝန္ထုပ္ဝန္ပိုးမျဖစ္ေအာင္ ဘိလပ္ေျမ စက္႐ုံမွာ အလုပ္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။သူမမွာ ဒီအလုပ္တစ္ဖက္နဲ႔ တကၠသိုလ္ဆက္တက္ခဲ့ရတာျဖစ္ပါတယ္။ ဒီ အလုပ္ကရတဲ့ ပိုက္ဆံဟာ သူမေက်ာင္းတက္တဲ့အခါ အသုံးျပဳဖို႔ အသုံးစရိတ္နဲ႔ မိဘေတြ နာမက်န္းျဖစ္တဲ့အခါ ေထာက္ပံ့ဖို႔ရယ္အတြက္ျဖစ္ပါတယ္

သာမန္မိန္းကေလးတစ္ေယာက္ မလုပ္ႏိုင္တဲ့ အလုပ္မ်ိဳး ကို သူမလုပ္ခဲ့ၿပီး သူမပုံကို ၾကည့္ရင္ေတာ့ အၿမဲ ဘိလပ္ေျမမႈန႔္ေတြ ေပပြေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။သူမနဲ႔ တန္တူ႐ြယ္တူ မိန္းကေလးေတြကို ေတြ႕တဲ့အခါ သူမအျဖစ္ကို သူမၾကည့္ၿပီး မ်က္ရည္က်ဖူးတဲ့အခ်ိန္ေတြလည္း ရွိခဲ့ပါတယ္။သူမဘြဲ႕ရၿပီးတဲ့ အခါမွာေတာ့ ဝင္ေငြေကာင္းတဲ့ အလုပ္ေလးနဲ႔ သူမ ရဲ႕ မိသားစုဘဝေလး ကို တိုးတက္ဖို႔ ဆႏၵရွိတယ္လို႔ ဆိုပါတယ္။

Credit- Win Myint Oo

unicode

မိ သား စု စား ဖို့ နေ ရေး အ တွက် ဘ ဝ ကို ရုန်း ကန် နေ ရ တဲ့ အ ချိန် မှာ အ ချို့ အ လုပ် သ မား တွေ ကို အ လုပ်ရှင် က ကိုယ့် အ ပေါ် ခေါင်း ပုံ ဖြတ် လက် ဝါး ကြီး အုပ် လေ့ ရှိ ပါ တယ်။ပုံမှန်ဝင်ငွေလေးနဲ့ အလုပ်မရမှာ ကြောက်တဲ့အတွက် ကိုယ့်အပေါ် အနိုင်ကျင့်ခြယ် လှယ်နေတာကို သိသိကြီး ခေါင်းငုံ့ ခံနေရတဲ့ အလုပ်သမားတွေ ကမ္ဘာပေါ်မှာ အနည်းနဲ့အများရှိနေပါသေးတယ်။

ဒီအထဲမှာတော့ အခု တရုတ်က ဘိလပ်မြေ ထမ်းတဲ့ အမျိုးသမီးလေးလည်း အပါအဝင်ပါပဲ။သူဟာ ယောကျ်ားလေးတွနဲ့ တန်းတူး ဘိလပ်မြေထမ်းတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ ငယ်ရွယ်လှပတဲ့ မိန်းကလေးတစ်ဦးပဲဖြစ်ပါတယ်။ပုံစံအနေအထားက သာမန် မိန်းကလေးတွေလို နူညံ့မယ်ထင် ထားပေမဲ့ သူမဟာ သန်မာပြီး ဇွဲရှိတဲ့ မိန်းကလေးတစ်ယောက်ပါ။မိသားစုကို ထောက်ပံ့နေရသူဖြစ်တာကြောင့် မရှိ ရှိတဲ့ ဒီဘိလပ်မြေထမ်းတဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ရပါတယ်။

သူမရဲ့ မိဘတွေက အသက် ၄၀ကျော် မှ သူမကို မွေးဖွား ခဲ့တာဖြစ်ပြီး သူမအရွယ်ရောက်လာတဲ့ အခါမှာတော့ မိဘတွေက အသက်အရွယ်ကြီး လာခဲ့ပါပြီး ။ဒါ့ကြောင့် သူမရဲ့ မိဘနှစ်ပါးစလုံး ကောင်းကောင်း အလုပ်မလုပ်နိုင်တော့ပါဘူး;အဲ့ဒီအခါ သူမအတွက် မိဘတွေ ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဘိလပ်မြေ စက်ရုံမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။သူမမှာ ဒီအလုပ်တစ်ဖက်နဲ့ တက္ကသိုလ်ဆက်တက်ခဲ့ရတာဖြစ်ပါတယ်။ ဒီ အလုပ်ကရတဲ့ ပိုက်ဆံဟာ သူမကျောင်းတက်တဲ့အခါ အသုံးပြုဖို့ အသုံးစရိတ်နဲ့ မိဘတွေ နာမကျန်းဖြစ်တဲ့အခါ ထောက်ပံ့ဖို့ရယ်အတွက်ဖြစ်ပါတယ်

သာမန်မိန်းကလေးတစ်ယောက် မလုပ်နိုင်တဲ့ အလုပ်မျိုး ကို သူမလုပ်ခဲ့ပြီး သူမပုံကို ကြည့်ရင်တော့ အမြဲ ဘိလပ်မြေမှုန့်တွေ ပေပွနေတာကို တွေ့ရမှာဖြစ်ပါတယ်။သူမနဲ့ တန်တူရွယ်တူ မိန်းကလေးတွေကို တွေ့တဲ့အခါ သူမအဖြစ်ကို သူမကြည့်ပြီး မျက်ရည်ကျဖူးတဲ့အချိန်တွေလည်း ရှိခဲ့ပါတယ်။သူမဘွဲ့ရပြီးတဲ့ အခါမှာတော့ ဝင်ငွေကောင်းတဲ့ အလုပ်လေးနဲ့ သူမ ရဲ့ မိသားစုဘဝလေး ကို တိုးတက်ဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

Credit- Win Myint Oo

Add a Comment

Your email address will not be published. Required fields are marked *

nineteen + 13 =