ကေမာၻဒီးယား မွာ ကိုဗစ္လူနာ အားလံုး ကုသေပ်ာက္ကင္းၿပီး တစ္လ အတြင္း လူနာသစ္မေတြ႕ေတာ့

ကေမာၻဒီးယားႏိုင္ငံ တြင္ ကိုဗစ္လူနာ အားလုံး ျပန္လည္က်န္းမာလာၿပီး ေနာက္ဆုံး က်န္ရွိသည့္ လူနာမွာ လည္း ေဆး႐ုံးဆင္းခြင့္ရၿပီျဖစ္သည့္အတြက္ တစ္ႏိုင္ငံလုံးတြင္ ေရာဂါျဖစ္ပြားမႈ မရွိေတာ့ေၾကာင္း အဆိုပါ ႏိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနက ေမလ ၁၆ ရက္ေန႕တြင္ ထုတ္ျပန္ လိုက္သည္။

သို႔ေသာ္ ျပည္သူမ်ား ႏိုးႏိုးၾကားၾကား ဆက္ေနၾက ရန္ က်န္းမာေရးဝန္ႀကီးဌာနက တိုက္တြန္းထားၿပီး လူနာ အသစ္ မေတြ႕ရွိသည္မွာလည္း တစ္လၾကာၿပီျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

တစ္ႏိုင္ငံလုံး တြင္ ကိုဗစ္လူနာ မရွိေတာ့ေသာ္လည္း စာသင္ေက်ာင္း မွာ ပိတ္ထားျခင္း၊ နယ္စပ္ဝင္ေပါက္ စစ္ေဆးျခင္းမ်ားႏွင့္ သီးျခားေစာင့္ၾကည့္မႈခံယူျခင္းမ်ား အပါအဝင္ ဗိုင္းရပ္စ္ႏွင့္စပ္ဆက္သည့္ ကန္႔သတ္ တားျမစ္ခ်က္မ်ားကို ေျဖေလွ်ာ့ေပးသြားမည္ မဟုတ္ေသးေၾကာင္း ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပ သည္။

ကေမာၻဒီးယားႏိုင္ငံ တြင္ ကိုဗစ္လူနာ ၁၂၂ ဦးရွိ ခဲ့ေသာ္လည္း ေရာဂါေၾကာင့္ ေသဆုံးသူ တစ္ဦးမွ် မရွိခဲ့ေပ။ ေဆး႐ုံမွ ေနာက္ဆုံးဆင္းခြင့္ရသူမွာ ကေမာၻဒီးယား အေနာက္ေျမာက္ပိုင္း ဘန္ေတးမီခ်ိဳင္းျပည္နယ္မွ အသက္ ၃၆ ႏွစ္အ႐ြယ္ အမ်ိဳးသမီးျဖစ္သည္။

၎သည္ ၿမိဳ႕ေတာ္ ဖႏြမ္းပင္ရွိ ခမာ ဆိုဗီယက္ မိတ္သဟာယ ေဆး႐ုံးမွ ဆင္းခဲ့ၿပီးေနာက္ ယေန႔တြင္ မီဒီယာမ်ားႏွင့္ အြန္လိုင္းမွတစ္ဆင့္ ေတြ႕ဆုံကာ ေျဖၾကားခဲ့ၿပီး က်န္းမာေရးဌာနက တာဝန္ရွိသူမ်ားကို ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့သည္။

လူဦးေရ ၁၆ သန္းေက်ာ္ရွိတဲ့ ကေမာၻဒီးယားမွာ ဇန္နဝါရီလ မွစၿပီး လက္ရွိအခ်ိန္အထိ COVID-19 ဓာတ္ခြဲစစ္ေဆးမႈ ၁၄,၆၈၄ ခု လုပ္ေဆာင္ခဲ့ေၾကာင္းလည္း သိရပါတယ္။ ျပည္သူေတြအေနနဲ႔ သတိဝီရိယ ဆက္ရွိၾကရန္နဲ႔ လူစုလူေဝး မလုပ္ျခင္း အပါအဝင္ ႀကိဳတင္ကာကြယ္မႈေတြ ကို လိုက္နာေဆာင္႐ြက္ၾကရန္ ကေမာၻဒီးယား က်န္းမာေရးဝန္ႀကီး Mam Bunheng က တိုက္တြန္းထားပါတယ္။

“ေယဘုယ် အားျဖင့္ ေရာဂါပိုးေတြ႕ရွိတဲ့အမ်ားစုက ျပည္ပက သယ္ေဆာင္ လာသူေတြလို႔ ကြၽန္ေတာ္တို႔ ထင္တယ္။ ဒါေၾကာင့္ နယ္စပ္၊ ေလဆိပ္၊ သေဘၤာဆိပ္၊ ကုန္းလမ္းစစ္ေဆးေရးဂိတ္ေတြမွာ စစ္ေဆးေရးေနရာေတြ အားလုံးထားရွိၿပီး ဂ႐ုစိုက္ရပါမယ္” ဟု က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

ျပည္ပမွ လာသူမ်ား သည္ ကိုဗစ္ ေရာဂါပိုး မရွိေၾကာင္း က်န္းမာေရးေထာက္ခံခ်က္ ပါရွိ ရမည္ျဖစ္ၿပီး အဆိုပါေထာက္ခံခ်က္ ျပႏိုင္သူမ်ား ကိုသာ ျပည္ဝင္ ခြင့္ျပဳမည္ျဖစ္ကာ ၎တို႔သည္ သီးျခားေစာင့္ၾကည့္ေနထိုင္မႈ ၁၄ ရက္ ခံယူရမည္ဟုလည္း က်န္းမာေရးဝန္ႀကီးက ေျပာၾကား ထားပါသည္။

crd : whitesone

unicode

ကမ္ဘောဒီးယားနိုင်ငံ တွင် ကိုဗစ်လူနာ အားလုံး ပြန်လည်ကျန်းမာလာပြီး နောက်ဆုံး ကျန်ရှိသည့် လူနာမှာ လည်း ဆေးရုံးဆင်းခွင့်ရပြီဖြစ်သည့်အတွက် တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားမှု မရှိတော့ကြောင်း အဆိုပါ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန် လိုက်သည်။

သို့သော် ပြည်သူများ နိုးနိုးကြားကြား ဆက်နေကြ ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပြီး လူနာ အသစ် မတွေ့ရှိသည်မှာလည်း တစ်လကြာပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံး တွင် ကိုဗစ်လူနာ မရှိတော့သော်လည်း စာသင်ကျောင်း မှာ ပိတ်ထားခြင်း၊ နယ်စပ်ဝင်ပေါက် စစ်ဆေးခြင်းများနှင့် သီးခြားစောင့်ကြည့်မှုခံယူခြင်းများ အပါအဝင် ဗိုင်းရပ်စ်နှင့်စပ်ဆက်သည့် ကန့်သတ် တားမြစ်ချက်များကို ဖြေလျှော့ပေးသွားမည် မဟုတ်သေးကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ကမ္ဘောဒီးယားနိုင်ငံ တွင် ကိုဗစ်လူနာ ၁၂၂ ဦးရှိ ခဲ့သော်လည်း ရောဂါကြောင့် သေဆုံးသူ တစ်ဦးမျှ မရှိခဲ့ပေ။ ဆေးရုံမှ နောက်ဆုံးဆင်းခွင့်ရသူမှာ ကမ္ဘောဒီးယား အနောက်မြောက်ပိုင်း ဘန်တေးမီချိုင်းပြည်နယ်မှ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးဖြစ်သည်။

၎င်းသည် မြို့တော် ဖနွမ်းပင်ရှိ ခမာ ဆိုဗီယက် မိတ်သဟာယ ဆေးရုံးမှ ဆင်းခဲ့ပြီးနောက် ယနေ့တွင် မီဒီယာများနှင့် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကာ ဖြေကြားခဲ့ပြီး ကျန်းမာရေးဌာနက တာဝန်ရှိသူများကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။

လူဦးရေ ၁၆ သန်းကျော်ရှိတဲ့ ကမ္ဘောဒီးယားမှာ ဇန်နဝါရီလ မှစပြီး လက်ရှိအချိန်အထိ COVID-19 ဓာတ်ခွဲစစ်ဆေးမှု ၁၄,၆၈၄ ခု လုပ်ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။ ပြည်သူတွေအနေနဲ့ သတိဝီရိယ ဆက်ရှိကြရန်နဲ့ လူစုလူဝေး မလုပ်ခြင်း အပါအဝင် ကြိုတင်ကာကွယ်မှုတွေ ကို လိုက်နာဆောင်ရွက်ကြရန် ကမ္ဘောဒီးယား ကျန်းမာရေးဝန်ကြီး Mam Bunheng က တိုက်တွန်းထားပါတယ်။

“ယေဘုယျ အားဖြင့် ရောဂါပိုးတွေ့ရှိတဲ့အများစုက ပြည်ပက သယ်ဆောင် လာသူတွေလို့ ကျွန်တော်တို့ ထင်တယ်။ ဒါကြောင့် နယ်စပ်၊ လေဆိပ်၊ သင်္ဘောဆိပ်၊ ကုန်းလမ်းစစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးရေးနေရာတွေ အားလုံးထားရှိပြီး ဂရုစိုက်ရပါမယ်” ဟု ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ပြည်ပမှ လာသူများ သည် ကိုဗစ် ရောဂါပိုး မရှိကြောင်း ကျန်းမာရေးထောက်ခံချက် ပါရှိ ရမည်ဖြစ်ပြီး အဆိုပါထောက်ခံချက် ပြနိုင်သူများ ကိုသာ ပြည်ဝင် ခွင့်ပြုမည်ဖြစ်ကာ ၎င်းတို့သည် သီးခြားစောင့်ကြည့်နေထိုင်မှု ၁၄ ရက် ခံယူရမည်ဟုလည်း ကျန်းမာရေးဝန်ကြီးက ပြောကြား ထားပါသည်။

crd : whitesone

Add a Comment

Your email address will not be published. Required fields are marked *

2 × three =