သီချင်း MV တွေဆက်တိုက်ရိုက်ကူးနေရတဲ့ အထိကို အောင်မြင်လာပြီဖြစ်တဲ့ “ကျော်ကျော်နန္ဒ” ရဲ့ တူမလေး “ကျော်ကျော်အိန္ဒြာ”

Posted on

အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေ ရရှိဖို့ ကြိုးစားလာခဲ့တဲ့အချိန် ဝေဖန်မှုများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ကျော်ကျော်နန္ဒဟာ ယခုဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိလို့လာခဲ့ပြီ ဖြစ်ပါတယ်။ အရင်ကလို ဝတ်စားဆင်ယဉ်မှုတွေလည်း ပြောင်းလဲလာခဲ့ပြီး ဘဝကို ရိုးရှင်းစွာပဲ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။ ကျော်ကျော်နန္ဒရဲ့ တူမလေးကျော်ကျော်အိန္ဒြာ ဟာလည်း ပြီးခဲ့တဲ့လကမှ Miss Grand Pyin Oo Lwin ဆုကြီးကို ရရှိခဲ့ပြီး အောင်မြင်မှု တစ်ခုရရှိခဲ့တာပဲဖြစ်ပါတယ်။

အလှမယ်သရဖူဆောင်းနိုင်ခဲ့ပြီဖြစ်တဲ့ ကျော်ကျော်အိန္ဒြာဟာ လက်ရှိမှာလည်း သူမဝါသနာပါရာ အနုပညာလမ်းကြောင်းပေါ်ကို ဆက်လက်လျှောက်လှမ်းနေဆဲပဲ ဖြစ်ပါတယ်။ဒီကနေ့မှာလည်း ကျော်ကျော်အိန္ဒြာက သူမရဲ့ MV ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်တွေကို ပရိသတ်တွေဆီ မျှဝေလာပါတယ်။ ကျော်ကျော်အိန္ဒြာက အဆိုတော် ကိုလတ်ရဲ့ “အသည်းပိုလေး ပေးသနားပါ” ဆိုတဲ့ သီချင်းလေးမှာ သရုပ်ဆောင် ဇွဲလရောင်နဲ့အတူတူ သရုပ်ဆောင်ပေးခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ကျော်ကျော်အိန္ဒြာကတော့ သီချင်းသစ်လေးတစ်ခုအတွက် ဇွဲလရောင်နဲ့အတူတူ အကောင်းဆုံးသရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကျော်ကျော်အိန္ဒြာ သရုပ်ဆောင်ထားတဲ့ “အသည်းပိုလေးပေးသနားပါ” သီချင်းလေးထွက်လာရင် အားပေးကြဖို့ မမေ့ကြပါနဲ့နော်။

Credit