အေျခခံလူတန္းစား မိသားစု တစုကုိ အစုိးရက ဒုတိယအႀကိမ္ ေထာက္ပံ့ ေပးမည္
|ကုိဗစ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ ကုသဆဲကာလတြင္ နိုင္ငံအတြင္း ရွိ အေျခခံလူတန္းစားမ်ား အတြက္ ဒုတိယအႀကိမ္ေထာက္ပံမႈ အျဖစ္ ေငြေၾကးေထာက္ပံ့မည္ျဖစ္ၿပီး အဆိုပါေထာက္ပံ့မႈအတြက္ က်ပ္ဘီလီယံ(၁၀၀)ေက်ာ္ (သန္းတသိန္းေက်ာ္) အသုံးျပဳမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္ သမၼတ႐ုံး ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။
နို္င္ငံေတာ္မွ ပထမအႀကိမ္ေထာက္ပံ့မႈ အျဖစ္ စားေသာက္ကုန္ ဆန္၊ဆီ၊ဆား၊ပဲ၊ၾကက္သြန္မ်ားကို ဝင္ေငြနည္းပါးသည့္ မိသားစုဝင္ေလးသန္းနီးပါးကိုု ေထာက္ပံ့ေပးခဲ့ၿပီး ပထမအႀကိမ္ေထာက္ပံ့မႈ စာရင္းမ်ားအတိုင္း ဒုတိယအႀကိမ္ေငြေၾကးေထာက္ပံ့မႈကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း နိုင္ငံေတာ္ သမၼတ႐ုံး ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးႏွင့္ သတင္းမီဒီယာသမားမ်ားျပဳလုပ္သည့္ အြန္လိိုင္း သတင္းစာရွင္းလင္းပြဲမွ သိရပါတယ္။
“ကိုဗစ္ကာလမွာ ဝင္ေငြနည္းတဲ့မိသားစုေတြ သက္သာေခ်ာင္ခ်ိေအာင္ နိုင္ငံေတာ္က ပထမအႀကိမ္ စားေသာက္ကုန္ေတြ ေထာက္ပံ့သလို ဒုတိအႀကိမ္အျဖစ္ သင့္ေတာ္တဲ့ ေငြေၾကးတစ္ရပ္သတ္မွတ္ၿပီး ေထာက္ပံ့ဖို ့ျပင္ဆင္ေနတယ္။ ႏွစ္ပါတ္/သုံးပါတ္ေလာက္အတြင္း ေထာက္ပံ့ေပးသြားမွာ။ ပထမအႀကိမ္တုန္းက စုစုေပါင္း ဘီလီယံ ငါးဆယ္ေက်ာ္ေလာက္ကုန္ေတာ့ အခု ဒုတိယအႀကိမ္ ႏွစ္ဆေထာက္ပ့ံမွာျဖစ္လို ့ဘီလီယံတစ္ရာေက်ာ္ေလာက္အထိျဖစ္ဖို ့မ်ားတယ္”ဟု နိုင္ငံေတာ္သမၼတ႐ုံး ညႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေျပာပါတယ္။
နို္င္ငံေတာ္မွ ဝင္ေငြနည္းျပည္သူမ်ားကို ပထမအႀကိမ္ အျဖစ္ အေျခခံစားေသာက္ကုန္မ်ား ေထာက္ပံ့ခဲ့ရာ တြင္ ေဒသအလိုက္ မတူေသာေစ်းႏႈန္းမ်ားအရ တစ္အိမ္ေထာင္လၽွင္ ေငြက်ပ္ (၁၈၀၀၀)မွ (၂၀၀၀၀)က်ပ္ ဝန္းက်င္အထိရရွိခဲ့ၿပီး ယခုဒုတိ္ယအႀကိမ္ ေငြေၾကးေထာက္ပံ့ရာ တြင္ တအိမ္ေထာင္လၽွင္ ေငြက်ပ္(၃၅၀၀၀)က်ပ္မွ (၄၀၀၀၀)က်ပ္အထိ ရရွိမွာ ျဖစ္ပါတယ္။
“လာမယ့္ နစ္ပါတ္ သုံးပါတ္ေလာက္ အတြင္း ဒုတိ္ယအႀကိမ္ေထာက္ပံ့မႈစမွာပါ။ ပထမအႀကိမ္တုန္းက ထက္ပိုျပင္ဆင္ ထားပါတယ္။”ဟု ဦးေဇာ္ေဌးက ေျပာပါတယ္။ ပထမအႀကိမ္ေထာက္ပံ့စဥ္က အိမ္ေထာင္စု တစ္စုလၽွင္ ဆန္(၈)ျပည္၊ ဆီ(၅၀)က်ပ္သား၊ ဆား(၅၀)က်ပ္သား၊ ပဲ(၁)ပိသာ၊ ၾကက္သြန္(၁)ပိသာ စသည့္ ငါးမ်ိဳးကို ေထာက္ပံ့ ခဲ့ပါတယ္။
crd : whitesone
unicode
ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသဆဲကာလတွင် နိုင်ငံအတွင်း ရှိ အခြေခံလူတန်းစားများ အတွက် ဒုတိယအကြိမ်ထောက်ပံမှု အဖြစ် ငွေကြေးထောက်ပံ့မည်ဖြစ်ပြီး အဆိုပါထောက်ပံ့မှုအတွက် ကျပ်ဘီလီယံ(၁၀၀)ကျော် (သန်းတသိန်းကျော်) အသုံးပြုမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော်မှ ပထမအကြိမ်ထောက်ပံ့မှု အဖြစ် စားသောက်ကုန် ဆန်၊ဆီ၊ဆား၊ပဲ၊ကြက်သွန်များကို ဝင်ငွေနည်းပါးသည့် မိသားစုဝင်လေးသန်းနီးပါးကို ထောက်ပံ့ပေးခဲ့ပြီး ပထမအကြိမ်ထောက်ပံ့မှု စာရင်းများအတိုင်း ဒုတိယအကြိမ်ငွေကြေးထောက်ပံ့မှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် သတင်းမီဒီယာသမားများပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။
“ကိုဗစ်ကာလမှာ ဝင်ငွေနည်းတဲ့မိသားစုတွေ သက်သာချောင်ချိအောင် နိုင်ငံတော်က ပထမအကြိမ် စားသောက်ကုန်တွေ ထောက်ပံ့သလို ဒုတိအကြိမ်အဖြစ် သင့်တော်တဲ့ ငွေကြေးတစ်ရပ်သတ်မှတ်ပြီး ထောက်ပံ့ဖို့ပြင်ဆင်နေတယ်။ နှစ်ပါတ်/သုံးပါတ်လောက်အတွင်း ထောက်ပံ့ပေးသွားမှာ။ ပထမအကြိမ်တုန်းက စုစုပေါင်း ဘီလီယံ ငါးဆယ်ကျော်လောက်ကုန်တော့ အခု ဒုတိယအကြိမ် နှစ်ဆထောက်ပံ့မှာဖြစ်လို့ဘီလီယံတစ်ရာကျော်လောက်အထိဖြစ်ဖို့များတယ်”ဟု နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
နိုင်ငံတော်မှ ဝင်ငွေနည်းပြည်သူများကို ပထမအကြိမ် အဖြစ် အခြေခံစားသောက်ကုန်များ ထောက်ပံ့ခဲ့ရာ တွင် ဒေသအလိုက် မတူသောဈေးနှုန်းများအရ တစ်အိမ်ထောင်လျှင် ငွေကျပ် (၁၈၀၀၀)မှ (၂၀၀၀၀)ကျပ် ဝန်းကျင်အထိရရှိခဲ့ပြီး ယခုဒုတိယအကြိမ် ငွေကြေးထောက်ပံ့ရာ တွင် တအိမ်ထောင်လျှင် ငွေကျပ်(၃၅၀၀၀)ကျပ်မှ (၄၀၀၀၀)ကျပ်အထိ ရရှိမှာ ဖြစ်ပါတယ်။
“လာမယ့် နစ်ပါတ် သုံးပါတ်လောက် အတွင်း ဒုတိယအကြိမ်ထောက်ပံ့မှုစမှာပါ။ ပထမအကြိမ်တုန်းက ထက်ပိုပြင်ဆင် ထားပါတယ်။”ဟု ဦးဇော်ဌေးက ပြောပါတယ်။ ပထမအကြိမ်ထောက်ပံ့စဉ်က အိမ်ထောင်စု တစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ပဲ(၁)ပိသာ၊ ကြက်သွန်(၁)ပိသာ စသည့် ငါးမျိုးကို ထောက်ပံ့ ခဲ့ပါတယ်။
crd : whitesone