ခိုင္မာေသာ အခ်က္အလက္မ်ား အေျခခံ၍ ေက်ာင္းမ်ား ဖြင့္ရန္ ဆုံးျဖတ္ပါ ဆင္ပါးစပ္ႏွမ္းပက္႐ုံမွ် ဓာတ္ခြဲ စစ္ေဆးမႈႏွင့္ အရဲမစြန႔္ပါႏွင့္

က်ေနာ္ တို႔ႏိုင္ငံရဲ႕ ကို႐ိုနာ ဗိုင္းရပ္ပိုး ဓာတ္ခြဲစစ္ေဆးတဲ့ ႏႈန္းဟာ တကယ့္ကို ေလးလံေႏွးေကြးလြန္းတယ္လို႔ဆို ခ်င္ပါတယ္။ ၂၀၂၀ ျပည့္ႏွစ္ ေမလ ၁၆ ရက္ေန႔ နံနက္ ၇ နာရီအထိ ဓာတ္ခြဲစစ္ေဆးၿပီးသူဦးေရဟာ ၁၃၆၃၄ ဦး(တစ္ေသာင္းသုံးေထာင္ေက်ာ္)ပဲ ရွိပါေသးတယ္။ လူ ဦးေရ ၅၄.၃၇ သန္း(ခန႔္မွန္း)ကေနျပန္တြက္ရင္ လူဦး ေရတစ္သန္းမွာ ဓာတ္ခြဲစစ္ေဆးၿပီး သူဦးေရဟာ ၂၅၀ ဦး ဝန္းက်င္ပဲရွိေသးတယ္လို႔ဆိုႏိုင္ပါတယ္။

လူဦးေရ တစ္သန္းမွာဓာတ္ခြဲစစ္ေဆးၿပီး သူဦးေရဟာ လာအို ႏိုင္ငံမွာ ၅၇၉ ဦး၊ ကေမာၻဒီးယားႏိုင္ငံမွာ ၈၈၀ ဦး၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ၉၇၆ ဦး၊ ထိုင္းႏိုင္ငံမွာ ၄၀၉၉ ဦး၊ ဗီယက္နမ္ႏိုင္ငံမွာ ၂၈၂၈ ဦး စသျဖင့္ အသီးသီးရွိ ေနတာကိုၾကည့္ရင္ က်ေနာ္တို႔ႏိုင္ငံက တကယ့္ကို ေအာက္ဆုံးမွာေရာက္ေနတာ ကို သတိျပဳမိပါတယ္။ ဓာတ္ခြဲ စစ္ေဆးမႈနဲ႔ပတ္သက္ရင္ ပြင့္လင္းျမင္သာမႈရွိ ရွိလုပ္ဖို႔လိုအပ္ေနေသးတယ္လို႔ျမင္မိပါတယ္။ စက္အ သစ္ႀကီးေရာက္ၿပီးေပမယ့္ ဘာျဖစ္လို႔ ဓာတ္ခြဲစစ္ေဆး တာေတြက သိသိသာသာ ထိုးေထာင္မတက္လာတာလဲ ဆိုတာနဲ ပတ္သက္ရင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီး ဌာနက တာဝန္ရွိသူေတြအေနနဲ႔ အမ်ားျပည္သူကို ရွင္း လင္းအသိေပးဖို႔လိုအပ္မွာျဖစ္ပါတယ္။

ေနာက္ အရပ္ ဖက္ နဲ႔ တပ္မေတာ္ အၾကား ဓာတ္ခြဲစစ္ေဆးတာေတြနဲ႔ ပတ္သက္ရင္ ဘယ္လို ပူးေပါင္းေဆာင္႐ြက္ေနသလဲဆို တာ ရွင္းရွင္းလင္းလင္း အသိေပးဖို႔လိုမွာျဖစ္ပါတယ္။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွာ စက္အသစ္ ႀကီးရွိေနၿပီ။ တပ္မေတာ္မွာလည္း စက္အသစ္ေတြအ လုပ္လုပ္ေနရဲ႕သား နဲ႔ ေန႔စဥ္ဓာတ္ခြဲစစ္ေဆးတဲ့ဦးေရ သိသိသာသာ မတက္လာတာ ဘာေၾကာင့္ဆိုတာနဲ႔ ပတ္သက္လို႔ ရွင္းလင္းဖို႔လိုပါလိမ့္မယ္။ အခု ျမန္မာႏိုင္ငံရဲ႕ ဓာတ္ခြဲစစ္ေဆးတဲ့ဦးေရဟာ ဆင္ပါး စပ္ႏွမ္းပက္ သေလာက္ပဲရွိေသးတယ္လို႔ေျပာ ခ်င္ပါတယ္။ ဇူလိုင္လမွာ ေက်ာင္းေတြျပန္ဖြင့္မယ္ဆိုတာကို အမ်ား ျပည္သူသိေအာင္ထုတ္ျပန္တာထက္ အစိုးရအေနနဲ႔၊ ဝန္ ႀကီးဌာနအေနနဲ႔ တစ္ေန႔ကို ေရာဂါပိုးဓာတ္ခြဲစစ္ေဆးတာ ဘယ္ႏွစ္ဦးၿပီးေအာင္လုပ္မယ္။

ေမလကုန္မွာ ရည္မွန္းခ်က္ က ဘယ္ေလာက္၊ ဇြန္လကုန္မွာရည္မွန္းခ်က္ကဘယ္ေလာက္ ဆိုတာမ်ိဳး အစိုးရနဲ႔ဝန္ႀကီးဌာနရဲ႕ ဓာတ္ခြဲစစ္ေဆးမႈဆိုင္ရာ ရည္မွန္းခ်က္ကို ထုတ္ျပန္သင့္တာပါ။ အဲဒီဇြန္လကုန္အထိ ဓာတ္ခြဲစစ္ေဆးမႈေတြရဲ႕ရလဒ္အေပၚမွာၾကည့္ၿပီးမွ ေက်ာင္း ေတြဖြင့္မယ္၊ မဖြင့္ဘူးဆိုတာကို ညႇိႏႈိင္း၊ ေဆြးေႏြး၊ ဆုံးျဖတ္ ပါမယ္ဆိုတာမ်ိဳးျဖစ္သင့္တာပါ။ တကယ္ေတာ့ က်ေနာ္တို႔ အခုေရာဂါပိုးေတြ႕ရွိတဲ့ ၁၈၂ ဦး ဆိုတာ ေရထဲမွာေျမာေနတဲ့ေရခဲတုံးရဲ႕ထိပ္ပိုင္းေလာက္ (Tip of the iceberg) ပဲျဖစ္ပါတယ္။ လူ႔အဖြဲ႕အစည္းထဲ မွာ ဒီထက္အဆမ်ားစြာမ်ားတဲ့ ေရာဂါပိုး ရွိတဲ့သူေတြရွိေန ႏိုင္တယ္လို႔ သုံးသပ္၊ မွတ္ခ်က္ျပဳရမွာျဖစ္ပါတယ္။

ေရာ ဂါလကၡဏာမျပပဲေရာဂါပိုး သယ္ေဆာင္ေနသူေတြလည္း အမ်ားအျပားရွိေနႏိုင္တယ္လို႔အကဲျဖတ္ရမွာျဖစ္ပါတယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔အေနနဲ႔ ေရာဂါပိုး ဓာတ္ခြဲစစ္ေဆး တာကို အခုကာလမွာ အင္နဲ႔အားနဲ႔ ဆတိုးေဆာင္႐ြက္ႏိုင္ ဖို႔လိုပါတယ္။ အဲဒီရလဒ္အေပၚမွာၾကည့္ၿပီးမွ အမ်ားျပည္ သူနဲ႔ ဆိုင္တဲ့ဆုံးျဖတ္ခ်က္ေတြကို ညႇိႏႈိင္းဆုံးျဖတ္တာက ပိုၿပီး ပေရာဖက္ရွင္နယ္က်မယ္လို႔ယူဆမိတဲ့အေၾကာင္း သုံးသပ္တင္ျပလိုက္ရပါတယ္။

ေလးစားလ်က္- ေလးစားစြာျဖင့္ ခရစ္ဒက္ ……ေဒါက္တာရန္မ်ိဳးသိမ္း(ေလးစားလ်က္) ရန္ကုန္၊ ျမန္မာ။

unicode

ကျနော် တို့နိုင်ငံရဲ့ ကိုရိုနာ ဗိုင်းရပ်ပိုး ဓာတ်ခွဲစစ်ဆေးတဲ့ နှုန်းဟာ တကယ့်ကို လေးလံနှေးကွေးလွန်းတယ်လို့ဆို ချင်ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီအထိ ဓာတ်ခွဲစစ်ဆေးပြီးသူဦးရေဟာ ၁၃၆၃၄ ဦး(တစ်သောင်းသုံးထောင်ကျော်)ပဲ ရှိပါသေးတယ်။ လူ ဦးရေ ၅၄.၃၇ သန်း(ခန့်မှန်း)ကနေပြန်တွက်ရင် လူဦး ရေတစ်သန်းမှာ ဓာတ်ခွဲစစ်ဆေးပြီး သူဦးရေဟာ ၂၅၀ ဦး ဝန်းကျင်ပဲရှိသေးတယ်လို့ဆိုနိုင်ပါတယ်။

လူဦးရေ တစ်သန်းမှာဓာတ်ခွဲစစ်ဆေးပြီး သူဦးရေဟာ လာအို နိုင်ငံမှာ ၅၇၉ ဦး၊ ကမ္ဘောဒီးယားနိုင်ငံမှာ ၈၈၀ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၉၇၆ ဦး၊ ထိုင်းနိုင်ငံမှာ ၄၀၉၉ ဦး၊ ဗီယက်နမ်နိုင်ငံမှာ ၂၈၂၈ ဦး စသဖြင့် အသီးသီးရှိ နေတာကိုကြည့်ရင် ကျနော်တို့နိုင်ငံက တကယ့်ကို အောက်ဆုံးမှာရောက်နေတာ ကို သတိပြုမိပါတယ်။ ဓာတ်ခွဲ စစ်ဆေးမှုနဲ့ပတ်သက်ရင် ပွင့်လင်းမြင်သာမှုရှိ ရှိလုပ်ဖို့လိုအပ်နေသေးတယ်လို့မြင်မိပါတယ်။ စက်အ သစ်ကြီးရောက်ပြီးပေမယ့် ဘာဖြစ်လို့ ဓာတ်ခွဲစစ်ဆေး တာတွေက သိသိသာသာ ထိုးထောင်မတက်လာတာလဲ ဆိုတာနဲ ပတ်သက်ရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက တာဝန်ရှိသူတွေအနေနဲ့ အများပြည်သူကို ရှင်း လင်းအသိပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

နောက် အရပ် ဖက် နဲ့ တပ်မတော် အကြား ဓာတ်ခွဲစစ်ဆေးတာတွေနဲ့ ပတ်သက်ရင် ဘယ်လို ပူးပေါင်းဆောင်ရွက်နေသလဲဆို တာ ရှင်းရှင်းလင်းလင်း အသိပေးဖို့လိုမှာဖြစ်ပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှာ စက်အသစ် ကြီးရှိနေပြီ။ တပ်မတော်မှာလည်း စက်အသစ်တွေအ လုပ်လုပ်နေရဲ့သား နဲ့ နေ့စဉ်ဓာတ်ခွဲစစ်ဆေးတဲ့ဦးရေ သိသိသာသာ မတက်လာတာ ဘာကြောင့်ဆိုတာနဲ့ ပတ်သက်လို့ ရှင်းလင်းဖို့လိုပါလိမ့်မယ်။ အခု မြန်မာနိုင်ငံရဲ့ ဓာတ်ခွဲစစ်ဆေးတဲ့ဦးရေဟာ ဆင်ပါး စပ်နှမ်းပက် သလောက်ပဲရှိသေးတယ်လို့ပြော ချင်ပါတယ်။ ဇူလိုင်လမှာ ကျောင်းတွေပြန်ဖွင့်မယ်ဆိုတာကို အများ ပြည်သူသိအောင်ထုတ်ပြန်တာထက် အစိုးရအနေနဲ့၊ ဝန် ကြီးဌာနအနေနဲ့ တစ်နေ့ကို ရောဂါပိုးဓာတ်ခွဲစစ်ဆေးတာ ဘယ်နှစ်ဦးပြီးအောင်လုပ်မယ်။

မေလကုန်မှာ ရည်မှန်းချက် က ဘယ်လောက်၊ ဇွန်လကုန်မှာရည်မှန်းချက်ကဘယ်လောက် ဆိုတာမျိုး အစိုးရနဲ့ဝန်ကြီးဌာနရဲ့ ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ ရည်မှန်းချက်ကို ထုတ်ပြန်သင့်တာပါ။ အဲဒီဇွန်လကုန်အထိ ဓာတ်ခွဲစစ်ဆေးမှုတွေရဲ့ရလဒ်အပေါ်မှာကြည့်ပြီးမှ ကျောင်း တွေဖွင့်မယ်၊ မဖွင့်ဘူးဆိုတာကို ညှိနှိုင်း၊ ဆွေးနွေး၊ ဆုံးဖြတ် ပါမယ်ဆိုတာမျိုးဖြစ်သင့်တာပါ။ တကယ်တော့ ကျနော်တို့ အခုရောဂါပိုးတွေ့ရှိတဲ့ ၁၈၂ ဦး ဆိုတာ ရေထဲမှာမြောနေတဲ့ရေခဲတုံးရဲ့ထိပ်ပိုင်းလောက် (Tip of the iceberg) ပဲဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းထဲ မှာ ဒီထက်အဆများစွာများတဲ့ ရောဂါပိုး ရှိတဲ့သူတွေရှိနေ နိုင်တယ်လို့ သုံးသပ်၊ မှတ်ချက်ပြုရမှာဖြစ်ပါတယ်။

ရော ဂါလက္ခဏာမပြပဲရောဂါပိုး သယ်ဆောင်နေသူတွေလည်း အများအပြားရှိနေနိုင်တယ်လို့အကဲဖြတ်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ ရောဂါပိုး ဓာတ်ခွဲစစ်ဆေး တာကို အခုကာလမှာ အင်နဲ့အားနဲ့ ဆတိုးဆောင်ရွက်နိုင် ဖို့လိုပါတယ်။ အဲဒီရလဒ်အပေါ်မှာကြည့်ပြီးမှ အများပြည် သူနဲ့ ဆိုင်တဲ့ဆုံးဖြတ်ချက်တွေကို ညှိနှိုင်းဆုံးဖြတ်တာက ပိုပြီး ပရောဖက်ရှင်နယ်ကျမယ်လို့ယူဆမိတဲ့အကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

လေးစားလျက်- လေးစားစွာဖြင့် ခရစ်ဒက် ……ဒေါက်တာရန်မျိုးသိမ်း(လေးစားလျက်) ရန်ကုန်၊ မြန်မာ။

Add a Comment

Your email address will not be published. Required fields are marked *

eleven − eight =