အသိ ရှိစေချင် နားလည်ပါစေချင် ဒီရက်ပိုင်း အစ္စလာမ်သူငယ်ချင်းတွေ ခံပြင်းနေကြတဲ့ မန်းလေး မှာ စုပေါင်း ဝတ်ပြု လို့ထောင် (၃) လ ချတဲ့ကိစ္စ -အသိရှိစေချင် နားလည်ပါစေချင်



ခုဒီစာကိုရေးနေတဲ့



























unicode

ဒီရက်ပိုင်း အစ္စလာမ်သူငယ်ချင်းတွေ ခံပြင်းနေကြတာတွေ့မိတယ်. ကိုဗစ်ဖြစ်တဲ့ အချိန်မှာ မန်းလေးမှာ စုပေါင်းဝတ်ပြုလို့..သူတို့ဘာသာဝင်တွေကို ထောင် -၃လချတဲ့အချိန် မှာ ဗုဒ္ဓဘာသာ..တွေရဲ့ အန္တိမဈာပန က လူစုတဲ့သူတွေကို ငွေဒဏ်ပဲချလို့..

ဘက်လိုက်တယ်..သူတို့ ဘာသာမို့နှိမ်တယ်စသဖြင့်ရေးသားကြသလိုအမေ့ကိုလဲ မဲမထည့်တော့ဘူးစသဖြင့်မန့်နေကြတာလဲတွေ့မိပါတယ်..ကိုယ်တိုင်လဲ သူတို့နေရာက ကိုယ်ချင်းစာစိတ်နဲ့ သူတို့ မတရားဘူးခံစားရတာ ဖြစ်သင့်ပါတယ်.ဆိုပြီး
တွေးမိတယ်..အမေ့ကိုမဲထည့်တာ မထည့်တာကသူတို့ကဏ္ဍ.သူတို့ လွတ်လပ်ခွင့် မို့ စိတ်မဝင်စားပါဘူး.

ခုဒီစာကိုရေးနေတဲ့
အချိန်ထိ အမေ့ကို မဲထည့်ပါစေဆိုတဲ့စေတနာ.

ဒီအဖြစ်တွေကိုဖာထေးပြီးရေးမယ်ဟဲ့ ဆိုတဲ့စေတနာ မပါပါဘူး.ဘာ့ကြောင့်ဒီလိုဖြစ်တာလဲ?ဘယ်ဟာအမှန်တရားလဲ?သိချင်စိတ်နဲ့ပဲစုံစမ်းရေးသားပါတယ်..အဲ့အတွက် သတ်ခံရတဲ့ဦးဦးကိုနီရဲ့ဆရာ..ဥပဒေပညာရှင်ကို ဒီအကြောင်းတွေနဲ့ ပတ်သက်လို့သေချာမေးပြီးမှData နဲ့ ကြောင်းကျိုးဆင်ခြင်ပြီးရေးသားပါတယ်..ဘာသာ မတူပဲရေးသားရလို့ စေတနာနဲ့ Dataနဲ့ ဂရုစိုက်ပြီးရေးရတာပါ..😋

➡️နံပါတ်1.. ကိုဗစ်အမှုမှ မဟုတ်ပါဘူး.ဘယ်အမှု မဆိုတရားရုံး တစ်ခုထဲ တရားသူကြီးတစ်ယောက်ထဲက မတူညီတဲ့အမိန့်ချမှတ်ပြီဆိုရင် တော့မတရားမှုလို့ပြောလို့ရပါတယ်.. သို့သော် တရားရုံးမတူဘူး မြို့မတူဘူးဆိုရင် တော့သက်ဆိုင်ရာတရားသူကြီးရဲ့ဆင်ခြင်တုံတရား အရ ဆုံးဖြတ်တာသာဖြစ်ပါတယ်..

➡️နံပါတ်2-တရားသူကြီးတွေဟာနိုင်ငံရေး အရ ရာထူး ယူထားတဲ့ သူတွေမဟုတ်သလို. အမေစုနဲ့ NLD က ခန့်ထားတဲ့ ဝန်ထမ်းတွေမဟုတ်ဘူးပြည်သူ့ဝန်ထမ်းအမှုထမ်းတွေသာဖြစ်ပါတယ်.

➡️နံပါတ်3.ဦးသန်းရွှေ နဲ့ ဦးသိန်းစိန်လက်ထက်ထဲက ခန့်ထား တဲ့အမူထမ်းတွေ သာဖြစ်တဲ့အတွက်.အစိုးရသစ်တွေ တက်တဲ့ထိလဲ သူတို့ ပင်စင်မယူရင် ဒီရာထူးအတိုင်းဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်.သို့သော်ရာထူးအတက်အကျတော့ရှိတတ်ပါတယ်..

➡️နံပါတ်4-တရားသူကြီးတွေ ဆိုတာ တရားစီရင်ရေးဆိုတဲ့ ဒေါက်တိုင်တစ်ခုရဲ့ အောက် ကဖြစ်တယ်.. အစိုးရဆိုတာကတော့ အုပ်ချုပ်ရေး ဆိုတဲ့ဒေါက်တိုင်တစ်ခုရဲ့အောက်ကပါ..

➡️နံပါတ်5-အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးဟာ ဒေါက်တိုင်ခြင်း ကဏ္ဍခြင်းမတူပါဘူး..တရားသူကြီးတွေရဲ့ စီရင်ဆုံးဖြတ်ချက်တွေကို ကမ္ဘာပေါ်ရှိဘယ် အစိုးရကမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဘူး..

➡️နံပါတ်-6.တရားသူကြီးတွေ စီရင်ဖို့ ပြဋ္ဌာန်း ထားတဲ့ ဥပဒေတွေကတော့ပြည်သူ့လွှတ်တော် လို့ အသိများတဲ့ ဥပဒေပြုစုရေး ဒေါက်တိုင်ရဲ့ တာဝန်ဖြစ်ပါတယ်..

အရေးကြီးဆုံး နံပါတ်ရောက်ပါပြီ

➡️နံပါတ်-7. ဥပဒေ ပြုစုရေးဒေါက်တိုင်ကဏ္ဍ..တရားစီရင်ရေးဒေါက်တိုင်.ကဏ္ဍ အုပ်ချုပ်ရေး ဒေါက်တိုင်ကဏ္ဍတွေဟာတူညီမှုမရှိပဲ.. သီးခြားဆီ ရှိတယ် ဆိုတာ မြန်မာပြည်ကမည်သည့်ဘာသာကိုးကွယ်သူဖြစ်ပစေမည်သည့်လူမျိုးဖြစ်ပစေ. အားလုံးသတိပြုရပါမယ်.သိရှိနေရ ပါမယ်

ဒီဒေါက်တိုင် -၃ခု ရှိနေတာကို သတိမမူကြပဲ ရဲ မဟုတ်တာလုပ်လဲ
အစိုးရ..တရားသူကြီး မဟုတ်တာလုပ်လဲ အစိုးရပဲဆိုရင်.. ပါသမျှမစင်တိုင်းချီးတိုင်းကိုကျိုးကြောင်းဆီလျော်မှုမရှိပဲအစိုးရခေါင်းပေါ်ကြီး ပုံချနေတာနဲ့တူပါတယ်..

ရဲ မဟုတ်တာလုပ်ပြီဆိုရင်.ပြည်ထဲရေးအောက် မှာရှိတဲ့အဲ့ဒီ့ရဲဟာ ဘယ်ဒေါက်တိုင်အောက် မှာလဲတွေးရပါမယ်..အဲ့လိုပဲတရားသူကြီးဆိုလဲ ဘယ်ဒေါက်တိုင်အောက် မှာလဲ တွေးရပါမယ်..ဒေါက်တိုင်-၃တိုင်ထဲကတရားစီရင်ရေးဒေါက်တိုင်အောက် မှာလား?အုပ်ချုပ်ရေးဒေါက်တိုင်အောက် မှာလား?

ဥပဒေပြု စုရေးဒေါက်တိုင်အောက် မှာလား? တွေးပါ..သူ့ကဏ္ဍနဲ့သူ ခွဲခြားပြီးလုပ်ဆောင်ရတဲ့တိုင်းပြည်မှာ.ပြည်ထဲရေး.. နယ်စပ်နဲ့ တရားစီရင်ရေး..ကာကွယ်ရေးတွေကရောဘယ်အောက် မှာလဲ ?
အမှန်တိုင်းချရေးပါ.တွေးပေးပါ.

ဗြုန်းဆို မမျှတဘူး ဘက် လိုက်တယ် ထင်နေတဲ့ အစ္စလာမ် ဘာသာဝင်တွေ အတွက်သတင်းစာထဲမှာမနေ့ကသတင်းကောင်းတက်လာပါတယ်..ဒါကတော့ မွန်ပြည်နယ်ကျိုက် မရောမြို့နယ်..ကြာအင်းချောင်းကျေးရွာက ဦးဇော်မင်းကို ဘုရားထီးတော်တင်ရာမှာ လူစုလူဝေးပြုလုပ်တဲ့ အတွက် ထောင်(၉)လချ လိုက်တဲ့

သတင်းပါပဲ.ဒီကိုဗစ်အမှုမှာတော့ မန်းလေးကဝတ်ပြုသူတွေထက်ဗုဒ္ဓဘာသာဝင်ဦးဇော်မင်းက ထောင်(၆)လ ပိုများသွားပါပြီ..(ပထမဆုံးပြောခဲ့တဲ့နံပါတ်-1.တရားရုံးမတူဘူး..တရားသူကြီးမတူဘူး.တရားစီရင်ရေးမတူပါဘူး..)

အစ္စလာမ်ဘာသာဝင်သူငယ်ချင်းတွေအနေနဲ့လဲ အန္တိမဈာပန တော့
ငွေဒဏ်..ဟာ ငါတို့ကျတော့ ထောင်
(၃)လ ဆိုပြီး ဝိုင်းရေးနေကြရင် ခု

မွန်ပြည်နယ် ကျိုက် မရောက ဗုဒ္ဓဘာသာဝင်ကို လဲ ထောင်(၉)လ ချလိုက် တာကိုလဲ တရားမျှတစွာ
ပြန်ရေးကြမယ်လို့ မျှော်လင့် ပါတယ်..အဲ့လိုဆို ကိုယ့် ဘာသာဝင်
တွေကိုမှ နှိမ်တယ်ဆိုတဲ့ မကောင်းတဲ့ ခံစားချက်တွေအစားဒီတရားစီရင်ရေးကတော့မျှတသားဆိုတဲ့ စိတ်ခံစားမှုမျိုးဖြစ်လာမှာပါ..

ဟာ..ဒါကိုမှ ငါတို့ အစ္စလာမ်တွေ ကို ချတဲ့ ထောင်ဒဏ်ကို မကျေနပ်ဘူး
ဟို အန္တိမဈာပနက ငွေဒဏ်ကိုမကျေနပ်ဘူး ဆိုရင်..အဲ့ဒီ့ဆုံးဖြတ်ချက်တွေကို မမှန်ကန်ဘူး မကျေနပ်ဘူးဆိုရင် သူ့ထက် အဆင့်မြင့်တဲ့ တရားရုံး အဆင့်ဆင့်ကို အယူခံဝင်နိုင်ပါတယ်..ပြင်ဆင်မှု လျှောက်ထားနိုင်တယ်.. Appeal နဲ့ Revision လုပ်နိုင်တာပေါ့..

ချောမနစ်လား?နိုင်ငံကို သိပ်ချစ်ပါ
တယ်.ကိုယ့်နိုင်ငံထဲ က.. ဗုဒ္ဓဘာသာဝင်လဲ မကူးစေချ င်ပါဘူး

ခရစ်ယာန် ဘာသာဝင်လဲ မကူးစေချင်ပါဘူး..အစ္စလာမ် ဘာသာဝင်လဲမကူးစေချင်ပါဘူး..ဟိန္ဒူ ဘာသာဝင်တွေ လဲ မကူးစေချင်ပါဘူး..ရှင်းရှင်းပြောရရင် ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံထဲက လူတစ်ဦး ချင်းဆီ မပြောနဲ့.. ပုရွက်ဆိပ်တစ်ကောင်တောင် မကူးစေချင်ပါဘူး..အဲ့လိုပဲ ကူးစက်အောင် လုပ်တဲ့ မည်သည့်ဘာသာ မည်သည့်လူမျိုး ကိုမဆို..လဲ တရားစီရင်ရေး ဒေါက်တိုင်အောက်ကမျှတစွာ အပြစ်ပေးစေချင် ပါတယ်…

အမေဒေါ်အောင်ဆန်းစုကြည်လား? ဒေါက်တိုင်တွေမခွဲခြားသူ့ကို မဲမထည့်ဘူးပြောလဲ..နိုင်ငံကို မချစ်တော့ဘူးပြောလဲ. သူ့ပြည်သူ
တွေ အတွက်..ဘာသာမတူလဲ. လူမျိုးမတူလဲ ရင်ဝယ် သားသမီး
တွေလို သူရရှိတဲ့ ဒေါက်တိုင်အောက်ကနေ..ဒီကပ်ရောဂါဆိုး

ကြီးကနေ အစွမ်းကုန် ကာကွယ်
ပေးနေဆဲ..လမ်းပြပေးနေဆဲပါ..

ဒေါက်တိုင်တွေမတူတာ..သူ့ကိုခုချိန်ထိ သမ္မတ မဖြစ်အောင်လုပ်ထားတာ တွေ မတွေးပဲ သူ့ကို အပြစ်မြင်
နေကြလဲ.. အမေလား..? သူ့ကိုအပြစ်မြင်တဲ့ ဘယ်သူ့ကို မဆိုသူ့ပြည်သူတွေမို့ ထာဝရချစ်မြဲ..သူစွမ်းသလောက်စောင့်ရှောက်နေမြဲပါပဲ… ❤️

ဒီစာလေးကို ဖတ်ပြီး အစ္စလာမ်ဘာသာဝင် သူငယ်ချင်းတွေ
စိတ်ချမ်းသာကြ ပါစေ..အမေ့ကို

မဲ ထည့်တာ မထည့်တာအရေးမကြီး သလို.တစ်ဦးချင်းဆီလွတ်လပ်ခွင့်မို့ အေးဆေးပါ..ဒါပေမဲ့တရားရုံးမတူရင် တရားသူကြီးမတူရင်. အော်. ဒီလိုပါလား.ဆိုတာ သိပြီး..ဒေါက်တိုင်တွေ မတူပါလားဆိုတာ သိပြီး..ဟာ.. မွန်ပြည်နယ် ကျိုက် မရောမှာငါတို့ဘာသာထက်တောင် သူတို့ ဘာသာကို ထောင်ပိုချပါလားဆိုတာသိပြီး..ခံပြင်းမှုလေးတွေ ပြေလျော့သွားရင်ကျေနပ်ပြီ..စာအရှည်ကြီးရေးရကျိုးနပ်ပါပြီ..

ဘာလို့ဆို အားလုံး ရဲ့ဘုံရန်သူက?..🦠..

လေးစားစွာဖြင့် ခရစ်ဒက် ……..Chit Manaw(KHL)

Add a Comment

Your email address will not be published. Required fields are marked *

fourteen + 12 =