ပရိသတ်တွေကိုတော့ အချိန်တစ်ခုရောက် ရင်ဖွင့်ပြောပြ သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ လက်ရှိမှာတော့ ဟိန်းဝေယံက “ရတနာပုံ” ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်ရိုက်ကူးနေပြီး သူအတွက် ဒီဇာတ်လမ်းတွဲက ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်တယ်လို့ သိရပါတယ်။ ဇာတ်လမ်းတွဲ အတွက်လည်း သေချာပြင်ဆင်ကာ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
အားပေးကျ တဲ့ ပရိသတ်ကြီးရေ အချစ်ရေး ကို အမြဲတမ်း အေးအေးဆေးဆေးပဲလို့ ပြောတတ်တဲ့ ဟိန်းဝေယံကတော့ ချစ်သူရှိနေပြီလို့ ရင်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအသက်အရွယ် ရောက်ခါကျမှ ရည်းစားမရှိဘူးဆိုတာကို မပြောချင်ဘူးဆိုတဲ့ ဟိန်းဝေယံက ရည်းစားရှိကြောင်းကို ဖွင့်ပြောပြ လိုက်ပြီ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းတွဲ ကို သူ့အနေနဲ့ အရမ်းကြိုက်လို့ လက်ခံဖြစ်တာ ဖြစ်ပြီး အဲ့ဒီဇာတ်လမ်း တွဲမှာ မိုးယံဇွန်၊ ထွန်းကိုကို ၊ ထက်ပိုင်ဦး၊ Kညီ၊ ရတနာဗို၊ အေးဝတ်ရည်သောင်း၊ ဇွန်သံစဉ်၊ ချစ်ကြေးမုံ၊ ရတနာနိုနိုတို့နဲ့အတူ ပါဝင်သ ရုပ်ဆောင် နေတယ်လို့ သိရပါတယ်။
Source : Popular News
zawgyi
Source : Popular News