




Source: Nay Toe’s fb

unicode

တွံတေးသိန်းတန် လို အသံတု လုပ်ပြီး ဖျော်ဖြေခဲ့ရတဲ့ “သက်ဝင်ပြတိုက်” ပြဇာတ်လေး ကို သတိတရပြန်လည်မျှဝေ လာတဲ့ နေတိုး

မင်းသားချောနေတိုး ကတော့ သရုပ်ဆောင်တဲ့နေရာမှာ ဝါရင့် သမ္ဘာရင့်တစ်ယောက်ဖြစ်ပြီး အကယ်ဒမီဆုတွေများစွာကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ နေတိုးက အကယ်ဒမီရ မင်းသားတစ်ယောက်ဖြစ်ပေမယ့် ပြဇာတ်၊ အငြိမ့်သဘင်စတဲ့ နေရာတွေ မှာလည်း အံဝင်ခွင်ကျဖြစ်အောင် ပါဝင်နိုင်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီနေ့မှာလည်း နေတိုးက သူ့ရဲ့ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့ရတဲ့ “သက်ဝင်ပြတိုက်” ပြဇာတ်လေးကို သတိတရပြန်လည်မျှဝေလာပါတယ်။

နေတိုးက “အဟောင်း ထဲမှ aကာင်းတာလေးတွေ ပြန်လည် ခံစားရင်း ဟောင်းပေမယ့် တချို့အရာတွေကမပြောင်းသေးပါဘူး။ တစ်ချိန်တုန်းက “သက်ဝင်ပြတိုက်” ထဲမှပြန်ထွက်လာခဲ့သူ မှတ်မိသေးတဲ့ ပရိသတ်တွေတွေ့ရလို့ဝမ်းသာမိပါတယ်။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အား ထာဝရဦးညွတ်လျှက်” ဆိုပြီး အခုလိုပဲ မျှဝေထားပါတယ်။

နေတိုးကတော့ အသံတု လုပ်တဲ့နေရာမှာ အခြားဘယ်အနုပညာရှင်မှ မယှဉ်နိုင်အောင် တော်လွန်းလှ ပါတယ်။ ပရိသတ်ကြီးလည်း နေတိုး ရဲ့ “သက်ဝင်ပြတိုက်” ပြဇာတ်လေးကိုကြည့်ပြီး ဘဝအမောတွေ ခဏတာ ပြေပျောက်သွားမယ် ထင်ပါတယ်နော်။

Source: Nay Toe’s fb
Bilie – Cele Connections

Add a Comment

Your email address will not be published. Required fields are marked *

10 + six =