ချစ်သူများနေ့မှာ ချစ်သူကောင်မလေးရှိနေပြီဖြစ်ကြောင်း တရားဝင်အလင်းပြလိုက်တဲ့ “ဟိန်းမင်းသူ”
မြန်မာနိုင်ငံရဲ့ ဂျက်စတင်ဘီဘာ ဆိုပြီး မိန်းကလေး ပရိသတ်တွေ သည်းသည်းလှုပ်ဝန်းရံအားပေးခြင်းကို ရရှိထားသူကတော့ ဟိန်းမင်းသူပါ။ ယောကျ်ားပီသတဲ့ခန္ဓာကိုယ် နဲ့ ချောမောပြေပြစ်တဲ့မျက်နှာကို ပိုင်ဆိုင်ထားတဲ့ဟိန်းမင်းသူကိုတော့ ခေတ်သမီး ပျိုတော်တော်များများ နှစ်သက်ကြမှာပါ။
လူငယ်လူရွယ်တစ်ယောက်ပီပီ အချစ်ကိုခံစားတတ်တဲ့ ဟိန်းမင်းသူဟာ မနေ့က ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှာတော့ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ ဓာတ်ပုံကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။ ဟိန်းမင်းသူက ချစ်သူများနေ့မှာ သူတို့စုံတွဲပုံကို မျှဝေကာ သူ့ဆီမှာ ချစ်သူရည်းစားရှိကြောင်း အတိအလင်းကြေငြာခဲ့တာပဲဖြစ်ပါတယ်။
ဟိန်းမင်းသူကတော့ သူ့ရဲ့ချစ်သူကောင်မလေးရဲ့ မျက်နှာကို ဖုံးကွယ်ထားတာမို့ ပရိသတ်တွေက ဟိန်းမင်းသူရဲ့ချစ်သူကောင်မလေးပုံကို စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ဟိန်းမင်းသူတို့ချစ်သူနှစ်ယောက် သက်ဆုံးတိုင်လက်တွဲနိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။
Source: Hein Min Thu’s fb
zawgyi
Source: Hein Min Thu’s fb