ဒီကနေ့၊ နေ့လည် (၁၂)နာရီခန့်တွင် သင်္ကန်းကျွန်းစံပြဆေးရုံမှာ နှလုံးရောဂါဖြင့်ကွယ်လွန်သွားပြီဖြစ်တဲ့ “သီဟတင်စိုး”

Posted on

မြန်မာရုပ်ရှင်လောကမှာ အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး ကတော့ ပရိသတ်တွေ အားပေးတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။သူ့ရဲ့ ဖိုင်တင်ခန်းတွေကိုတော့ ပရိသတ်တွေက အခုထိအမှတ်ရနေကြဦးမှာပါ။ သူဟာဆိုရင် ရုပ်ရှင်လောက မှာ သရုပ်ဆောင်အဖြစ်လည်းကောင်း ၊ ဒါရိုက်တာ တစ်ဦးအဖြစ် လည်းကောင်းကျရာ ဘဝမှာ ကျင်လည်ခဲ့လည်းဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သီဟတင်စိုးဟာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။

သီဟတင်စိုးရဲ့ နာရေးအကြောင်းကို “21-2-2023 ဝမ်းနည်းကြေကွဲရခြင်း.. ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်း သိရလို့ ကျန်ရစ်သူမိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်း ဖြစ်ရပါတယ်။ သွားနှင့်တော့ ကိုသီဟရေ။ အကိုနဲ့ ချိန်းထားတာတောင် မတွေ့ဆုံရတော့ဘူးပေါ့။ ကောင်းရာသုဂတိလားပါစေ ။ ပြုမိသမျှ ကုသိုလ် အမျှဝေလိုက်ပါတယ်။ သာဓုခေါ်ပါ အကို။ #ဝေဠုကျော်” ဆိုပြီး ဝေဠုကျော်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။

သီဟတင်စိုးရဲ့ ဇနီး သရုပ်ဆောင် ဇင်မာဦးကတော့ ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ် မတ်လ (၁၁) ရက်နေ့က ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သီဟတင်စိုးက သူ့ရဲ့ဇနီး ကွယ်လွန်ခြင်း (၂) နှစ်ပြည့်ခါနီးမှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကချစ်တဲ့ မင်းသားကြီး သီဟတင်စိုး ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

Source: Thiha Tin Soe’s fb

zawgyi

ျမန္မာ႐ုပ္ရွင္ေလာကမွာ အကယ္ဒမီ သ႐ုပ္ေဆာင္ သီဟတင္စိုး ကေတာ့ ပရိသတ္ေတြ အားေပးတဲ့ အႏုပညာရွင္တစ္ဦး ျဖစ္ပါတယ္။သူ႔ရဲ႕ ဖိုင္တင္ခန္းေတြကိုေတာ့ ပရိသတ္ေတြက အခုထိအမွတ္ရေနၾကဦးမွာပါ။ သူဟာဆိုရင္ ႐ုပ္ရွင္ေလာက မွာ သ႐ုပ္ေဆာင္အျဖစ္လည္းေကာင္း ၊ ဒါ႐ိုက္တာ တစ္ဦးအျဖစ္ လည္းေကာင္းက်ရာ ဘဝမွာ က်င္လည္ခဲ့လည္းျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ သီဟတင္စိုးဟာ ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ၿပီလို႔ သိရပါတယ္။

သီဟတင္စိုးရဲ႕ နာေရးအေၾကာင္းကို “21-2-2023 ဝမ္းနည္းေၾကကြဲရျခင္း.. ထပ္ဆင့္အကယ္ဒမီ ကိုသီဟတင္စိုး ႏွလုံးေရာဂါနဲ႔ ယေန႔ကြယ္လြန္သြားေၾကာင္း သိရလို႔ က်န္ရစ္သူမိသားစုဝင္ေတြနဲ႔အတူ အထူးဝမ္းနည္းစိတ္မေကာင္း ျဖစ္ရပါတယ္။ သြားႏွင့္ေတာ့ ကိုသီဟေရ။ အကိုနဲ႔ ခ်ိန္းထားတာေတာင္ မေတြ႕ဆုံရေတာ့ဘူးေပါ့။ ေကာင္းရာသုဂတိလားပါေစ ။ ျပဳမိသမွ် ကုသိုလ္ အမွ်ေဝလိုက္ပါတယ္။ သာဓုေခၚပါ အကို။ #ေဝဠဳေက်ာ္” ဆိုၿပီး ေဝဠဳေက်ာ္က သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေျပာလာပါတယ္။

သီဟတင္စိုးရဲ႕ ဇနီး သ႐ုပ္ေဆာင္ ဇင္မာဦးကေတာ့ ၿပီးခဲ့တဲ့ (၂၀၂၁) ခုႏွစ္ မတ္လ (၁၁) ရက္ေန႔က ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး သီဟတင္စိုးက သူ႔ရဲ႕ဇနီး ကြယ္လြန္ျခင္း (၂) ႏွစ္ျပည့္ခါနီးမွာပဲ ဆုံးပါးသြားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြကခ်စ္တဲ့ မင္းသားႀကီး သီဟတင္စိုး ေကာင္းရာမြန္ရာဘုံဘဝကို ေရာက္ရွိပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္ေနာ္။

Source: Thiha Tin Soe’s fb