ဗစ္တုိးရီးယား အတြက္ မူႀကဳိကုိ တရားစြဲရန္ အခ်ိန္ေက်ာ္လြန္ သြားသျဖင့္ တရား မစြဲႏုိင္ေတာ့
|ဗစ္တုိးရီးယားအမႈ အတြက္ မူႀကဳိေက်ာင္းကို တရား စြဲရန္ အခ်ိန္ေက်ာ္လြန္ သြားသျဖင့္ တရားစြဲဆုိႏုိင္ျခင္း မရွိေတာ့…
ဗစ္တိုးရီးယား အမႈဟာ စတင္ျဖစ္ပြား ခဲ့တဲ့ ဒီေန႔ ေမလ ၁၆ ရက္ေန႔မွာ တႏွစ္ တင္းတင္း ျပည့္ခဲ့ပါၿပီ။ ကြၽန္ေတာ္တို႔ တိုင္ပင္ ထားခဲ့တဲ့ Time Frame အရ တႏွစ္ မျပည့္ခင္မွာ သမီးေလးကို နစ္နာေစမႈ ျဖစ္ေပၚေစခဲ့တဲ့ Wisdom Hill မူႀကိဳေက်ာင္းကို နစ္နာေစမႈနဲ႔ တရားမမႈအရ တရားစြဲဆိုဖို႔ ရည္႐ြယ္ ထားခဲ့ပါတယ္။
ဒီလို ရည္႐ြယ္ခဲ့ တာကလည္း ေနာက္ေနာင္ မွာ မူႀကိဳေက်ာင္းေတြမွာ ဒီလို အမႈမ်ိဳး ျဖစ္လာခဲ့ရင္ တာဝန္ယူမႈ၊ တာဝန္ခံမႈ ရွိလာေစေရး ဦးတည္ခ်က္ နဲ႔ ျဖစ္ပါတယ္။ ခက္တာက တရားမမႈနဲ႔ စြဲဆိုမယ္ ဆိုရင္ ကာလစည္းကမ္းသတ္ ဥပေဒအရ နစ္နာမႈ ျဖစ္ေပၚခဲ့တဲ့ တႏွစ္အတြင္း စြဲဆို ရမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ အခု ကိုဗစ္ ကာလမွာ တရားစြဲဆိုဖို႔ ဆိုရင္ ကေလး ဖခင္ ခရီးသြားလာဖို႔၊ ေရွ႕ေန ေရွ႕ရပ္ေတြနဲ႔ တိုင္ပင္ဖို႔၊ စတဲ့ လုပ္ငန္းေဆာင္တာ အမ်ိဳးမ်ိဳးကို ေဆာင္႐ြက္ဖို႔ အခက္အခဲ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ အခုေတာ့ Wisdom Hill မူႀကိဳေက်ာင္းကို တရားမမႈနဲ႔ စြဲဆိုဖို႔ ကိစၥသည္ လက္လြတ္ လက္ေလ်ာ့လိုက္ရၿပီျဖစ္ေၾကာင္း ျပည္သူကို အသိေပး တင္ျပပါတယ္။
သကၠမုိးညဳိ
unicode
ဗစ်တိုးရီးယားအမှု အတွက် မူကြိုကျောင်းကို တရား စွဲရန် အချိန်ကျော်လွန် သွားသဖြင့် တရားစွဲဆိုနိုင်ခြင်း မရှိတော့…
ဗစ်တိုးရီးယား အမှုဟာ စတင်ဖြစ်ပွား ခဲ့တဲ့ ဒီနေ့ မေလ ၁၆ ရက်နေ့မှာ တနှစ် တင်းတင်း ပြည့်ခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်ပင် ထားခဲ့တဲ့ Time Frame အရ တနှစ် မပြည့်ခင်မှာ သမီးလေးကို နစ်နာစေမှု ဖြစ်ပေါ်စေခဲ့တဲ့ Wisdom Hill မူကြိုကျောင်းကို နစ်နာစေမှုနဲ့ တရားမမှုအရ တရားစွဲဆိုဖို့ ရည်ရွယ် ထားခဲ့ပါတယ်။
ဒီလို ရည်ရွယ်ခဲ့ တာကလည်း နောက်နောင် မှာ မူကြိုကျောင်းတွေမှာ ဒီလို အမှုမျိုး ဖြစ်လာခဲ့ရင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေရေး ဦးတည်ချက် နဲ့ ဖြစ်ပါတယ်။ ခက်တာက တရားမမှုနဲ့ စွဲဆိုမယ် ဆိုရင် ကာလစည်းကမ်းသတ် ဥပဒေအရ နစ်နာမှု ဖြစ်ပေါ်ခဲ့တဲ့ တနှစ်အတွင်း စွဲဆို ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အခု ကိုဗစ် ကာလမှာ တရားစွဲဆိုဖို့ ဆိုရင် ကလေး ဖခင် ခရီးသွားလာဖို့၊ ရှေ့နေ ရှေ့ရပ်တွေနဲ့ တိုင်ပင်ဖို့၊ စတဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးကို ဆောင်ရွက်ဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ ဒါကြောင့် အခုတော့ Wisdom Hill မူကြိုကျောင်းကို တရားမမှုနဲ့ စွဲဆိုဖို့ ကိစ္စသည် လက်လွတ် လက်လျော့လိုက်ရပြီဖြစ်ကြောင်း ပြည်သူကို အသိပေး တင်ပြပါတယ်။
သက္ကမိုးညို