“သမီးဆိုး” ဇာတ်ကားရိုက်ကွင်းနောက်ကွယ်က အလွဲတွေနဲ့ ပျော်စရာကောင်းခဲ့တဲ့ ဗီဒီယိုလေးကို ပြသလာတဲ့ “ထက်ထက်ထွန်း”

ပရိတ်သတ်ကြီးရေ….ဒါရိုက်တာ မယ်မင်းဘုံ ရိုက်ကူးခဲ့တဲ့ “သမီးဆိုး”ဇာတ်လမ်းတွဲ ကတော့ ပရိသတ်တွေ ရဲ့ အတိုင်းအထက်အလွန်အားပေးမှုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းမွန်သလို ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်တွေရဲ့ တာဝန်ကျေပွန်မှုကြောင့် ပရိသတ် ချစ်ခင်မှုကို ရရှိခဲ့တဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲ ဟာ မှတ်ချက်ကောင်းတွေနဲ့ ဇာတ်သိမ်းသွားခဲ့ပါပြီ။

အထူးသဖြင့် “သမီးဆိုး”ဇာတ်လမ်းတွဲမှာ ရွှေပုံဧရာ ဇာတ်ကောင်နဲ့ ပရိသတ် အားပေးမှုကို ရရှိခဲ့တဲ့ ထက်ထက်ထွန်းဟာ ဒီကနေ့မှာတော့ သူမရဲ့ ရိုက်ကွင်းပေါ်က အလွဲတွေနဲ့ အမှတ်တရတွေကို ပြသလာပါတယ်။ ပရိသတ်ကြီးအတွက် အလွဲတွေနဲ့ ပျော်စရာကောင်းခဲ့တဲ့ “သမီးဆိုး”ဇာတ်လမ်းတွဲ ရိုက်ကွင်း အမှတ်တရ ဗီဒီယိုလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

“သမီးဆိုး”ဇာတ်လမ်းတွဲကတော့ ဇာတ်ကားထဲမှာသာ ပူလောင်နေရပေမယ့် ဖန်သားပြင် နောက်ကွယ်မှာတော့ အလွဲတွေနဲ့ ပျော်စရာကောင်းခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒေါသတွေ နဲ့ ကြည့်ရှုခဲ့ရတဲ့ “သမီးဆိုး”ဇာတ်လမ်းတွဲလေးရဲ့ ရိုက်ကွင်းအမှတ်တရဗီဒီယိုလေးတွေ ပြန်လည် ကြည့်ရှုပြီး စိတ်သက်သာရာရရှိသွားမယ်လို့ ထင်ပါတယ်နော်။

Source: Htet Htet Htun’s fb

zawgyi



