ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်ဖြစ်လာပြီ၊ မြန်မာနိုင်ငံ ကို သက်ရောက်မည့် အခြေအနေ ထုတ်ပြန်
မိုးဇလ အကြံပြုချက်…
unicode
မုန်တိုင်းငယ်မှ ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန် (AMPHAN) အဖြစ် ရောက်ရှိ၊ မြန်မာနိုင်ငံ ကို သက်ရောက်မည့် အခြေအနေ မိုးဇလထုတ်ပြန်…
၁။ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် သိသိသာသာ ရွေ့လျားခြင်းမရှိဘဲ၊ ပိုမိုအားကောင်း လာကာ ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။
ဆိုင်ကလုန်း မုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်း ဖြစ် ပါသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကတော့ ဆိုင်က လုန်းမုန်တိုင်း အမ်ဖန် အရှိန်ကြောင့် မြန်မာနိုင်ငံမှာ မိုးသက်လေပြင်းကျတာ၊ မိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်၊၊
မုန်တိုင်း အဝန်းအဝိုင်း အားကောင်းတဲ့ အတွက် မြန်မာနိုင်ငံရဲ့ကမ်းရိုးတန်းတွေမှာ မုန်တိုင်းတိုက်ရိုက်မကျပေမယ့် ကမ်းနီးကမ်းဝေးတွေမှာ မိုးသက်လေပြင်းတွေကျနိုင်ပါတယ်လို့ ဆိုပါတယ်၊၊ အဲဒီမုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်ဘက်ကို ဦးတည်နေပေမယ့် အရှေ့မြောက်ဘက်ကိုပြန်ကွေ့လာနိုင်တဲ့ အတွက် မြန်မာနိုင်ငံအနေနဲ့ သတိတော့ထားရမယ်လို့ သူကဆိုပါတယ်၊၊
မုန်တိုင်းနဲ့အတူ မြန်မာနိုင်ငံ ကို အနောက်တောင်မုတ်သုန်လေလည်း ဝင်လာနိုင်ခြေရှိတယ်လို့ သိရပါတယ်၊၊
နောက် (၃၆) နာရီအတွင်း ခန့်မှန်းချက်…
၃။ (က) အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်သည် (၁၇.၅.၂၀၂၀) ရက်နေ့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) အန်ဖန် အဖြစ်သို့လည်းကောင်း၊ (၁၈.၅.၂၀၂၀) ရက်နေ့တွင်အားအလွန်ကောင်းသော ဆိုင် ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) အမ်ဖန် အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး၊ ကနဦးတွင် မြောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားပြီးနောက် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။
မိုးဇလ သတိပေးနှိုးဆော်ချက်…
၄။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အမ်ဖန် (AMPHAN) ၏ အရှိန်ကြောင့် ယနေ့ညပိုင်းမှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင် ပါသည်။
မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီ လျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုး တန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါသည်။
မိုးဇလ အကြံပြုချက်…
၅။ (က) အဆိုပါ ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော် အပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Add a Comment
Your email address will not be published. Required fields are marked *
six − three =