မော်လ်ဒိုက် မှာ ရိုက်ကူးထားခဲ့တဲ့ အမိုက်စားပုံလေးတွေ ကို မျှဝေလာခဲ့တဲ့ အဆိုတော် “မိစန္ဒီ”

Posted on

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ Rapper လောကမှာ အောင်မြင်တဲ့ မိန်းကလေး Rapper အဆိုတော်မလေး တစ်ယောက်အနေနဲ့ရပ်တည်နေတဲ့သူကတော့ မိစန္ဒီပဲဖြစ်ပါတယ်။ မိစန္ဒီကတော့ တေးစီးရီးအယ်လ်ဘမ်တွေရော Single Song တွေရောထွက်ရှိထားပြီး ပရိသတ်တွေရဲ့ အချစ်တွေကို များစွာရရှိ ထားပါသေးတယ်။

အသဲကွဲသီချင်းတွေနဲ့ ဈေးဗန်းခင်းတဲ့သီချင်းတွေကို သီဆိုခဲ့တဲ့ မိစန္ဒီကတော့ မကြာသေး ခင်က အိမ်ထောင်ပြု ခဲ့ပြီး ချစ်ခင်ပွန်းနဲ့ ချစ်စခင်စ ခရီးတွေထွက်ပြီး ဖြတ်သန်းနေခဲ့ပါတယ်။ ပြည်တွင်းမှာသာမက ပြည်ပခရီးစဉ်တွေလည်းထွက်ခဲ့ပြီး နာမည်ကြီးကမ်းခြေတစ်ခုဖြစ်တဲ့ မော်လ်ဒိုက်ကမ်းခြေကိုလည်းသွားရောက်ခဲ့ ပါသေးတယ်။

မိစန္ဒီကတော့ မနေ့တော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ သူ့ရဲ့ ပရိသတ်တွေအတွက် ” မမြင်နိုင်တဲ့ ညှို့ငင်အားနဲ့ ပင်လယ်က ငါ့ကို ကစားတယ် ” ဆိုတဲ့စာသားလေးနဲ့အတူ မော်လ်ဒိုက်မှာရိုက်ကူးခဲ့တဲ့ ပုံလေးတွေကို မျှဝေဖော်ပြလာခဲ့ပါတယ်။ပရိသတ်ကြီးရေ Maldivesမှာရိုက်ကူးထားခဲ့တဲ့ မိစန္ဒီရဲ့ အမိုက်သားပုံတွေ ကို မျှဝေ လိုက်ပါတယ်။

Source – Mi Sandi,Chilli – CeleZone

zawgyi



