ချစ်သူကောင်မလေး စားဖို့အတွက်ဟင်းတွေကို ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်နေတဲ့ “အောင်ရဲလင်း”

Posted on

ချစ်ပရိတ်သတ်ကြီးရေ သရုပ်ဆောင်အောင်ရဲလင်းကတော့အနုပညာလောကမှာအောင်မြင်မှု့များစွာရရှိခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်နော်။ထောင့်တင်းတဲ့ အမိုက်စားကိုယ်လုံးကြောင့် နုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲဖြစ်နေတယ်ဆိုလဲ မမှားပါဘူးနော်။

ယနေ့တိုင်အောင်အိမ်ထောင်မပြုသေးပေမယ့် အချစ်ရေးပတ်သတ်လို့ပရိတ်သတ်တွေကြားမှာသတင်းတွေထွက်ရှိနေတဲ့အောင်ရဲလင်းကတော့ယနေ့လေးမှာချစ်သူများနေ့တွက်ပြင်ဆင်မှု့လေးတစ်ခုကိုချပြလာခဲ့ပါတယ်။

“တနင်္ဂနွေနေ့ဆိုတာ.. သူမအတွက် Personal Chef တစ်ယောက် ပါပဲ” ဆိုတဲ့စာသားလေး နဲ့အတူ ချစ်သူလေးကို ဟင်းတွေချက်ကြွေးဖို့ကိုယ်တိုင်ဟင်းတွေကြိုးစားချက်နေတဲ့ကြည့်ကောင်းလွန်းနေတဲ့ပုံရိပ်တွေကို ပရိ တ်သတ်တွေထံချပြလာခဲ့ပါတယ်နော်။ ယောကျားလေးတစ်ယောက်ပေမယ့်ချစ်သူအတွက် ကိုယ်တိုင်ချက် ပြုတ်ကျွေးမွေးနေတဲ့ အောင်ရဲလင်းကတော့ တကယ့်ကိုချစ်တတ်သူကြီးတစ်ယောက်ပါပဲနော်..။

Credit