“အခု လတ်တလောမှာ မီတာခတွေမတရားပေးဆောင် ရပြီး မီးကျတော့ ပုံမှန်မပေးတာ နဲ့ပတ်သက်ပြီး ပေါက်ကွဲနေတဲ့ ကိုပေါက် ရဲ့ ဗီဒီယိုဖိုင်”
unicode
မြန်မာနိုင်ငံရဲ့ နာမည်ကျော် ဇာတ်ပို့သမား တစ်ယောက်ဖြစ်တဲ့ ကိုပေါက်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူး ထင်ပါတယ်။ ကိုပေါက်ကတော့ ကာရိုက်တာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ အပြင် သူ့ကိုယ်တိုင်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွေဟာလည်း ရိုက်ကူးမှု ပီပြင်တာကြောင့် ပရိသတ်တွေကလည်း ဒါရိုက်တာကိုပေါက် အဖြစ် အားပေးဝန်းရံမှုကို ရရှိ လာခဲ့တာပဲဖြစ်ပါတယ်။ ကိုပေါက်ကလည်း အပျင်းပြေ ခေတ်စားနေတဲ့ Tik Tokလေးတွေကို ဆော့လေ့ရှိပါတယ်။
ကပ်ဆိုးရောဂါကြောင့် အနုပညာ အလုပ်တွေကို ခေတ္တရပ်နားထားကာ မိသားစုကို အချိန်ပေးရင်းပျေ်ာရွှင်စွာဖြတ်သန်းနေတဲ့သူတစ်ဦးပါပဲနော်။ သူရဲ့ အကြောင်းလေးတွေကို ဝတ္တုလေးတွေရေးကာ အမှတ်တရပုံရိပ်လေးတွေနဲ့ Tik tokဗီဒီယိုလေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ တင်ပေးလေ့ ရှိပါတယ်။ ကိုပေါက်ကတော့ “သမီး မခံနိုင်လို့ ပြောလိုက်မိတယ်”လို့ဆိုကာ မီတာခကျတော့ မတရားတွေပေးဆောင်ရပြီ မီးကျတော့ ပုံမှန်မပေးတဲ့ EPCသမားတွေကို tik tokဗီဒီယိုလေးရိုက်ကာ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့ တာပဲဖြစ်ပါတယ်။
ပရိသတ်တွေ အတွက် ကိုပေါက် ရဲ့ ဗီဒီယိုဖိုင်လေး ကို ပြန်လည်ပြီးမျှဝေပေး လိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ဗီဒီယိုဖိုင်လေး ကို ကြည့်ပြီး သဘောကျနှစ်သက်မယ် လို့ထင်ပါတယ်။
Soure…Aung Min Naing’s Facebook