Covid-19 နဲ႕ဆက္ႏြယ္ေန တဲ့ ရွားပါးေရာဂါ တစ္မ်ဳိး ကေလးေတြ မွာ ျဖစ္ပြားေန

ေက်ာင္းေတြသာဖြင့္ေတာ့မယ္ ဆိုရင္ မိဘေတြ သိထားသင့္တာေလးေတြ ေရးေပးဖို႔လိုလာပါၿပီ။ အခုတေလာ Covid-19 နဲ႔ဆက္ႏြယ္တဲ့ေရာဂါတစ္မ်ိဳး ကေလးေတြမွာေတြ႕ေနရပါတယ္။ PIMS ေရာဂါပါ။

PIMS ေရာဂါ လကၡဏာမ်ား…

PIMS (paediatric inflammatory multisystem syndrome) လို႔ေခၚတဲ့ ေရာဂါဟာ Kawasaki ကာဝါဆာကီေရာဂါ၊ Toxic shock ေရာဂါေတြနဲ႔ ေရာဂါလကၡဏာေတြဆင္တူတာေတြရွိပါတယ္။ အဲ့လိုတူညီတဲ့ လကၡဏာေတြကေတာ့ ကိုယ္ပူတက္တာ၊ အေရျပားေပၚမွာ အနီကြက္ထၿပီးယားယံတာ၊ ဂလင္းေတြေယာင္ရမ္းတာ၊ အရမ္းဆိုး တဲ့ Case ေတြမွာ ႏွလုံးေယာင္ရမ္းတာအထိ ျဖစ္ႏိုင္ပါတယ္။

Kawasaki Disease patients

Kawasaki ေရာဂါလကၡဏာ ဆိုတာဘာေတြလဲ…

အင္မတန္ျဖစ္ေတာင့္ျဖစ္ခဲေရာဂါ မို႔ သိပ္ မစိုးရိမ္ၾကပါနဲ႔။ ကေလးေတြမွာ Strawberry tongue လို႔ေခၚတဲ့ လွ်ာနီေနတာကို ေတြ႕ရတတ္ပါတယ္။ အသက္ ၅ ႏွစ္ေအာက္ကေလးေတြမွာ အဓိကေတြ႕ရေလ့ရွိပါတယ္။ ေစာေစာသိၿပီး ျမန္ျမန္ကုသလိုက္တာနဲ႔ ကေလးေတြဟာ ရက္အနည္းငယ္ အတြင္း မွာ ျပန္ေကာင္းသြားေလ့ရွိပါတယ္။ ကေလးတကိုယ္လုံးက ေသြးေၾကာေတြေရာင္ရမ္းၿပီး အဖ်ားတက္မယ္။ ေရာဂါက ၃ ဆင့္ရွိၿပီး ကိုယ္ပူမက်တာက ပထမဆုံးေရာဂါလကၡဏာပါ။ ကိုယ္ပူမက်တာ အနည္းဆုံး ၅ ရက္ေလာက္ၾကာမယ္။

တျခားလကၡဏာေတြကေတာ့.. သရဲမ်က္လုံးလိုနီမယ္။ ႏုတ္ခမ္းေတြ နီမယ္၊ ကြဲမယ္၊ ေျခာက္မယ္။ strawberry tongue လို လွ်ာေပၚမွာအနီဖုေတြထမယ္။ လည္ေခ်ာင္းနာမယ္။ လက္ဖဝါး ေျခဖဝါးေတြ ေရာင္ၿပီး ခရမ္းနီေရာင္ထလာမယ္။ လည္ေခ်ာင္းဂလင္းေတြေရာင္လာမယ္။

ဒုတိယအဆင့္ဟာ အဖ်ားစတက္ၿပီး ၂ ပတ္အၾကာမွာ စျဖစ္ေလ့ ရွိတယ္။ လက္နဲ႔ေျခေထာက္ေပၚက အေရျပားေတြကြာမယ္။ အဆစ္ေတြနာမယ္။ ဝမ္းေလွ်ာမယ္။ အန္မယ္။ ဗိုက္ႂကြက္သားေတြနာမယ္။

ဘာေၾကာင့္ျဖစ္တာလဲ…

အခုခ်ိန္အထိ ဘာေၾကာင့္ျဖစ္တယ္ဆိုတာမသိေသးဘူး။ တေယာက္နဲ႔ တေယာက္မကူးဘူး။ အခု Covid ကာလမွာ ကေလးေတြမွာေတြ႕ရတာ။ က်ေနာ့္အထင္ Covid-19 ဟာ ေသြးေၾကာေတြေရာင္ရမ္းမႈျဖစ္ေစတာမို႔ Kawasaki နဲ႔ လကၡဏာဆင္တူတာေတြ႕ရတာလို႔ ထင္ပါတယ္။

ကမာၻ႕က်န္းမာေရးအဖြဲ႕ WHO က စတင္သတိေပးၿပီ…

အခုအခ်ိန္မွာ ဒီေရာဂါကိုသတိထားဖို႔ WHO က ႏိုင္ငံ အသီးသီးကို သတိေပးလိုက္ပါတယ္။ မေန႔က WHO က ဒီေရာဂါရဲ႕ ေရာဂါလကၡဏာေတြကို သတ္မွတ္ရာမွာ အခု Covid-19 ကာလမွာ ပိုၿပီးေတြ႕ရတယ္ဆိုေပမယ့္ Covid-19 positive မျဖစ္တဲ့ကေလးေတြမွာလည္း ေတြ႕ရတယ္လို႔ဆိုပါတယ္။ အခုအခ်ိန္ထိ ဒီေရာဂါအေၾကာင္းကို WHO ကလည္း ေသေသခ်ာခ်ာ မသိေသးပါဘူး။

အခုထိ ကမာၻအႏွံ႔ျဖစ္ထား သမွ်ကေတာ့…

🇫🇷 ျပင္သစ္ – ၿပီးခဲ့တဲ့ အပတ္က Marseille မွာ 9 ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ ဟာ Kawasaki ေရာဂါလကၡဏာနဲ႔ ဆင္တဲ့ေရာဂါနဲ႔ ေသဆုံးသြားပါတယ္။ သူဟာကို႐ိုနာဗိုင္းရပ္စ္နဲ႔ ထိေတြ႕ခဲ့ေပမယ့္ Covid-19 ေရာဂါလကၡဏာမခံစားရေသးပါဘူး။ အဲ့ဒီကေလးဟာ ကိုယ္ေတြနီရဲၿပီး အပူတက္လို႔ ေဆး႐ုံတက္တယ္။ ေနာက္ေတာ့အိမ္ျပန္တယ္။ အိမ္မွာ ျပင္းထန္တဲ့ႏွလုံးေရာဂါခံစားရၿပီး ေဆး႐ုံက ICU မွာ ဆုံးတယ္။

ျပင္သစ္ကဆရာဝန္ေတြ က ဧၿပီ 17 ကေန ေမလ 7 ရက္ေန႔အၾကား 2 ပတ္ကာလအတြင္း အဲ့လို Kawasaki နဲ႔ဆင္တဲ့ ေရာဂါလကၡဏာနဲ႔ ကေလး 17 ေယာက္ ပဲရစ္ေဆး႐ုံကိုေရာက္လာတယ္။

ျပင္သစ္မွာခ်ည္းပဲ မတ္လ 1 ရက္ေန႔ကေန ေမလ 12 ၾကားမွာ ကေလး 125 ေယာက္မွာ ဒီေရာဂါနဲ႔ ဆင္တဲ့ လကၡဏာကို ေတြ႕ရၿပီး 1 ႏွစ္ကေန 14 ႏွစ္အထိ ေတြ႕ရပါသတဲ့။

🇬🇧 ယူေကႏိုင္ငံ လန္ဒန္ေဆး႐ုံ မွာ အသက္ 14 ႏွစ္အ႐ြယ္ကေလးတစ္ေယာက္ဟာ က်န္းက်န္းမာမာႀကီးကေန Covid-19 positive ျဖစ္ၿပီး ေသဆုံးသြားတယ္။ ယူေကမွာလည္း ကေလး 100 ေလာက္မွာ ေတြ႕ရပါတယ္တဲ့။

ကို႐ိုနာဗိုင္းရပ္စ္ကို ကိုယ္ခႏ ၶာရဲ႕ ခုခံအားက တုန႔္ျပန္မႈေႏွးၿပီး ျဖစ္တယ္လို႔ ထင္ၾကတယ္။ (delayed immune response to virus) သို႔ေသာ္လည္း အဆုတ္နဲ႔ အသက္ရႈရခက္တဲ့ ျပႆနာေတာ့ မတက္ဘူးတဲ့။ ကေလး 7 ေယာက္ကိုေတာ့ ႏွလုံးနဲ႔ ေသြးလည္ပတ္တာ ကိုကူညီဖို႔ ventilator တင္ခဲ့သတဲ့။

🇺🇸 အေမရိကန္ျပည္ေထာင္စု နယူးေယာက္ျပည္နယ္မွာ ကေလး 3 ေယာက္ေသထားၿပီးေတာ့ case 100 ေလာက္က ဒီေရာဂါနဲ႔ ဆိုင္မဆိုင္ စုံစမ္းစစ္ေဆးေနတယ္။

မတ္လကတည္းက က်ေနာ္စုေဆာင္းထားတဲ့ သတင္း အတိုအထြာမ်ားအရ ေလ့လာမႈ 18 ခုမွာ ကေလးေပါင္း 1065 ေယာက္မွာ ဒီေရာဂါလကၡဏာကို ေတြ႕ရပါတယ္။

ဒီေရာဂါလကၡဏာနဲ႔ Covid-19 ဟာ ဆက္ႏြယ္ၿပီး ျဖစ္ တာမို႔ ကေလးေတြမွာ အခုလိုလကၡဏာစေတြ႕တာနဲ႔ Covid-19 ကို သတိထားသင့္ပါတယ္။ ကေလးရဲ႕အဆုတ္ဟာ ေလကိုရႈသြင္းဖို႔ လုံးပမ္းရမယ္။ အဲ့ဒီအခ်ိန္မွာ ေသြးထဲမွာ ေအာက္ဆီဂ်င္ပမာဏေလ်ာ့က်လာၿပီး ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ပမာဏျမင့္တက္လာကာ ေသြးေၾကာေတြ ကို ေယာင္ရမ္းေစပါတယ္။ အဲ့မွာ Toxic shock မွာလိုပဲ ေသြးလည္ပတ္မႈ ေလ်ာ့က်ၿပီး ေသြးထဲကမလိုအပ္တာေတြမဖယ္ထုတ္ႏိုင္ပဲ ေက်ာက္ကပ္ျပႆနာတက္ႏိုင္ပါတယ္။

ေမြးစ နာရီ 30 ပဲရွိေသးတဲ့ကေလးမွာ သူ႔အေမဆီက ေရာဂါ ကူးၿပီး အသက္ရႈရနည္းနည္းခက္တဲ့ ျပႆနာတက္ဖူးပါတယ္တဲ့။ 17 ရက္သားကေလးမွာ Covid-19 ေၾကာင့္ အန္ၿပီးအေၾကာေဆးသြင္းခဲ့ရဖူးပါတယ္။ ေနာက္အေရးႀကီးတဲ့ ေရာဂါလကၡဏာတစ္ခုကို တဆက္တည္းထည့္ေရးေပးပါမယ္။ COVID Toes လို႔ေခၚ ပါတယ္။

COVID Toes and fingers ကိုဗစ္ေျခေခ်ာင္း လက္ေခ်ာင္း ဆိုတာဘာလဲ…

ကေလးအေရျပားဆရာဝန္ေတြဟာ ကေလးေတြ ရဲ႕ ေျခေခ်ာင္း လက္ေခ်ာင္းကေလးေတြမွာ နီညိဳေရာင္အကြက္ေလးေတြေတြ႕ရပါတယ္။ အမွတ္တမဲ့ၾကည့္ရင္ ခိုက္မိသလိုလို ႏွင္းကိုက္သလိုလိုျဖစ္ေနပါတယ္။သူတို႔ႏိုင္ငံေတြမွာ ေဆာင္းတြင္းမွာ ႏွင္းကိုက္ၿပီးျဖစ္တတ္ပါတယ္။ ကေလးေတြ ရဲ႕ေသြးေၾကာမွ်င္ေလးေတြဟာ ေသြးဖိ​အားနဲ႔ က်ယ္လာၿပီး အခုလိုေရာင္ရမ္းလာပါတယ္တဲ့။

ပထမဆုံး Covid Toes case က အီတလီ မွာ မတ္လထဲမွာ စၿပီးေတြ႕ပါတယ္။ ကေလးေတြရဲ႕ ေျခေခ်ာင္းလက္ေခ်ာင္းကေလးေတြဟာ ခိုက္မိသလို နီညိဳေရာင္အကြက္ေလးေတြျဖစ္ၿပီး နာက်င္တယ္ေပါ့။ ေနာက္ပိုင္းအျဖစ္မ်ားလာေတာ့မွ Covid-19 ေရာဂါနဲ႔ဆက္ႏြယ္မႈရွိတဲ့ ေရာဂါလကၡဏာ တစ္ခုပဲလို႔ သိလာၿပီး Covid Toes လို႔ေခၚၾကပါတယ္။

အဲ့ဒီေတာ့ အခ်ဳပ္ျပန္ ဆိုရရင္…

အရင္ကေတာ့ ကေလးငယ္ေတြ မွာ Covid ျဖစ္ရင္ ေသႏႈန္းမရွိဘူးလို႔ ေျပာခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေသတဲ့ case ေတြ အနည္းငယ္ၾကားလာရပါတယ္။ ဒီ PIMS ေရာဂါလကၡဏာေတြဟာ Covid-19 နဲ႔ ဆက္ႏြယ္ၿပီးျဖစ္ေနတာမို႔ မိဘေတြသိထားရန္ ေရးသား လိုက္ပါတယ္။

PIMS ေရာဂါ လကၡဏာတစ္ခုခုေတြ႕တိုင္းေတာ့ Covid-19 ကေလးမွာျဖစ္ေနၿပီလို႔ ပုံေသေျပာမရပါခင္ဗ်ား။ သို႔ေသာ္ ဒါမ်ိဳးေတြ႕ရင္ Covid-19 နဲ႔ ဆက္စပ္တတ္တယ္ဆိုတာကို သိထားေစခ်င္လို႔ရယ္ ကာဝါဆာကီေရာဂါဆိုတာ ဘာလဲ အၾကမ္းဖ်င္း ဗဟုသုတအေနနဲ႔ သိထားေစခ်င္လို႔ရယ္ ေရးသားေပး လိုက္ပါတယ္။

PIMS ဟာ ကာဝါဆာကီေရာဂါနဲ႔ ေရာဂါ လကၡဏာဆင္တာပဲျဖစ္ပါတယ္။ မတူပါ။ ဆင္တဲ့လကၡဏာေတြသိေစဖို႔ ကာဝါဆာကီေရာဂါကို ဗဟုသုတရရွိေစဖို႔ ရွင္းျပခဲ့တာပါ။ အခု Covid Toes ကို တဆက္တည္းရွင္းျပလိုက္ရတာကလည္း ဒါမ်ိဳးေတြ႕ရင္ Covid-19 နဲ႔ဆက္စပ္တတ္ေၾကာင္း သိထားေစ ဖို႔ ျဖစ္ပါတယ္။

အခုထိျဖစ္ပြားမႈနည္းပါေသးတယ္။ သိစ ကတည္းက က်ေနာ္ေလ့လာေနခဲ့ၿပီး ျဖစ္ပြားမႈနည္းလို႔ မေရးခဲ့တာပါ။ မေန႔ကမွ WHO ကသတိေပးလာၿပီမို႔ ေရးသားလိုက္ျခင္းျဖစ္ပါတယ္။

ကေလးငယ္ေတြဟာ ႏုနယ္တာမို႔ ဘာပဲျဖစ္ျဖစ္ တစ္ခုခု ဆိုရင္ ကေလးအထူးကု နဲ႔ တိုင္ပင္သင့္ၿပီး Covid-19 လူနာနဲ႔ ထိေတြ႕ႏိုင္ေျခရွိမရွိပါ တခါတည္း ေျပာျပေပးဖို႔ လိုအပ္ပါတယ္ခင္ဗ်ား။

ကေလးငယ္အေပါင္း Covid-19 ကပ္ကို ေဘးအႏၲရာယ္ ကင္းရွင္းစြာျဖင့္ ေက်ာ္ျဖတ္ႏိုင္ၾကပါေစ။

Richard Myo Thant
16-May-2020

unicode

ကျောင်းတွေသာဖွင့်တော့မယ် ဆိုရင် မိဘတွေ သိထားသင့်တာလေးတွေ ရေးပေးဖို့လိုလာပါပြီ။ အခုတလော Covid-19 နဲ့ဆက်နွယ်တဲ့ရောဂါတစ်မျိုး ကလေးတွေမှာတွေ့နေရပါတယ်။ PIMS ရောဂါပါ။

PIMS ရောဂါ လက္ခဏာများ…

PIMS (paediatric inflammatory multisystem syndrome) လို့ခေါ်တဲ့ ရောဂါဟာ Kawasaki ကာဝါဆာကီရောဂါ၊ Toxic shock ရောဂါတွေနဲ့ ရောဂါလက္ခဏာတွေဆင်တူတာတွေရှိပါတယ်။ အဲ့လိုတူညီတဲ့ လက္ခဏာတွေကတော့ ကိုယ်ပူတက်တာ၊ အရေပြားပေါ်မှာ အနီကွက်ထပြီးယားယံတာ၊ ဂလင်းတွေယောင်ရမ်းတာ၊ အရမ်းဆိုး တဲ့ Case တွေမှာ နှလုံးယောင်ရမ်းတာအထိ ဖြစ်နိုင်ပါတယ်။

Kawasaki Disease patients

Kawasaki ရောဂါလက္ခဏာ ဆိုတာဘာတွေလဲ…

အင်မတန်ဖြစ်တောင့်ဖြစ်ခဲရောဂါ မို့ သိပ် မစိုးရိမ်ကြပါနဲ့။ ကလေးတွေမှာ Strawberry tongue လို့ခေါ်တဲ့ လျှာနီနေတာကို တွေ့ရတတ်ပါတယ်။ အသက် ၅ နှစ်အောက်ကလေးတွေမှာ အဓိကတွေ့ရလေ့ရှိပါတယ်။ စောစောသိပြီး မြန်မြန်ကုသလိုက်တာနဲ့ ကလေးတွေဟာ ရက်အနည်းငယ် အတွင်း မှာ ပြန်ကောင်းသွားလေ့ရှိပါတယ်။ ကလေးတကိုယ်လုံးက သွေးကြောတွေရောင်ရမ်းပြီး အဖျားတက်မယ်။ ရောဂါက ၃ ဆင့်ရှိပြီး ကိုယ်ပူမကျတာက ပထမဆုံးရောဂါလက္ခဏာပါ။ ကိုယ်ပူမကျတာ အနည်းဆုံး ၅ ရက်လောက်ကြာမယ်။

တခြားလက္ခဏာတွေကတော့.. သရဲမျက်လုံးလိုနီမယ်။ နုတ်ခမ်းတွေ နီမယ်၊ ကွဲမယ်၊ ခြောက်မယ်။ strawberry tongue လို လျှာပေါ်မှာအနီဖုတွေထမယ်။ လည်ချောင်းနာမယ်။ လက်ဖဝါး ခြေဖဝါးတွေ ရောင်ပြီး ခရမ်းနီရောင်ထလာမယ်။ လည်ချောင်းဂလင်းတွေရောင်လာမယ်။

ဒုတိယအဆင့်ဟာ အဖျားစတက်ပြီး ၂ ပတ်အကြာမှာ စဖြစ်လေ့ ရှိတယ်။ လက်နဲ့ခြေထောက်ပေါ်က အရေပြားတွေကွာမယ်။ အဆစ်တွေနာမယ်။ ဝမ်းလျှောမယ်။ အန်မယ်။ ဗိုက်ကြွက်သားတွေနာမယ်။

ဘာကြောင့်ဖြစ်တာလဲ…

အခုချိန်အထိ ဘာကြောင့်ဖြစ်တယ်ဆိုတာမသိသေးဘူး။ တယောက်နဲ့ တယောက်မကူးဘူး။ အခု Covid ကာလမှာ ကလေးတွေမှာတွေ့ရတာ။ ကျနော့်အထင် Covid-19 ဟာ သွေးကြောတွေရောင်ရမ်းမှုဖြစ်စေတာမို့ Kawasaki နဲ့ လက္ခဏာဆင်တူတာတွေ့ရတာလို့ ထင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စတင်သတိပေးပြီ…

အခုအချိန်မှာ ဒီရောဂါကိုသတိထားဖို့ WHO က နိုင်ငံ အသီးသီးကို သတိပေးလိုက်ပါတယ်။ မနေ့က WHO က ဒီရောဂါရဲ့ ရောဂါလက္ခဏာတွေကို သတ်မှတ်ရာမှာ အခု Covid-19 ကာလမှာ ပိုပြီးတွေ့ရတယ်ဆိုပေမယ့် Covid-19 positive မဖြစ်တဲ့ကလေးတွေမှာလည်း တွေ့ရတယ်လို့ဆိုပါတယ်။ အခုအချိန်ထိ ဒီရောဂါအကြောင်းကို WHO ကလည်း သေသေချာချာ မသိသေးပါဘူး။

အခုထိ ကမ္ဘာအနှံ့ဖြစ်ထား သမျှကတော့…

🇫🇷 ပြင်သစ် – ပြီးခဲ့တဲ့ အပတ်က Marseille မှာ 9 နှစ်အရွယ်ကလေးတစ်ယောက် ဟာ Kawasaki ရောဂါလက္ခဏာနဲ့ ဆင်တဲ့ရောဂါနဲ့ သေဆုံးသွားပါတယ်။ သူဟာကိုရိုနာဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့ပေမယ့် Covid-19 ရောဂါလက္ခဏာမခံစားရသေးပါဘူး။ အဲ့ဒီကလေးဟာ ကိုယ်တွေနီရဲပြီး အပူတက်လို့ ဆေးရုံတက်တယ်။ နောက်တော့အိမ်ပြန်တယ်။ အိမ်မှာ ပြင်းထန်တဲ့နှလုံးရောဂါခံစားရပြီး ဆေးရုံက ICU မှာ ဆုံးတယ်။

ပြင်သစ်ကဆရာဝန်တွေ က ဧပြီ 17 ကနေ မေလ 7 ရက်နေ့အကြား 2 ပတ်ကာလအတွင်း အဲ့လို Kawasaki နဲ့ဆင်တဲ့ ရောဂါလက္ခဏာနဲ့ ကလေး 17 ယောက် ပဲရစ်ဆေးရုံကိုရောက်လာတယ်။

ပြင်သစ်မှာချည်းပဲ မတ်လ 1 ရက်နေ့ကနေ မေလ 12 ကြားမှာ ကလေး 125 ယောက်မှာ ဒီရောဂါနဲ့ ဆင်တဲ့ လက္ခဏာကို တွေ့ရပြီး 1 နှစ်ကနေ 14 နှစ်အထိ တွေ့ရပါသတဲ့။

🇬🇧 ယူကေနိုင်ငံ လန်ဒန်ဆေးရုံ မှာ အသက် 14 နှစ်အရွယ်ကလေးတစ်ယောက်ဟာ ကျန်းကျန်းမာမာကြီးကနေ Covid-19 positive ဖြစ်ပြီး သေဆုံးသွားတယ်။ ယူကေမှာလည်း ကလေး 100 လောက်မှာ တွေ့ရပါတယ်တဲ့။

ကိုရိုနာဗိုင်းရပ်စ်ကို ကိုယ်ခန ္ဓာရဲ့ ခုခံအားက တုန့်ပြန်မှုနှေးပြီး ဖြစ်တယ်လို့ ထင်ကြတယ်။ (delayed immune response to virus) သို့သော်လည်း အဆုတ်နဲ့ အသက်ရှုရခက်တဲ့ ပြဿနာတော့ မတက်ဘူးတဲ့။ ကလေး 7 ယောက်ကိုတော့ နှလုံးနဲ့ သွေးလည်ပတ်တာ ကိုကူညီဖို့ ventilator တင်ခဲ့သတဲ့။

🇺🇸 အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာ ကလေး 3 ယောက်သေထားပြီးတော့ case 100 လောက်က ဒီရောဂါနဲ့ ဆိုင်မဆိုင် စုံစမ်းစစ်ဆေးနေတယ်။

မတ်လကတည်းက ကျနော်စုဆောင်းထားတဲ့ သတင်း အတိုအထွာများအရ လေ့လာမှု 18 ခုမှာ ကလေးပေါင်း 1065 ယောက်မှာ ဒီရောဂါလက္ခဏာကို တွေ့ရပါတယ်။

ဒီရောဂါလက္ခဏာနဲ့ Covid-19 ဟာ ဆက်နွယ်ပြီး ဖြစ် တာမို့ ကလေးတွေမှာ အခုလိုလက္ခဏာစတွေ့တာနဲ့ Covid-19 ကို သတိထားသင့်ပါတယ်။ ကလေးရဲ့အဆုတ်ဟာ လေကိုရှုသွင်းဖို့ လုံးပမ်းရမယ်။ အဲ့ဒီအချိန်မှာ သွေးထဲမှာ အောက်ဆီဂျင်ပမာဏလျော့ကျလာပြီး ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏမြင့်တက်လာကာ သွေးကြောတွေ ကို ယောင်ရမ်းစေပါတယ်။ အဲ့မှာ Toxic shock မှာလိုပဲ သွေးလည်ပတ်မှု လျော့ကျပြီး သွေးထဲကမလိုအပ်တာတွေမဖယ်ထုတ်နိုင်ပဲ ကျောက်ကပ်ပြဿနာတက်နိုင်ပါတယ်။

မွေးစ နာရီ 30 ပဲရှိသေးတဲ့ကလေးမှာ သူ့အမေဆီက ရောဂါ ကူးပြီး အသက်ရှုရနည်းနည်းခက်တဲ့ ပြဿနာတက်ဖူးပါတယ်တဲ့။ 17 ရက်သားကလေးမှာ Covid-19 ကြောင့် အန်ပြီးအကြောဆေးသွင်းခဲ့ရဖူးပါတယ်။ နောက်အရေးကြီးတဲ့ ရောဂါလက္ခဏာတစ်ခုကို တဆက်တည်းထည့်ရေးပေးပါမယ်။ COVID Toes လို့ခေါ် ပါတယ်။

COVID Toes and fingers ကိုဗစ်ခြေချောင်း လက်ချောင်း ဆိုတာဘာလဲ…

ကလေးအရေပြားဆရာဝန်တွေဟာ ကလေးတွေ ရဲ့ ခြေချောင်း လက်ချောင်းကလေးတွေမှာ နီညိုရောင်အကွက်လေးတွေတွေ့ရပါတယ်။ အမှတ်တမဲ့ကြည့်ရင် ခိုက်မိသလိုလို နှင်းကိုက်သလိုလိုဖြစ်နေပါတယ်။သူတို့နိုင်ငံတွေမှာ ဆောင်းတွင်းမှာ နှင်းကိုက်ပြီးဖြစ်တတ်ပါတယ်။ ကလေးတွေ ရဲ့သွေးကြောမျှင်လေးတွေဟာ သွေးဖိအားနဲ့ ကျယ်လာပြီး အခုလိုရောင်ရမ်းလာပါတယ်တဲ့။

ပထမဆုံး Covid Toes case က အီတလီ မှာ မတ်လထဲမှာ စပြီးတွေ့ပါတယ်။ ကလေးတွေရဲ့ ခြေချောင်းလက်ချောင်းကလေးတွေဟာ ခိုက်မိသလို နီညိုရောင်အကွက်လေးတွေဖြစ်ပြီး နာကျင်တယ်ပေါ့။ နောက်ပိုင်းအဖြစ်များလာတော့မှ Covid-19 ရောဂါနဲ့ဆက်နွယ်မှုရှိတဲ့ ရောဂါလက္ခဏာ တစ်ခုပဲလို့ သိလာပြီး Covid Toes လို့ခေါ်ကြပါတယ်။

အဲ့ဒီတော့ အချုပ်ပြန် ဆိုရရင်…

အရင်ကတော့ ကလေးငယ်တွေ မှာ Covid ဖြစ်ရင် သေနှုန်းမရှိဘူးလို့ ပြောခဲ့ပေမယ့် နောက်ပိုင်းမှာ သေတဲ့ case တွေ အနည်းငယ်ကြားလာရပါတယ်။ ဒီ PIMS ရောဂါလက္ခဏာတွေဟာ Covid-19 နဲ့ ဆက်နွယ်ပြီးဖြစ်နေတာမို့ မိဘတွေသိထားရန် ရေးသား လိုက်ပါတယ်။

PIMS ရောဂါ လက္ခဏာတစ်ခုခုတွေ့တိုင်းတော့ Covid-19 ကလေးမှာဖြစ်နေပြီလို့ ပုံသေပြောမရပါခင်ဗျား။ သို့သော် ဒါမျိုးတွေ့ရင် Covid-19 နဲ့ ဆက်စပ်တတ်တယ်ဆိုတာကို သိထားစေချင်လို့ရယ် ကာဝါဆာကီရောဂါဆိုတာ ဘာလဲ အကြမ်းဖျင်း ဗဟုသုတအနေနဲ့ သိထားစေချင်လို့ရယ် ရေးသားပေး လိုက်ပါတယ်။

PIMS ဟာ ကာဝါဆာကီရောဂါနဲ့ ရောဂါ လက္ခဏာဆင်တာပဲဖြစ်ပါတယ်။ မတူပါ။ ဆင်တဲ့လက္ခဏာတွေသိစေဖို့ ကာဝါဆာကီရောဂါကို ဗဟုသုတရရှိစေဖို့ ရှင်းပြခဲ့တာပါ။ အခု Covid Toes ကို တဆက်တည်းရှင်းပြလိုက်ရတာကလည်း ဒါမျိုးတွေ့ရင် Covid-19 နဲ့ဆက်စပ်တတ်ကြောင်း သိထားစေ ဖို့ ဖြစ်ပါတယ်။

အခုထိဖြစ်ပွားမှုနည်းပါသေးတယ်။ သိစ ကတည်းက ကျနော်လေ့လာနေခဲ့ပြီး ဖြစ်ပွားမှုနည်းလို့ မရေးခဲ့တာပါ။ မနေ့ကမှ WHO ကသတိပေးလာပြီမို့ ရေးသားလိုက်ခြင်းဖြစ်ပါတယ်။

ကလေးငယ်တွေဟာ နုနယ်တာမို့ ဘာပဲဖြစ်ဖြစ် တစ်ခုခု ဆိုရင် ကလေးအထူးကု နဲ့ တိုင်ပင်သင့်ပြီး Covid-19 လူနာနဲ့ ထိတွေ့နိုင်ခြေရှိမရှိပါ တခါတည်း ပြောပြပေးဖို့ လိုအပ်ပါတယ်ခင်ဗျား။

ကလေးငယ်အပေါင်း Covid-19 ကပ်ကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ကျော်ဖြတ်နိုင်ကြပါစေ။

Richard Myo Thant
16-May-2020