ချစ်သူများနေ့မှာ ချစ်သူဆီကနေမထင်မှတ်ထားတဲ့အရာနဲ့ တန်ဖိုးထားမြတ်နိုးစွာလက်ထပ်ခွင့်တောင်းခံခြင်းခံလိုက်ရတဲ့ “မြတ်သူသူ”

ပရိသတ်ကြီးရေ မြတ်သူသူကတော့ ပရိသတ်တွေ ရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ရိုးသားဖြူစင်ပြီး အရာရာတိုင်းမှာပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မြတ်သူသူကတော့ သူ့ရဲ့အချစ်ရေးကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားပြီးသားဖြစ်ပါတယ်။

ချစ်သူရှိကြောင်းလည်း ပရိသတ်ကို အတိအလင်းထုတ်ပြထားပြီးသားဖြစ်တဲ့ မြတ်သူသူက ဒီကနေ့မှာတော့ သူမရဲ့ ဝမ်းသာစရာသတင်းကောင်းကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။ မြတ်သူသူက သူမရဲ့ချစ်သူဆီက စိန်လက်စွပ်နဲ့ ပိုက်ဆံအပုံလိုက်ကြီး နဲ့ လက်ထပ်ခွင့်တောင်းခံခဲ့မှုကို လက်ခံခဲ့ပြီလို့ သူမ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ အခုလိုပဲ တင်လာပေးခဲ့တာကို တွေ့ရပါတယ်။

မြတ်သူသူရဲ့ချစ်သူကတော့ တစ်ခုလပ်တစ်ယောက်ဖြစ်ပြီး မြတ်သူသူက သူမရဲ့ ချစ်သူနဲ့ပတ်သက်ပြီးလည်း ပရိသတ်ကို ပွင့်ပွင့်လင်းလင်းအသိပေးထားခဲ့ပြီးပြီပဲဖြစ်ပါတယ်။ မြတ်သူသူတို့ချစ်သူနှစ်ယောက် ထာဝရပျော်ရွှင်စွာလက်တွဲသွားနိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Myat Thu Thu’s fb

zawgyi




Source: Myat Thu Thu’s fb