ခရမ်းရောင်ကိုအရမ်းကြိုက်တယ်ဆို ချစ်စရာကောင်းတဲ့ သူမရဲ့ ပုံလေးတွေ ထုတ်ပြလာတဲ့ “ပိုပို”

ပိုပိုရဲ့ တေးသီချင်းလေးတွေဟာ ဆိုရင် အချစ် ၊ အလွမ်း အေးအေးလေးတွေပဲဖြစ်ပြီး လူငယ်တွေကြားမှာ ယနေ့အချိန်ထိ ရေပန်းစား လူကြိုက်များခဲ့တဲ့ သီချင်းကောင်းတွေပဲဖြစ်ပါတယ်။ လတ်ရှိ မှာတော့ ပရိသတ်တွေနဲ့ ထပ်တူကျစေမယ့် သီချင်းကောင်းတွေကိုလည်း ဖန်တီးနေတယ်လို့လည်း သိရပါတယ်။ အခုချိန်မှာ ဆိုရင် ပိုပိုက မြန်မာနိုင်ငံ အနှံ့ ပွဲတော်တော်များများမှာ လိုက်လံသီဆိုဖျော်ဖြေနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုပိုကတော့ အလှူတန်းတွေမှာ တက်နိုင်သမျှပါဝင်လှူဒါန်းပေးသလို ဘာသာရေးမှာ အထူးကိုင်းရှိုင်းတက်သူပဲဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ ချစ်ခင်အားပေးမှုသာမက ယောကျာ်းလေးတွေရဲ့ ချစ်ခင် အားပေးမှုကိုပါရရှိနေတဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ဖက်ရှင်အလန်းတွေနဲ့ သူမကို ပုရိသကိုကိုတွေကလည်း ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

ပုံလေးတွေတိုင်းမှာ ပိုပိုတစ်ယောက် ကလေးလေး တစ်ယောက်လို ချစ်စရာကောင်းလွန်းနေတာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ပိုပိုရဲ့ရှေ့ဆက်မယ့် အနုပညာအလုပ်တွေမှာလည်း ဒီထက်မက အောင်မြင်မှု ရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Po Po Facebook Page