အစ်ကိုဖြစ်သူ “သီဟတင်စိုး” အတွက်ဝမ်းနည်းစွာ နဲ့ နောက်ဆုံးနှုတ်ဆက်စာလွှာလေးရေးခဲ့တဲ့ ညီမငယ် “ခင်စံပယ်ဦး”
|ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင်လူမင်းရဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦးက အကိုဖြစ်သူ သီဟတင်စိုးကွယ်လွန်သွားလို့ ဝမ်းနည်းကြောင်းကို အခုလိုပြန်လည် ရင်ဖွင့်လာခဲ့ပါတယ်နော်။
သရုပ်ဆောင်လူမင်းရဲ့ ဇနီးဖြစ်သူ ခင်စံပယ်ဦးက ကိုညာဆုံးတာ(၄)လမပြည့်သေးဘူး ကိုကြီးရေ၊ အကိုတွေထဲမှာ သဘောအကောင်းဆုံး၊ မဇင်မာမဆုံးခင်က သမီးကို ကလေးတွေကိုအပ်သွားတယ်၊ အမေ့ကိုလည်းသမီးကနေတဆင့် တောင်းပန်ကန်တော့သွားတယ်၊ အမေကကိုကြီးတို့ကိုခွင့်လွတ်ပါတယ်တဲ့၊သမီးလေးစပယ်ဖူးငုံဦးကို မဇင်မာမရှိတော့ကတည်းက သမီးတို့အိမ်မှာပဲနေတာ အခုတော့သူ့သမီးလေးကိုစိတ်ချထားသွားခဲ့ပြီ။
ကလေး၂ယောက်ကို သမီးတို့အတတ်နိုင်ဆုံးစောင်ရှောက်ပါ့မယ်ကိုကြီးရေ၊ အေးချမ်းတဲ့ဘုံဘဝကိုစိတ်ဖြောင့်ဖြောင့်နဲ့သွားပါနော် ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသား ဖော်ပြထားပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
Credit
zawgyi
Credit